Updated 23rd Nov 2020
Sint Sint, Shweproperty
Unicode
ကြမ်းပိုးဒုက္ခပေးလို့အိပ်ရေးပျက်သူပေါင်း အများကြီးရှိမယ်ထင်ပါတယ်။ကြမ်းပိုးပြဿနာဟာသေးသလိုလိုနဲ့တစ်ကယ်ကြီးတဲ့ဒုက္ခတစ်မျိုးဖြစ်ပါတယ်။ကြမ်းပိုးကိုအင်္ဂလိပ်လိုRedBugsလို့ခေါ်ပြီးလေ့လာသူများရဲ့အဆိုအရကြမ်းပိုးစတင်ပေါ်ပေါက်ခဲ့တာအမေရိကမှာဖြစ်ပါတယ်။
ကြမ်းပိုးဟာတော်ရုံနဲ့မသေအသက်ပြင်းတဲ့သတ္တဝါစာရင်းထဲမှာပါဝင်ပါတယ်လူတွေရဲအသွေးကိုမစုပ်ပဲနဲ့တောင်၃လတိတိ အသက်ရှိနေနိုင်ပြီးအပူချိန်၊အအေးဒီဂရီအမြင့်ကြီးထဲမှာလည်းအသက်ရှင်နေနိုင်ကြပါတယ်။ရေထဲတောင်အချိန်ကြာမြင့်စွာနေနိုင်တယ်လို့ဆိုပါတယ်။
ကြမ်းပိုးသတ်ဆေးမျိုးစုံတို့ကိုလည်းအမေရိကမှစတင်တီထွင်ခဲ့ကြပေမယ့် အခုထိဘယ်တံဆိပ်ကအကောင်းဆုံးဆိုတာညွန်းရခက်နေတုန်းပါပဲ။DDTဆိုတဲ့ ဖြန်းဆေးကလည်းလူတွေအတွက်အန္တရာယ်ရှိစေလို့ပိတ်ထားလိုက်ပါတယ်။ဒါ့ကြောင့် ဂျပိုးအတွက်ဆေးနည်းပေါင်းစုံတို့ကိုစုစည်းပြီးတင်ပေးလိုက်ပါတယ်တစ်နည်းမပျောက်ရင်တစ်နည်းနဲ့စမ်းသပ်နိုင်ကြပါတယ်။
(၁) ဆပ်ပြာမှုန့်၊ဆပ်ပြာကရင်မ်တစ်မျိုးမျိုးကိုရေနဲ့ဖျော်ပြီးဂျပိုးရှိတဲ့နေရာများကိုဖြန်းပေးပါ။
(၂) ဒူးရင်းသီးရဲ့ထူးခြားပြီးပြင်းထန်တဲ့အနံ့ကိုကြမ်းပိုး တွေကြောက်ကြ ပါတယ်တဲ့။ဒူးရင်းသီး အခွံကိုအိပ်ယာဘေး၊အိပ်ယာအောက်မှာထားပါအိပ်ခါနီးအနံ့မခံနိုင်ရင်ဘေးဖယ်ထားပါ။
(၃ ) ဆေးနည်းတစ်မျိုးကတော့မြင်းသားအဆီကိုဆီမီးခွက်ထဲထည့်ပြီးမီးထွန်းထားရင်၎င်းအနံ့ကိုဂျပိုးများကြောက်ပြီးပြေးကြပါတယ်။
(၄) ပရုပ်လုံးများကခေါင်းအုံး၊စောင်၊ခြင်ထောင်၊အိပ်ယာဘေးတို့မှာထည့်ထားပါ။ပရုပ်လုံးအနံ့ကိုဂျပိုးများကြောက်ပါတယ်။
(၅) ကြောင်မန်းရွက်ကိုအိပ်ယာအောက်ထည့်ထားပါ။၎င်းအနံ့ကြောင့်ကြမ်းပိုးများမလာတော့ပါ။
(၆) ဖယောင်းကော်ဇောခင်းအိပ်ပါ။ဖယောင်းကော်ဇောကိုဂျပိုးများမနှစ်သက်ပါ။(၇)အသင့်ပြုလုပ်ထားတဲ့ဖြန်းဆေးများလည်း တံဆိပ်မျိုးစုံရှိနေပါတယ်Red Bugs Killer (ဂျပိုးဖြန်းဆေး)လို့ပြောပြီးဝယ်ယူနိုင်ကြပါတယ်။
ကြမ်းပိုးမရှိအောင်အိပ်ယာခင်း၊ခေါင်းအုံးစွပ်များကိုမကြာခဏလျှော်ပါ။နေပူလှန်းပါ။သန့်ရှင်းအောင်နေပါ။သတိထားရမှာကတော့ဖြန်းဆေးတွေသုံးရင် ကလေးတွေကိုသတိထားရမယ်။ကြမ်းပိုးဖြန်းဆေးများဟာခြင်ဆေးထက်အဆပေါင်းများစွာပြင်းထန်တဲ့အတွက် အန္တရာယ်ပိုကြီးပါတယ်။
