ဝိုင်းနန္ဒီထွန်း (ShweProperty.com) | 21 December 2018
Unicode
လက်ရှိမြန်မာပြည်မှာ တိုက်ခန်း၊ ကွန်ဒိုတွေ ဝယ်ယူတဲ့သူတွေအများစုဟာ ဘဏ်ချေးငွေရယူပြီး ဝယ်ယူတာ များလာပါတယ်။ အိမ်ရာရှာဖွေဝယ်ယူသူတွေဟာ လက်ရှိထပ်ခါတလဲလဲ ကျင်းပပေးနေတဲ့ အိမ်ခြံမြေ အရောင်းပြပွဲကြီးတွေကနေ တစ်ဆင့် ဒါမှမဟုတ် သူတို့ကိုယ်တိုင်အကြိုက်တွေ့ထားတဲ့ အိမ်တွေကို ဘဏ်ချေးငွေရဖို့ ကြိုးပမ်းလာကြတာဟာ မြန်မာ့ဘဏ်နဲ့စီးပွားရေးကဏ္ဍ တိုးတက်လာတဲ့ သဘောရောက် ပါတယ်။
Home Loan လို့ပြောလိုက်တာနဲ့ လိုအပ်ချက်တွေများစွာရှိပါတယ်။ အဲ့ဒီလိုအပ်ချက်တွေက ကောင်းတာလား? ဆိုးတာလား? အဆိုးအကောင်းကတော့ ဒွန်တွဲနေမှာပဲလေ။
အိမ်ရှာမယ်၊ ဘဏ်ချေးငွေလျှောက်မယ်ဆိုရင် ကိုယ်ကိုယ်တိုင် ဘဏ်ဆီသွားရောက်စုံစမ်းတာထက် ၊ ကိုယ်ဘယ်လိုအိမ်မျိုးဝယ်ချင်လဲဆိုတာက ပိုအရေးကြီးပါတယ်။ ကိုယ့်ရဲ့ လစဉ်ဝင်ငွေနဲ့ ကိုယ်စုဆောင်းထားတဲ့ စုငွေတွေကို ပေါင်းစည်းတွက်ချက်ပြီးမှ ချေးငွေလိုမလို၊ စဉ်းစားကြတာချည်းပါပဲ၊ တစ်ချို့ကြတော့လည်း အိမ်တန်ဖိုးအလုံးအရင်းတစ်ချီတည်းပေးချေ လိုက်ရတာထက်စာရင် ဘဏ်ချေးငွေနဲ့ လစဉ်လစဉ်ခွဲပြီး ပေးချေရ တာကို ပိုနှစ်သက်ကြပါတယ်။
အိမ်မှမဟုတ်ပါဘူး၊ နောက်ပိုင်းမြန်မာပြည်မှာ ဇိမ်ခံကားကအစ ဘဏ်ချေးငွေနဲ့ (၅)နှစ်အထိ နှစ်ရှည်အရစ်ကျ လျှောက်လို့ရနေပါပြီ။ မြန်မာအစိုးရက တည်ဆောက်ထားတဲ့ တန်ဖိုးသင့်တိုက်ခန်းတွေကိုဆိုရင် CHID Bank ကနေတစ်ဆင့် ချေးငွေလျှောက်ပြီး ဝယ်ယူနိုင်သလို၊ ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေရဲ့ အသစ် စက်စက် တည်ဆောက်ထားတဲ့ တိုက်ခန်းတွေကိုတော့ KBZ , CB, AYA , Yoma Bank တွေအပြင် အခု နောက်ပိုင်းမှာဆိုရင် MAB ဘဏ်ကလည်း အိမ်ရာချေးငွေကဏ္ဍကို အကောင်အထည်ဖော်နေပါပြီ။
