Updated 30th May 2020
Ra Wai, Shweproperty
တရုတ်ဖုန်းရွှေပညာအရ ရေခဲသေတ္တာပေါ်မှာ တင်မထားသင့်တဲ့ ပစ္စည်းတွေ အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီလိုပစ္စည်းတွေတင်ထားမိမယ်ဆိုရင် အခန့်မသင့်ရင် စီးပွားရေးချွတ်ခြုံကျပြီး ဘာလုပ်လုပ်အဆင်မပြေဖြစ်တတ်ပါတယ်တဲ့။
၁။ လျှပ်စစ်ပစ္စည်းများ။
ရေခဲသေတ္တာဆိုတာ အကြီးစားလျှပ်စစ်ပစ္စည်းတစ်မျိုးဖြစ်တဲ့အတွက် သူ့အနားမှာ သံလိုက်စီးကြောင်းတွေဖြစ်ပေါ်နေမှာ အမှန်ပါပဲ။ ပြီးတော့လျှပ်စစ်ပစ္စည်းဆိုတာလည်း သံလိုက်စီးကြောင်းတွေ ထွက်ပေါ်နေပါတယ်။
အဲဒီသံလိုက်စီးကြောင်း နှစ်ခုပေါင်းစုံ လိုက်ခြင်းဟာ အိမ်သားတွေအတွက် ကျန်းမာရေးကို အညံ့ဘက်သို့ရောက်စေပါတယ်။ အထူးသဖြင့် မိုက်ခရိုဝေ့ဖ်မီးဖိုကို ရေခဲသေတ္တာပေါ်မထားသင့်ပါဘူး။သူ့ဆီက တန်ပြန်ရောင်ခြည်များထုတ်လွှတ်နေလို့ဖြစ်ပါတယ်။
၂။ ပစ္စည်းများစုပုံတင်ထားခြင်း။
အိမ်တွင်းမှာနေရာကျဉ်းတဲ့အတွက် ပစ္စည်းအတော်များများကို ရေခဲသေတ္တာပေါ်တင်ထားကြတာကို မြင်ဖူးကြသလို ကိုယ်တိုင်လည်းလုပ်ဖူးလိမ့်မယ်လို့ ထင်ပါတယ်။ ရေခဲသေတ္တာက ဖုန်းရွှေပညာအရငွေကို ကိုယ်စားပြုပါတယ်။
ရေခဲသေတ္တာပေါ် ပစ္စည်းတွေစုပုံတင်ထားခြင်းဟာ ကိုယ့်ဘဏ္ဍာတိုက်ကို ပိတ်ဆို့ထားသလို ဖြစ်တဲ့အပြင် သူတစ်ပါးမကောင်းကြံတာကိုပါကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ရေခဲသေတ္တာပေါ် ပစ္စည်းတွေစုပုံတင်ထားရင် ဖယ်ရှားလိုက်ပါလို့အကြံပေးချင်ပါတယ်။
သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သစ်သီးဖျော်ရည် ဖျော်စပ်နည်းများ
၃။ ရေခဲသေတ္တာနံဘေးတွင် မီးဖိုရှိခြင်း။
ဖုန်းရွှေပညာအရ ရေခဲသေတ္တာမှာရေဓာတ်ဖြစ်ပြီး မီးဖိုကမီးဓာတ်ဖြစ်ပါတယ်။ ဒါကြောင့် မီးနဲ့ရေ ဆန့်ကျင်ဘက်ဓာတ်များအချင်းချင်းတိုက်ခိုက်ကြသဖြင့် အိမ်တွင်းရှိမိသားစုများ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်တတ်ပါတယ်။ ဒါကြောင့် မီးဖို သို့မဟုတ် ရေခဲသေတ္တာကို နေရာရွှေ့ထားလိုက်ပါ။
ကဲ...အိမ်ကရေခဲသေတ္တာပေါ်မှာဘာတွေတင်ထားမိသလဲ အမြန်ပြေးကြည့်လိုက်ပြီး အထက်မှာဖော်ပြထားတာတွေ တင်ထားမိတယ်ဆိုရင်တော့ အမြန်နေရာရွှေ့ထားလိုက်ကြပါဦး။
Ref & Photo Credit
Posted By: Ra Wai (ShweProperty.com)
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ
ဖုန်းခေါ်ဆိုခြင်းအတွက် ကျေးဇူးတင်ပါတယ်။
ယခုရုံးချိန်ပြင်ပ/ ရုံးပိတ်ရက်များဖြစ်နေပါသဖြင့် လူကြီးမင်း၏ နာမည်နှင့် ဖုန်းနံပါတ်တို့ကို သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များထံသို့
ပေးပို့ထားနိုင်ပါသည်။
သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များမှ လူကြီးမင်းတို့ထံ ပြန်လည်ဆက်သွယ်ပါမည်။