Wut Yee Htun (ShweProperty.com) | 12 December 2018
Unicode
ထူးဆန်းတဲ့ နေရာတွေ၊ ထူးထူးခြားခြားဖြစ်လာတဲ့ အဆောက်အအုံတွေ၊ မြန်ဆန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ သမိုင်းဝင်ဖြစ်ရပ်တွေ စုစည်းနေတဲ့ ရန်ကုန်မြို့တော်ကြီးရဲ့ အိမ်ရာတွေအကြောင်း နည်းနည်းလေးတွေးကြည့်ရ အောင်
နေ့စဉ် အလုပ်ကိစ္စ၊ လူမှုရေးကိစ္စတွေနဲ့ သွားသွားလာလာ လမ်းပေါ်မှာ လှုပ်ရှားနေရတဲ့သူတွေများပြားတဲ့ ရန်ကုန်မြို့မှာ ကိုယ်စီကိုယ်စီနားခိုရာအိမ်ကလေးတွေရှိကြပါတယ်။ ရန်ကုန်မြို့ခံတွေနဲ့ နယ်- ကျေးရွာတွေ ဘက်ကနေ ရန်ကုန်မြို့ကို အပြီးအပိုင်ပြောင်းရွှေ့လာတဲ့သူတွေအတွက်ကတော့ အိမ်ပိုင်တစ်လုံးရှိကြတာ များပေမယ့် တစ်နယ်ရပ်ခြားကနေ အလုပ်လုပ်ဖို့ လာရောက်လုပ်ကိုင်နေတဲ့ လူငယ်တွေနဲ့ စီးပွားရေး အဆင်မပြေကြတဲ့သူတွေကတော့ အိမ်ငှားနေထိုင်ရတာ များပါတယ်။
ကိုယ်ပိုင်အိမ်တစ်လုံးရှိဖို့ဆိုတာ ငွေကြေးပြည့်ဝမှရမယ်ဆိုတဲ့ အတွေးတွေနဲ့ အိမ်ဝယ်ဖို့ထက် (၆)လတစ်ခါ၊ (၁)နှစ်တစ်ခါ အိမ်ငှားပြောင်းရွှေ့ရတဲ့ဒုက္ခတွေကို သည်းခံရင်း ကိုယ်နားခိုဖို့အိမ်ကို ရှာဖွေနေရတာပါ။ ခုနောက်ပိုင်းမှာတော့ ခန့်မှန်းခြေအနေနဲ့ ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ (၂)နှစ်ခန့်လောက်ကနေစပြီး ဆောက်လုပ်ရေးကုမ္ပဏီတွေရဲ့ (၂)နှစ်၊ (၃)နှစ်ထိ အရစ်ကျနဲ့ဝယ်ယူခွင့်တွေ ပေါ်ထွက်လာသလို ဘဏ်တွေရဲ့ အိမ်ရာချေးငွေအစီအစဉ်တွေကိုလည်း မိတ်ဆက်ခဲ့ပါတယ်။
မြန်မာပြည်ရဲ့ အိမ်ရာချေးငွေထုတ်ချေးပေးနေတဲ့ ဘဏ်တွေကတော့ KBZ Bank, CB Bank, AYA Bank, Yoma Bank တို့ဖြစ်ပြီး Yoma Bank နဲ့ KBZ Bank ကတော့ (၃)နှစ်ကနေ (၂၅)နှစ်ထိ နှစ်ရှည်အရစ်ကျနဲ့ ဝယ်ယူခွင့်ပေးထားပါတယ်။ AYA Bank ကတော့ အများဆုံး(၁၅)နှစ်ထိ အရစ်ကျဝယ်ယူနိုင်ပြီး CB Bank ကတော့ (၁၀)နှစ်ထိ အိမ်ရာချေးငွေ နှစ်ရှည်အရစ်ကျအစီအစဉ်နဲ့ ဝယ်ယူခွင့်ပေးထားပါတယ်။
Bank Home Loan ဆိုတဲ့ ဘဏ်ချေးငွေနဲ့ နှစ်ရှည်အရစ်ကျဝယ်ယူခွင့်တွေကို ပုဂ္ဂလိက ဘဏ်တွေက မိတ်ဆက်ခဲ့တာကြောင့် အိမ်ဝယ်ဖို့ ငွေကြေးအပြည့်အဝ တစ်လုံးတည်းမတတ်နိုင်တဲ့ ဝယ်သူတွေအတွက် ဘဏ်နဲ့ချိတ်ပြီး ကိုယ်ပိုင်အိမ်တစ်လုံးပေါ်မှာ နေထိုင်ခွင့်ပေးလိုက်တဲ့ သဘောပါပဲ။
အိမ်ငှားတဲ့ခေါင်းခဲမှုကနေ လွတ်ရုံးနိုင်တဲ့ ဘဏ်ချေးငွေတွေရဲ့ အစီအစဉ်တွေနဲ့ အိမ်ဝယ်ယူမှု သိသိသာသာ မြင့်တက်လာပါတယ်။ အိမ်ရာအရောင်းပြပွဲကြီးတွေကနေတစ်ဆင့် အိမ်ဝယ်ယူမှုနှုန်းမြင့်တက်လာသလို ဘဏ်နဲ့ချိတ်ဆက်ပြီး Home Loan နဲ့ အိမ်ဝယ်ယူမှုဟာလည်း တစ်ပွဲထက်တစ်ပွဲ သိသိသာသာ တိုးတက်လာပါ တယ်။
ဘဏ်ချေးငွေနဲ့ အိမ်ဘယ်လို ဝယ်ယူရမလဲ?