အိမ်ငှားနေတယ်၊ အိမ်ငှားခလစာပေးနေရတယ်ဆိုရင်တော့ ဘာထူးမှာလဲ? အတိုးနှုန်း တစ်နှစ်ကို (၁၃)ရာခိုင်နှုန်း ပိုပေးရမယ့် ဘဏ်ချေးငွေအစီအစဉ်ကို ရွေးချယ်ပြီးတော့ ကိုယ့်ရဲ့ကိုယ်ပိုင်အိမ်မှာပဲ နေထိုင်ရင်း အိမ်ရာချေးငွေပေးချေလိုက်တာက အကောင်းဆုံးပါပဲ။
Shwe Property ရဲ့ ပြပွဲတွေမှာ အိမ်ဝယ်ပြီး ဘဏ်ချေးငွေလျှောက်တဲ့သူတွေအတွက် ချေးငွေနောက်ဆက်တွဲ ကိစ္စတွေကို ဖြေရှင်းပေးနေတဲ့ After Sales Service Officer ကိုမျိုးမြင့်အောင် ပြောပြတာကတော့ “ ကျွန်တော်တို့ဆီကနေ အိမ်ဝယ်ပြီး ဘဏ်ချေးငွေလျှောက်တဲ့သူတွေထဲက ချေးငွေမရတဲ့သူက ရှားပါတယ်။ တစ်ခါတစ်လေ မြေကိစ္စတွေ၊ ရာဖြတ်ကိစ္စတွေကြောင့်တော့ ပျက်တတ်ပါတယ်။ Home Loan လျှောက်လိုက်ရင် ရတာများတယ်၊ ဘဏ်ချေးငွေလျှောက်တဲ့အခါကျတော့ ရာဖြတ်က အိမ်တန်ဖိုးကာလ ပေါက်ဈေးကို ဖြတ်ပေးတဲ့အတွက် ဝယ်တဲ့သူတွေ ဈေးအမှန်ရတယ်လေ၊”
Home Loan လျှောက်တဲ့အခါမှာ ကိုယ်ဝယ်မယ့်အိမ်က ကာလပေါက်ဈေးထက်မြင့်နေတယ်ဆိုရင် ရာဖြတ်ကြောင့် ဈေးအမှန်ရသလို၊ ရောင်းတဲ့သူတွေဘက်ကလည်း မှန်ကန်တဲ့ဈေးကွက်အတိုင်း ရောင်းရ ပါတယ်။
ဘဏ်ချေးငွေလျှောက်ရင် ဘာတွေလိုမလဲ?
၁) မှတ်ပုံတင်မိတ္တူ
၂) သန်းခေါင်စာရင်းမိတ္တူ
၃) ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ
၄) ဝင်ငွေအထောက်အထားနဲ့သက်ဆိုင်တဲ့စာရွက်စာတမ်းတွေ….
ဒါတွေကတော့ အခြေခံလိုအပ်ချက်ပါပဲ။ သင်က မှတ်ပုံတင်လျှောက်ထားဆဲ ဒါမှမဟုတ် ပျောက်ဆုံးဆိုရင် လည်း လတ်တလောမှာ လျှောက်ထားလို့မရပါဘူး။