ဆေးဖြန်းပြီးရင်လက်ကိုစင်ကြယ်အောင်ပြန်ဆေးပေးရပါမယ်အားလုံးပဲကြမ်းပိုးအန္တရာယ်မှကင်းဝေးကြပြီးအိပ်ရေး၀၀အိပ်နိုင်ကြပါစေနောက်တစ်နည်းသင့်အိမ်မှာဂျပိုးတွေရှိနေလို့စိတ်ညစ်နေသူများအတွက်ဂျပိုးတွေပြေးစေမည့်သဘာဝနည်းလမ်းလေးပါ။
ပါဝင်ပစ္စည်း ပူစီနံရွက် - ပူစီနံရွက်ကိုပွတ်ချေပြီးဂျပိုးရှိနိုင်သောနေရာများတွင်ချထားပေးပါ။ပူစီနံနံရွက်ကိုအရည်ကြိတ်ပြီးဂျပိုးရှိနိုင်သောနေရာများတွင်ပက်ဖြန်းပေးပါ။ကြိုတင်ကာကွယ်ပါကအကောင်းဆုံးဖြစ်ပါတယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
အိမ်အတွင်းမှ လေများကို သန့်ရှင်းပေးနိုင်တဲ့ INDOOR PLANT များ
သင့်ကျန်းမာရေးကောင်းအောင် အိမ်မှာ ဒီပန်းပင်တွေစိုက်ပါ
အိမ်မှာ မစိုက်သင့်သည့် ဂမုန်း ၃မျိုး
Zawgyi
ၾကမ္းပိုးဒုကၡေပးလို႔အိပ္ေရးပ်က္သူေပါင္း အမ်ားႀကီးရွိမယ္ထင္ပါတယ္။ၾကမ္းပိုးျပႆနာဟာေသးသလိုလိုနဲ႔တစ္ကယ္ႀကီးတဲ့ဒုကၡတစ္မ်ိဳးျဖစ္ပါတယ္။ၾကမ္းပိုးကိုအဂၤလိပ္လိုRedBugsလို႔ေခၚၿပီးေလ့လာသူမ်ားရဲ႕အဆိုအရၾကမ္းပိုးစတင္ေပၚေပါက္ခဲ့တာအေမရိကမွာျဖစ္ပါတယ္။
ၾကမ္းပိုးဟာေတာ္႐ုံနဲ႔မေသအသက္ျပင္းတဲ့သတၱဝါစာရင္းထဲမွာပါဝင္ပါတယ္လူေတြရဲအေသြးကိုမစုပ္ပဲနဲ႔ေတာင္၃လတိတိ အသက္ရွိေနႏိုင္ၿပီးအပူခ်ိန္၊အေအးဒီဂရီအျမင့္ႀကီးထဲမွာလည္းအသက္ရွင္ေနႏိုင္ၾကပါတယ္။ေရထဲေတာင္အခ်ိန္ၾကာျမင့္စြာေနႏိုင္တယ္လို႔ဆိုပါတယ္။
ၾကမ္းပိုးသတ္ေဆးမ်ိဳးစုံတို႔ကိုလည္းအေမရိကမွစတင္တီထြင္ခဲ့ၾကေပမယ့္ အခုထိဘယ္တံဆိပ္ကအေကာင္းဆုံးဆိုတာၫြန္းရခက္ေနတုန္းပါပဲ။DDTဆိုတဲ့ ျဖန္းေဆးကလည္းလူေတြအတြက္အႏၲရာယ္ရွိေစလို႔ပိတ္ထားလိုက္ပါတယ္။ဒါ့ေၾကာင့္ ဂ်ပိုးအတြက္ေဆးနည္းေပါင္းစုံတို႔ကိုစုစည္းၿပီးတင္ေပးလိုက္ပါတယ္တစ္နည္းမေပ်ာက္ရင္တစ္နည္းနဲ႔စမ္းသပ္ႏိုင္ၾကပါတယ္။
(၁) ဆပ္ျပာမႈန႔္၊ဆပ္ျပာကရင္မ္တစ္မ်ိဳးမ်ိဳးကိုေရနဲ႔ေဖ်ာ္ၿပီးဂ်ပိုးရွိတဲ့ေနရာမ်ားကိုျဖန္းေပးပါ။
(၂) ဒူးရင္းသီးရဲ႕ထူးျခားၿပီးျပင္းထန္တဲ့အနံ႔ကိုၾကမ္းပိုး ေတြေၾကာက္ၾက ပါတယ္တဲ့။ဒူးရင္းသီး အခြံကိုအိပ္ယာေဘး၊အိပ္ယာေအာက္မွာထားပါအိပ္ခါနီးအနံ႔မခံႏိုင္ရင္ေဘးဖယ္ထားပါ။
