Updated 5th Jun 2020
Sint Sint, Shweproperty
အပြင်စာတွေစားတာ၊ ဆေးလိပ်၊အရက်သောက်တာ စတဲ့ ကျန်းမာရေးအတွက်မကောင်းဘူးဆိုတဲ့အရာတွေထက် သင့်ကျန်းမာရေးကိုပိုထိခိုက်စေတဲ့အရာတွေ သင့်အိမ်ထဲမှာတင်ရှိနေတယ်ဆိုတာ သိပါသလား။ သင့်အိမ်ထဲမှာရှိနေတဲ့ ဒီအရာတွေက သင့်ကျန်းမာရေးကိုထင်မထားလောက်အောင်ထိခိုက်စေနိုင်လို့ ဒါတွေကို သတိထားရှင်းလင်းဖို့လိုပါတယ်။
(၁) ကြမ်းပြင်၊ရေချိုးခန့်သန့်စင်ဆေးရည်များ၊ချွတ်ဆေးများ
ကြမ်းပြင်သန့်စင်ဆေးရည်၊ ရေချိုးခန်း၊အိမ်သာသန့်စင်ဆေးရည်တွေနဲ့ ချွတ်ဆေးတွေရဲ့ အနံ့တွေက နာတာရှည်ခေါင်းကိုက်ရောဂါကိုဖြစ်စေနိုင်ပြီး ကလေးတွေနဲ့ထိတွေ့တဲ့အခါမှာလည်း အန္တရာယ်များပါတယ်။ ဒါကြောင့် အဲ့ဒီအရာတွေကို အသုံးပြုတဲ့အခါ mask တပ်ထားတာ၊ လေဝင်လေထွက်ကောင်းအောင်အိမ်တံခါးတွေဖွင့်ထားတာမျိုး၊ ကလေးတွေလက်လှမ်းမမီတဲ့အမြင့်နေရာမှာထားတာမျိုးတွေကို သတိထားလုပ်ပေးဖို့လိုပါတယ်။
(၂) စိုထိုင်းမှု
အိမ်အတွင်းမှာစိုထိုင်းနေတာက သာမန်မျက်စိနဲ့မမြင်ရတဲ့မှိုတွေကိုပေါက်ဖွားစေပြီး အဲ့ဒီကတဆင့် ကျန်းမာရေးပြဿနာတွေအများကြီးဖြစ်စေနိုင်ပါတယ်။ စိုထိုင်းတဲ့နေရာတွေမှာဖြစ်လာတဲ့မှိုတွေက ၂၄ နာရီအတွင်းမှာ မယုံနိုင်လောက်အောင်ပြန့်ပွားလာပြီး အိမ်ထဲမှာပျံ့နှံ့ပြီး ပန်းနာရင်ကျပ်ရောဂါ၊ ဓာတ်မတည့်ခြင်းနဲ့ တခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိမ်တွင်းမှာ တတ်နိုင်သလောက်ခြောက်သွေ့နေအောင်ထားဖို့၊ အထူးသဖြင့် မီးဖိုချောင်၊ ရေချိုးခန်း၊အိမ်သာတွေကို အမြဲတမ်းစိုစိုစွတ်စွတ်ဖြစ်မနေအောင်ထားဖို့လိုပါတယ်။
(၃) ဆေးဝါးများ
အိမ်တိုင်းမှာ အရေးပေါ်သုံးဖို့ဆေးဝါးတွေဝယ်ဆောင်ထားတတ်ကြပါတယ်။ ဒီလိုပြောလို့ ဆေးဝါးတွေက အန္တရာယ်ရှိနေလို့မသုံးရဘူးလို့ ပြောတာမဟုတ်ပါဘူး။ အဲ့ဒီဆေးဝါးတေရဲ့ ရက်လွန်နေ့စွဲတွေကို မစစ်ဆေးဘဲ အချိန်ကြာတဲ့အထိသုံးနေကြတာက အန္တရာယ်ရှိတာပါ။ ဆေးဝါးတွေကို မကြာခဏစစ်ဆေးပြီး ပစ်သင့်တာပစ်ပြီး သုံးသင့်တာကိုပဲသုံးဖို့ အထူးသတိထားဖို့လိုပါတယ်။
(၄) မီးဖို၊ရေပူ၊ရေအေးစက်၊အဝတ်အခြောက်ခံစက်များ
အိမ်ထဲကအသုံးအဆောင်တွေထဲမှာ မီးဖို၊ရေပူ၊ရေအေးစက်၊ အဝတ်အခြောက်ခံစက်တွေကနေ ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့တွေထုတ်လွှတ်ပါတယ်။ ဒါကြောင့် ဒါတွေကိုအသုံးပြုပြီး အိမ်ကိုလုံနေအောင်ပိတ်ထားမယ်ဆိုရင် အိမ်ထဲမှာ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့တွေစုဝေးလာပြီး ခေါင်းမူးခြင်း၊ လေးလံထိုင်းမှိုင်းနေခြင်း၊ အမြဲလိုလိုမလန်းဆန်းခြင်းနဲ့ သေဆုံးသည်အထိဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒါတွေကိုအသုံးပြုနေတဲ့အခါ၊ အသုံးပြုပြီးတဲ့အခါတွေမှာ အိမ်ထဲကိုလေဝင်လေထွက်ကောင်းအောင်လုပ်ပေးပါ။
(၅) ပင့်ကူမျှင်နဲ့ဖုန်များ
အိမ်ထဲမှာ ပင့်ကူမျှင်နဲ့ဖုန်တွေများနေတဲ့အခါ သေသေချာချာရှင်းလင်းပေးဖို့လိုပါတယ်။ ဒါတွေရှိလို့ဘာမှမဖြစ်ဘူးလို့မထင်လိုက်ပါနဲ့။ ပင့်ကူမျှင်တွေနဲ့ဖုန်တွေများလာတဲ့အခါ အသက်ရှူလမ်းကြောင်းထဲလွယ်လွယ်ဝင်ရောက်နိုင်ပြီး ပန်းနာရင်ကျပ်ရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဓာတ်မတည့်ခြင်းနဲ့ အရေပြားရောဂါတွေအထိဖြစ်စေနိုင်ပါတယ်။
Ref & Photo Credit By: Auntymay
Posted By : Sint Sint (ShweProperty.com)
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
For Sale
For Rent
New Homes
other properties
Thank you for contacting ShweProperty.com,
Sorry, our office is unavailable at this time.
Please send us your contact details below, and our Sales team will contact you as soon as possible.