ငွေကြေးအခက်အခဲရှိနေတယ်ဆိုရင် (၃၀)ရာခိုင်နှုန်းသာပေးချေပြီး ကျန်တဲ့ငွေကို နှစ်ရှည် (၃)နှစ် ကနေ (၂၅)နှစ်ထိ သက်ဆိုင်ရာဘဏ်အသီးသီးမှာ လျှောက်ထားနိုင်တဲ့အတွက် ငွေကြေးတစ်လုံးတစ်ခဲတည်း ပေးချေရမယ့် အခက်အခဲလည်း မရှိတော့ပါဘူး။ ပြီးတော့ ဘဏ်နဲ့တစ်ဆင့်သွားမှာဖြစ်တဲ့အတွက် ကိုယ်လိုချင် တဲ့အိမ်ဟာ စိတ်ချမှန်ကန်တဲ့အိမ်လည်းဖြစ်တယ်။ ဈေးနှုန်းလည်း မှန်ကန်တဲ့အတွက် ဘဏ်ချေးငွေလျှောက် တာဟာ ကောင်းကျိုးတွေများစွာရှိပါတယ်။
ကိုယ်လျှောက်လိုက်တဲ့ဘဏ်ရဲ့ နောက်ဆက်တွဲလုပ်ငန်းစဉ်ဟာ (၃)ပတ်ကနေ (၅)ပတ်အတွင်း ကြာမြင့်မှာ ဖြစ်တဲ့အတွက် ဒီကာလကိုစောင့်ဆိုင်းပြီးရင်တော့ သင်ဘဏ်ချေးငွေနဲ့ အိမ်ပိုင်တစ်လုံးရပြီပေါ့။
Zawgyi
လက္ရွိျမန္မာျပည္မွာ တုိက္ခန္း၊ ကြန္ဒိုေတြ ဝယ္ယူတဲ့သူေတြအမ်ားစုဟာ ဘဏ္ေခ်းေငြရယူၿပီး ဝယ္ယူတာ မ်ားလာပါတယ္။ အိမ္ရာရွာေဖြဝယ္ယူသူေတြဟာ လက္ရွိထပ္ခါတလဲလဲ က်င္းပေပးေနတဲ့ အိမ္ၿခံေျမ အေရာင္းျပပြဲႀကီးေတြကေန တစ္ဆင့္ ဒါမွမဟုတ္ သူတို႔ကိုယ္တိုင္အႀကိဳက္ေတြ႕ထားတဲ့ အိမ္ေတြကို ဘဏ္ေခ်းေငြရဖို႔ ႀကိဳးပမ္းလာၾကတာဟာ ျမန္မာ့ဘဏ္နဲ႔စီးပြားေရးက႑ တိုးတက္လာတဲ့ သေဘာေရာက္ ပါတယ္။
Home Loan လို႔ေျပာလိုက္တာနဲ႔ လိုအပ္ခ်က္ေတြမ်ားစြာရွိပါတယ္။ အဲ့ဒီလိုအပ္ခ်က္ေတြက ေကာင္းတာလား? ဆိုးတာလား? အဆိုးအေကာင္းကေတာ့ ဒြန္တြဲေနမွာပဲေလ။
အိမ္ရွာမယ္၊ ဘဏ္ေခ်းေငြေလွ်ာက္မယ္ဆိုရင္ ကိုယ္ကုိယ္တိုင္ ဘဏ္ဆီသြားေရာက္စံုစမ္းတာထက္ ၊ ကိုယ္ဘယ္လိုအိမ္မ်ိဳးဝယ္ခ်င္လဲဆိုတာက ပိုအေရးႀကီးပါတယ္။ ကိုယ့္ရဲ႕ လစဥ္ဝင္ေငြနဲ႔ ကိုယ္စုေဆာင္းထားတဲ့ စုေငြေတြကို ေပါင္းစည္းတြက္ခ်က္ၿပီးမွ ေခ်းေငြလိုမလို၊ စဥ္းစားၾကတာခ်ည္းပါပဲ၊ တစ္ခ်ိဳ႕ၾကေတာ့လည္း အိိမ္တန္ဖိုးအလံုးအရင္းတစ္ခ်ီတည္းေပးေခ် လိုက္ရတာထက္စာရင္ ဘဏ္ေခ်းေငြနဲ႔ လစဥ္လစဥ္ခြဲၿပီး ေပးေခ်ရ တာကို ပိုႏွစ္သက္ၾကပါတယ္။