· ကိုယ်ကြိုက်တဲ့အိမ်ကို အရင်ဦးဆုံးရွေးချယ်၊ ပြီးရင် ကိုယ်လျှောက်မယ့်ဘဏ်ဆီကိုသွားရောက်ပြီး အိမ်ရာချေးငွေရမရ ၊ သွားရောက်စိစစ်ရပါတယ်။ ဒါမှမဟုတ် ဘဏ်မှသတ်မှတ်ထားတဲ့ အချက်အလက် စာရွက်စာတမ်းတွေယူဆောင်ပြီး ချေးငွေရနိုင်တဲ့ပမာဏကိုစိစစ်ပြီးမှ အိမ်ရာကို ရွေးချယ်နိုင်ပါတယ်။
· ပြပွဲတွေမှာဆိုရင်တော့ အိမ်လည်းရှာ ဘဏ်ချေးငွေလည်း တစ်ခါတည်းလျှောက်လို့ရမှာပါ။
· အရောင်းအငှားအိမ်ရာတွေကို တစ်နေရာတည်းမှာစုစည်းပြီး ဝင်ရောက်ရှာဖွေလို့ရမယ့် အိမ်ခြံမြေဝဘ်ဆိုဒ်တွေ ကနေတစ်ဆင့်လည်း ဘဏ်ချေးငွေလျှောက်ထားလို့ရနေပါပြီ။ ShweProperty.com အိမ်ခြံမြေဝဘ်ဆိုဒ် မှာ ရှိနေတဲ့ အိမ်ရာတွေ တစ်ခုချင်းစီကို ဘဏ်ချေးငွေတွက်ချက်ပုံပါ ထည့်သွင်းရေးဆွဲလိုက်ပါပြီ။ ဒါကြောင့်မို့ ကိုယ်ဝယ်ချင်တဲ့အိမ်ကို ရွေးချယ်ပြီး အိမ်မှာထိုင်နေရင်း ဝဘ်ဆိုဒ်မှတစ်ဆင့် ဘဏ်ချေးငွေလျှောက်လို့ရနိုင်ပါပြီ။
လူတိုင်းအိမ်ပိုင်ဆိုင်ဖို့ ငွေကြေးအပြည့်အဝစုဆောင်းစရာမလိုဘဲ ဘဏ်က သတ်မှတ်ထားတဲ့ အချက်အလက် တွေနဲ့ ကိုက်ညီတယ်ဆိုရင် နှစ်ရှည်အရစ်ကျနဲ့ အိမ်ဝယ်ခွင့်ရှိနေပါပြီ။ ဒါကြောင့်မို့ အိမ်ဝယ်ဖို့ ငွေကြေးအလုံ အလောက်ရှိစရာမလိုပါဘူး- ကနဦးပေးချေငွေအနေနဲ့ အိမ်တန်ဖိုးရဲ့ (၃၀)ရာခိုင်နှုန်းရှိပြီဆိုတာနဲ့ နှစ်ရှည် အရစ်ကျနဲ့ အိမ်ဝယ်လို့ရပြီဆိုတာကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။
အစိုးရက တည်ဆောက်ထားတဲ့ တန်ဖိုးနည်းအိမ်ရာတွေကိုလည်း CHID Bank နဲ့ချိတ်ဆက်ပြီး နှစ်ရှည်အရစ် ကျ ဝယ်ယူနိုင်ပြီဆိုတော့ ပုဂ္ဂလိကဆောက်လုပ်ရေးတွေရဲ့ အိမ်ရာတွေကို ပုဂ္ဂလိက ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ဝယ်ဝယ်၊ အစိုးရရဲ့ အိမ်ရာတွေကိုပဲ ဝယ်ဝယ် ဘဏ်ချေးငွေတွက်ချက်ပြီး ဝယ်ယူနိုင်ပြီဆိုတဲ့အချက်ကို စဉ်းစားသင့်ပါပြီ။
Zawgyi
Written By : Wut Yee Htun (ShweProperty.com)
Photo Credit : Karvyanalytics
Posted By : Ra Wai (ShweProperty.com)
From 6,309 Lakhs
Bella Vista 74 Luxury Condo Condo for sale in in Pyigyitagon Township, Mandalay
၁၁၈ နှင့် ၁၁၉ ကြား၊ 74 လမ်းမကြီးပေါ် ၊ မန္တလေးမြို့
premium
condo
Let them know you Found it on ShweProperty
Advertiser : ShweProperty Project Sales
From 6,168 Lakhs
Condo for sale in in Mahar Aung Myay Township, Mandalay
၈၃ လမ်းမပေါ် ၊ ( ၃၇ x ၃၈ ) လမ်းကြား ၊ မန္တလေးမြို့
premium
condo
Let them know you Found it on ShweProperty
Advertiser : ShweProperty Project Sales
From 3,700 Lakhs
Condo for sale in in Dagon Myothit (North) Township, Yangon
ပင်လုံလမ်းနှင့် အနော်ရထာလမ်းထောင့်၊ မြောက်ဒဂုံမြို့နယ်။
ကိုယ်ပိုင်မီတာ ,ရေ+မီး
premium
condo
Let them know you Found it on ShweProperty
Advertiser : ShweProperty Project Sales
From 3,000 Lakhs
Infinity@111th Condo Condo for sale in in Chanayethazan Township, Mandalay
Infinity Condo , Between 7C1 & 71D , 111 A , Mandalay
ကိုယ်ပိုင်မီတာ ,ရေ+မီး,Car Parking
premium
condo
Let them know you Found it on ShweProperty
Advertiser : ShweProperty Project Sales
Search Properties
View More
View More
View More
View More
![]() |
Thank you for contacting ShweProperty.com,
Sorry, our office is unavailable at this time.
Please send us your contact details below, and our Sales team will contact you as soon as possible.