Updated 27th Aug 2020
Sint Sint, Shweproperty
အိမ်ထဲမှာနေတာ အလုံခြုံဆုံးလို့ လူတွေက ယူဆလေ့ရှိပါတယ်။ ကားတွေ၊ စက်ရုံတွေက ထွက်ရှိတဲ့ ညှော်နံ့တွေနဲ့ မီးခိုးအဆိပ်ငွေ့တွေကို မရှူရှိုက်ရတိုင်း အိမ်တွင်းလေထုဟာ အန ္တရာယ်ကင်းပါတယ်လို့တော့ တထစ်ချသတ်မှတ်လို့ မရပါဘူး။သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး အေဂျင်စီအရ အိမ်တွင်းလေဟာ ပြင်ပလေထက် (၂)ဆ ကနေ(၅)ဆအထိ ပိုပြီး လေထုညစ်ညမ်းနေကြောင်း သိရပါတယ်။ တချို့အိမ်ထဲမှာ ရှိနေတဲ့ ပစ္စည်းတွေဟာ ကိုယ်ထင်ထားတာထက် ပိုပြီး အန္တာရာယ်ဖြစ်နိုင်ပါတယ်။ ဘယ်လိုပစ္စည်းတွေက လေထုညစ်ညမ်းစေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာမှာ ပြဿနာဖြစ်စေလဲဆိုတာ အောက်မှာ ဖော်ပြပေးထားပါတယ်။
လေထုသန့်စင်တဲ့ဆေးဘူးများ
လေထုကို သန့်ရှင်းစေပြီး အနံ့ဆိုးတွေ ဖျောက်ပေးတဲ့ ဖြန်းဆေးဘူးတွေကို လူတော်တော်များများက နှစ်သက်ကြပါတယ်။ ဒါပေမယ့် ဖြန်းဆေးဘူးတွေထဲမှာ ပါတဲ့ ပါဝင်ပစ္စည်းတွေက တကယ့်ကို အန ္တရာယ်များလွန်းပါတယ်။ မွှေးပျံတဲ့ရနံ့တွေထွက်အောင် ပြုလုပ်ထားတဲ့ ဓာတုပါဝင်ပစ္စည်းတွေဟာ ခေါင်းတခြမ်းကိုက်ရောဂါတွေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကိုပါ ဖြစ်ပွားစေပါတယ်။ ဒါကြောင့် ဖြန်းဆေးဘူးတွေကို အလွန်အကျွံ အသုံးမပြု သင့်ပါဘူး။
ဂက်စ်မီးဖို
ဂက်စ်မီးဖိုတွေက ထွက်တဲ့ အငွေ့တွေဟာ အဆုတ်ကို ထိခိုက်စေပါတယ်။ ဂက်စ်ဖွင့်လိုက်တဲ့အခါ မီးတောက်နဲ့အတူ နိုက်ထရိုဂျင်အောက်ဆိုက်ဒ်တွေပါ လေထဲကို ထွက်လာပါတယ်။ ဒီဓာတ်ငွေ့တွေဟာ ကျန်းမာရေးကို အန ္တရာယ်ပေးနိုင်တဲ့ ဓာတ်ငွေ့တွေပါ။ ဒါကြောင့် စိတ်ချလက်ချဟင်းချက်နိုင်အောင် မီးဖိုရဲ့ အိပ်ဇောပေါက်ကို အိမ်ပြင်ထုတ်ထားတာ အကောင်းဆုံးပါ။
ဆေးသုတ်သံဘူးများ
အိမ်ဆေးသုတ်တာက လူတော်တော်များများ လုပ်ကြတဲ့အရာပါ။ ဒါပေမယ့် ဆေးဘူးတွေကို ဆေးသုတ်ပြီးလို့ အဖုံးပိတ်ထားရင်တောင် အန ္တရာယ်ရှိတယ်ဆိုတာ သိပါရဲ့လား။ သုတ်ဆေးဘူးတွေကနေ VOC လို့ခေါ်တဲ့ ဂက်စ်တစ်မျိုးထွက်ပါတယ်။ သုတ်ဆေးဘူးတွေကို အိမ်ထဲမှာ အဖုံးပိတ်ပြီး ဒီတိုင်းသိမ်းထားရင်တောင် ဂက်စ်တွေဟာ ယိုစိမ့်ပြီး အပြင်ထွက်တာကြောင့် အပြင်ကလေထုရဲ့ အရည်အသွေးကို အများကြီးထိခိုက်စေပါတယ်။ ဒါကြောင့် အိမ်သုတ်ဆေးဝယ်ရင် low-VOC ဒါမှမဟုတ် zero VOC ရေးထားတဲ့ ဆေးတွေကိုသာ ရွေးချယ်ဝယ်သင့်ပါတယ်။
လေစစ်ဇကာဟောင်းများ
အိမ်ထဲမှာ လေသန့်စက် air purifier ထားရှိတာ ကောင်းပါတယ်။ ဒါပေမယ့် လေသန့်စက်ထဲက လေစစ်ထုတ်ပေးတဲ့ ဇကာကိုတော့ မကြာခဏ စစ်ဆေးပြီး လိုအပ်ရင် လဲလှယ်ပေးသင့်ပါတယ်။ မလဲပေးပဲ ဒီအတိုင်းထားရင် ဇကာထဲမှာ ဖုန်မှုန့်တွေနဲ့ အမှိုက်မှုန်တွေစုပြီး လေထုထဲကို အဆိပ်တွေ အပြန်ပြန်အလှန်လှန်စစ်ထုတ်ပေးနေသလို ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် air purifier တွေဝယ်တဲ့အခါ အစားထိုးလဲလှယ်နိုင်တဲ့ လေစစ်ဇကာတွေပါတဲ့ ကိရိယာတွေကိုသာ ရွေးချယ်ဝယ်ယူသင့်ပါတယ်။
Ref : Shwemom
Photo Credit : Mqdesignbuilder
Posted By : Sint Sint (ShweProperty.com)
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ
ဖုန်းခေါ်ဆိုခြင်းအတွက် ကျေးဇူးတင်ပါတယ်။
ယခုရုံးချိန်ပြင်ပ/ ရုံးပိတ်ရက်များဖြစ်နေပါသဖြင့် လူကြီးမင်း၏ နာမည်နှင့် ဖုန်းနံပါတ်တို့ကို သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များထံသို့
ပေးပို့ထားနိုင်ပါသည်။
သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များမှ လူကြီးမင်းတို့ထံ ပြန်လည်ဆက်သွယ်ပါမည်။