အိမ္မွမဟုတ္ပါဘူး၊ ေနာက္ပိုင္းျမန္မာျပည္မွာ ဇိမ္ခံကားကအစ ဘဏ္ေခ်းေငြနဲ႔ (၅)ႏွစ္အထိ ႏွစ္ရွည္အရစ္က် ေလွ်ာက္လို႔ရေနပါၿပီ။ ျမန္မာအစိုးရက တည္ေဆာက္ထားတဲ့ တန္ဖိုးသင့္တိုက္ခန္းေတြကိုဆိုရင္ CHID Bank ကေနတစ္ဆင့္ ေခ်းေငြေလွ်ာက္ၿပီး ဝယ္ယူႏိုင္သလို၊ ပုဂၢလိက ေဆာက္လုပ္ေရးလုပ္ငန္းရွင္ေတြရဲ႕ အသစ္ စက္စက္ တည္ေဆာက္ထားတဲ့ တိုက္ခန္းေတြကိုေတာ့ KBZ , CB, AYA , Yoma Bank ေတြအျပင္ အခု ေနာက္ပိုင္းမွာဆိုရင္ MAB ဘဏ္ကလည္း အိမ္ရာေခ်းေငြက႑ကို အေကာင္အထည္ေဖာ္ေနပါၿပီ။
အိမ္ငွားေနတယ္၊ အိမ္ငွားခလစာေပးေနရတယ္ဆိုရင္ေတာ့ ဘာထူးမွာလဲ? အတုိးႏႈန္း တစ္ႏွစ္ကို (၁၃)ရာခိုင္ႏႈန္း ပိုေပးရမယ့္ ဘဏ္ေခ်းေငြအစီအစဥ္ကို ေရြးခ်ယ္ၿပီးေတာ့ ကုိယ့္ရဲ႕ကိုယ္ပုိင္အိမ္မွာပဲ ေနထိုင္ရင္း အိမ္ရာေခ်းေငြေပးေခ်လိုက္တာက အေကာင္းဆံုးပါပဲ။
Shwe Property ရဲ႕ ျပပြဲေတြမွာ အိမ္ဝယ္ၿပီး ဘဏ္ေခ်းေငြေလွ်ာက္တဲ့သူေတြအတြက္ ေခ်းေငြေနာက္ဆက္တြဲ ကိစၥေတြကို ေျဖရွင္းေပးေနတဲ့ After Sales Service Officer ကိုမ်ိဳးျမင့္ေအာင္ ေျပာျပတာကေတာ့ “ ကၽြန္ေတာ္တို႔ဆီကေန အိမ္ဝယ္ၿပီး ဘဏ္ေခ်းေငြေလွ်ာက္တဲ့သူေတြထဲက ေခ်းေငြမရတဲ့သူက ရွားပါတယ္။ တစ္ခါတစ္ေလ ေျမကိစၥေတြ၊ ရာျဖတ္ကိစၥေတြေၾကာင့္ေတာ့ ပ်က္တတ္ပါတယ္။ Home Loan ေလွ်ာက္လုိက္ရင္ ရတာမ်ားတယ္၊ ဘဏ္ေခ်းေငြေလွ်ာက္တဲ့အခါက်ေတာ့ ရာျဖတ္က အိမ္တန္ဖုိးကာလ ေပါက္ေစ်းကို ျဖတ္ေပးတဲ့အတြက္ ဝယ္တဲဲ့သူေတြ ေစ်းအမွန္ရတယ္ေလ၊”
Home Loan ေလွ်ာက္တဲ့အခါမွာ ကိုယ္ဝယ္မယ့္အိမ္က ကာလေပါက္ေစ်းထက္ျမင့္ေနတယ္ဆုိရင္ ရာျဖတ္ေၾကာင့္ ေစ်းအမွန္ရသလို၊ ေရာင္းတဲ့သူေတြဘက္ကလည္း မွန္ကန္တဲ့ေစ်းကြက္အတိုင္း ေရာင္းရ ပါတယ္။
ဘဏ္ေခ်းေငြေလွ်ာက္ရင္ ဘာေတြလိုမလဲ?
၁) မွတ္ပံုတင္မိတၱဴ
၂) သန္းေခါင္စာရင္းမိတၱဴ
၃) ရပ္ကြက္ေထာက္ခံစာ၊ ရဲစခန္းေထာက္ခံစာ
၄) ဝင္ေငြအေထာက္အထားနဲ႔သက္ဆိုင္တဲ့စာရြက္စာတမ္းေတြ….
