Updated 26th Sep 2020
Sint Sint, Shweproperty
ကိုဗစ်ရောဂါပြန့်ပွားနေတဲ့ ဒီလိုချိန်မှာနေ့စဉ်စျေးဝယ်ဖို့ခက်ခဲတဲ့ အိမ်ရှင်မတို့အတွက် နိုင်ကနည်းလမ်းကောင်းလေးတွေ မျှဝေပေးမယ်နော်။
ချစ်တို့ရေ ဒီနေ့တော့ အသီးရွက်တွေကို အထားခံအောင်လုပ်နည်းလေးတွေ ပြောပြပေးသွားမယ်နော် ။
အချို့သောအသီးရွက် တွေကတော့ အရမ်းနုတဲ့အတွက် နိုင်ကတော့စျေးတစ်ပါတ်စာဝယ်ရင် အထားမခံတဲ့အရွက် တွေကို ပထမ၃ရက်မှာချက်ပီး အထားခံတာလေးတွေကို နောက်ရက်တွေထဲမှာချက်ပါတယ်။
ဒီနေ့ ပြောင်းဖူး ၊ ပန်းဂေါ်ဖီစိမ်းနဲ့ ချဉ်ပေါင်ရွက် သိမ်းနည်းလေးပြောပြပေးပါ့မယ်။ပန်းဂေါ်ဖီစိမ်းတွေဝယ် လာပီး ၃/၄ ရက်အပြင် ပိုမခံလို့စိတ်ညစ်နေပီလား ။ ဆားလေးနဲ့ဆေးပီး အနေတော်အတုံးလေးတွေဖြတ် ၊ ရေနွေးဆူဆူထဲ ၃မိနစ်လောက်ပြုတ်ပီးရေခဲရေထဲချက်ချင်း ပြန်စိမ်လိုက်ပါနော် ။ ဒါမှအရောင်မပြောင်းတဲ့ ပန်းစိမ်းလေးရမှာပါ။ ပီးရင်တော့ ရေစစ်ပြီးရေခဲသေတ္တာအခဲခန်းထဲသိမ်းနိုင်ပါပီ။
ပြောင်းဖူးကတော့ အပေါ်ကအခွံတွေမခွာပဲပြုတ်တာကို နိုင်ကပိုကြိုက်ပါတယ်။ ပြုတ်ပီးမှအခွံနွှာ ပီးရေခဲရေထဲစိမ်ပေးပါနော် ။အေးသွားပီဆိုရင် ဓါးလေးနဲ့ လှီး ချပီး ပြောင်းဖူးစေ့လေးတွေအိပ်ထဲ၊ဘူးထဲထည့်သိမ်းနိုင်ပါပီ။ ကြော်ပဲစားစား ရေနွေးလေးဖျောပြီး သုပ်ပဲစားစား အဆင်သင့်ပဲပေါ့။
နိုင်ကတော့ မနက်ပိုင်းထမင်းကြော်ဖို့ဆိုရင် ပြောင်းဖူးစေ့လေးရယ်ဥနီသေးသေးလှီးထားတာရယ် ပဲစိမ်းလေးရယ် ရောပီး တစ်အိပ်သီးသန့်သိမ်းပါတယ်။
ကဲ ချဉ်ပေါင်ရွက်ကိုတော့ ဝယ်ပီးအအေးခန်းထဲထားရင်ရိကုန်လို့စိတ်ညစ်ရမှာပါ။ ဒီတော့ ချဉ်ပေါင်ရွက်လေးကိုချွေ ရေစင်အောင်ဆေး ။ ဆီသတ်ပြီး ချဉ်ပေါင်ရွက်လေးကိုလှိမ့်လိုက် ။ရေကုန်ပီး ခြောက်ခြောက်လေးဖြစ်လာပီဆိုရင် အိုးချပီး အအေးခံထားရပါမယ် ။
အေးပြီဆိုမှသိမ်းမယ့် ဘူး ထဲထည့်ပီး ခဲထားနိုင်ပါပီ။ စားချင်တဲ့ချိန်မှ ချဉ်ဟင်းပဲချက်ချက် မျှစ်လေးပုဇွန်လေးနဲ့ကြော်ကြော် မချက်ခင်တစ်နာရီလောက်အပြင်ထုတ်ထားရုံပါပဲ။ဝမ်းသာစရာကောင်းတာက frozen လုပ်ထားတဲ့ ဒီအသီးရွက်ဟာ၆လ အထိအထားခံတာပါပဲ ။ (မီးတော့မှန်ဖို့လိုတာပေါ့)
သိပြီးသားချစ်မမတွေလည်းရှိပေမယ့်မသိသေးတဲ့ အိမ်ရှင်မလက်သစ်လေးတွေ ၊ကိုဗစ်နဲ့မှ ပျင်းပျင်းနဲ့မီးဖိုချောင်ထဲရောက်လာသူတွေအတွက် အသုံးတည့်မယ်လို့ထင်ပါတယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
ရေခဲသေတ္တာထဲကို လုံးဝမထည့်ထားသင့်သည့် ပစ္စည်း (၁၀) မျိုး
အစားအသောက်တင်မကပဲ ရေခဲသေတ္တာထဲ ထည့်သိမ်းထားနိုင်တဲ့ အိမ်သုံးပစ္စည်းများ
အိမ်တိုင်း၊ဆိုင်တိုင်း အသုံးပြုနေတဲ့ရေခဲသေတ္တာထဲ သိမ်းမထားသင့်တဲ့ အစားအစာခုနစ်မျိုး
ရေခဲသေတ္တာနံဘေးနဲ့ ရေခဲသေတ္တာပေါ်မှာ ဘယ်လိုပစ္စည်းတွေ မထားသင့်ဘူးလဲ
Credit : Ni Ni Naing
Photo Credit : Nytimes
Posted By : Sint Sint (ShweProperty.com)
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ
ဖုန်းခေါ်ဆိုခြင်းအတွက် ကျေးဇူးတင်ပါတယ်။
ယခုရုံးချိန်ပြင်ပ/ ရုံးပိတ်ရက်များဖြစ်နေပါသဖြင့် လူကြီးမင်း၏ နာမည်နှင့် ဖုန်းနံပါတ်တို့ကို သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များထံသို့
ပေးပို့ထားနိုင်ပါသည်။
သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များမှ လူကြီးမင်းတို့ထံ ပြန်လည်ဆက်သွယ်ပါမည်။