(၃ ) ေဆးနည္းတစ္မ်ိဳးကေတာ့ျမင္းသားအဆီကိုဆီမီးခြက္ထဲထည့္ၿပီးမီးထြန္းထားရင္၎အနံ႔ကိုဂ်ပိုးမ်ားေၾကာက္ၿပီးေျပးၾကပါတယ္။
(၄) ပ႐ုပ္လုံးမ်ားကေခါင္းအုံး၊ေစာင္၊ျခင္ေထာင္၊အိပ္ယာေဘးတို႔မွာထည့္ထားပါ။ပ႐ုပ္လုံးအနံ႔ကိုဂ်ပိုးမ်ားေၾကာက္ပါတယ္။
(၅) ေၾကာင္မန္း႐ြက္ကိုအိပ္ယာေအာက္ထည့္ထားပါ။၎အနံ႔ေၾကာင့္ၾကမ္းပိုးမ်ားမလာေတာ့ပါ။
(၆) ဖေယာင္းေကာ္ေဇာခင္းအိပ္ပါ။ဖေယာင္းေကာ္ေဇာကိုဂ်ပိုးမ်ားမႏွစ္သက္ပါ။(၇)အသင့္ျပဳလုပ္ထားတဲ့ျဖန္းေဆးမ်ားလည္း တံဆိပ္မ်ိဳးစုံရွိေနပါတယ္Red Bugs Killer (ဂ်ပိုးျဖန္းေဆး)လို႔ေျပာၿပီးဝယ္ယူႏိုင္ၾကပါတယ္။
ၾကမ္းပိုးမရွိေအာင္အိပ္ယာခင္း၊ေခါင္းအုံးစြပ္မ်ားကိုမၾကာခဏေလွ်ာ္ပါ။ေနပူလွန္းပါ။သန႔္ရွင္းေအာင္ေနပါ။သတိထားရမွာကေတာ့ျဖန္းေဆးေတြသုံးရင္ ကေလးေတြကိုသတိထားရမယ္။ၾကမ္းပိုးျဖန္းေဆးမ်ားဟာျခင္ေဆးထက္အဆေပါင္းမ်ားစြာျပင္းထန္တဲ့အတြက္ အႏၲရာယ္ပိုႀကီးပါတယ္။
ေဆးျဖန္းၿပီးရင္လက္ကိုစင္ၾကယ္ေအာင္ျပန္ေဆးေပးရပါမယ္အားလုံးပဲၾကမ္းပိုးအႏၲရာယ္မွကင္းေဝးၾကၿပီးအိပ္ေရး၀၀အိပ္ႏိုင္ၾကပါေစေနာက္တစ္နည္းသင့္အိမ္မွာဂ်ပိုးေတြရွိေနလို႔စိတ္ညစ္ေနသူမ်ားအတြက္ဂ်ပိုးေတြေျပးေစမည့္သဘာဝနည္းလမ္းေလးပါ။
ပါဝင္ပစၥည္း ပူစီနံ႐ြက္ - ပူစီနံ႐ြက္ကိုပြတ္ေခ်ၿပီးဂ်ပိုးရွိႏိုင္ေသာေနရာမ်ားတြင္ခ်ထားေပးပါ။ပူစီနံနံ႐ြက္ကိုအရည္ႀကိတ္ၿပီးဂ်ပိုးရွိႏိုင္ေသာေနရာမ်ားတြင္ပက္ျဖန္းေပးပါ။ႀကိဳတင္ကာကြယ္ပါကအေကာင္းဆုံးျဖစ္ပါတယ္။
ေလ့လာမွတ္သားစရာ အိမ္ၿခံေျမေဆာင္းပါးမ်ား
အိမ္အတြင္းမွ ေလမ်ားကို သန႔္ရွင္းေပးႏိုင္တဲ့ INDOOR PLANT မ်ား
သင့္က်န္းမာေရးေကာင္းေအာင္ အိမ္မွာ ဒီပန္းပင္ေတြစိုက္ပါ
အိမ္မွာ မစိုက္သင့္သည့္ ဂမုန္း ၃မ်ိဳး
Credit : Eainshinma
Posted By : Sint Sint (ShweProperty.com)
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
For Sale
For Rent
New Homes
other properties
Thank you for contacting ShweProperty.com,
Sorry, our office is unavailable at this time.
Please send us your contact details below, and our Sales team will contact you as soon as possible.