ဒါေတြကေတာ့ အေျခခံလိုအပ္ခ်က္ပါပဲ။ သင္က မွတ္ပံုတင္ေလွ်ာက္ထားဆဲ ဒါမွွမဟုတ္ ေပ်ာက္ဆံုးဆိုရင္ လည္း လတ္တေလာမွာ ေလွ်ာက္ထားလို႔မရပါဘူး။
ေငြေၾကးအခက္အခဲရွိေနတယ္ဆိုရင္ (၃၀)ရာခိုင္ႏႈန္းသာေပးေခ်ၿပီး က်န္တဲ့ေငြကို ႏွစ္ရွည္ (၃)ႏွစ္ ကေန (၂၅)ႏွစ္ထိ သက္ဆိုင္ရာဘဏ္အသီးသီးမွာ ေလွ်ာက္ထားႏိုင္တဲ့အတြက္ ေငြေၾကးတစ္လံုးတစ္ခဲတည္း ေပးေခ်ရမယ့္ အခက္အခဲလည္း မရွိေတာ့ပါဘူး။ ၿပီးေတာ့ ဘဏ္နဲ႔တစ္ဆင့္သြားမွာျဖစ္တဲ့အတြက္ ကိုယ္လိုခ်င္ တဲ့အိမ္ဟာ စိတ္ခ်မွန္ကန္တဲ့အိမ္လည္းျဖစ္တယ္။ ေစ်းႏႈန္းလည္း မွန္ကန္တဲ့အတြက္ ဘဏ္ေခ်းေငြေလွ်ာက္ တာဟာ ေကာင္းက်ိဳးေတြမ်ားစြာရွိပါတယ္။
ကိုယ္ေလွ်ာက္လိုက္တဲ့ဘဏ္ရဲ႕ ေနာက္ဆက္တြဲလုပ္ငန္းစဥ္ဟာ (၃)ပတ္ကေန (၅)ပတ္အတြင္း ၾကာျမင့္မွာ ျဖစ္တဲ့အတြက္ ဒီကာလကိုေစာင့္ဆိုင္းၿပီးရင္ေတာ့ သင္ဘဏ္ေခ်းေငြနဲ႔ အိမ္ပိုင္တစ္လံုးရၿပီေပါ့။
Written By : ဝိုင္းနႏၵီထြန္း (ShweProperty.com)
From 6,309 Lakhs
Bella Vista 74 Luxury Condo Condo for sale in in Pyigyitagon Township, Mandalay
၁၁၈ နှင့် ၁၁၉ ကြား၊ 74 လမ်းမကြီးပေါ် ၊ မန္တလေးမြို့
premium
condo
Let them know you Found it on ShweProperty
Advertiser : ShweProperty Project Sales
From 6,168 Lakhs
Condo for sale in in Mahar Aung Myay Township, Mandalay
၈၃ လမ်းမပေါ် ၊ ( ၃၇ x ၃၈ ) လမ်းကြား ၊ မန္တလေးမြို့
premium
condo
Let them know you Found it on ShweProperty
Advertiser : ShweProperty Project Sales
From 3,700 Lakhs
Condo for sale in in Dagon Myothit (North) Township, Yangon
ပင်လုံလမ်းနှင့် အနော်ရထာလမ်းထောင့်၊ မြောက်ဒဂုံမြို့နယ်။
ကိုယ်ပိုင်မီတာ ,ရေ+မီး
premium
condo
Let them know you Found it on ShweProperty
Advertiser : ShweProperty Project Sales
From 3,000 Lakhs
Infinity@111th Condo Condo for sale in in Chanayethazan Township, Mandalay
Infinity Condo , Between 7C1 & 71D , 111 A , Mandalay
ကိုယ်ပိုင်မီတာ ,ရေ+မီး,Car Parking
premium
condo
Let them know you Found it on ShweProperty
Advertiser : ShweProperty Project Sales
Search Properties
View More
View More
View More
View More
![]() |
Thank you for contacting ShweProperty.com,
Sorry, our office is unavailable at this time.
Please send us your contact details below, and our Sales team will contact you as soon as possible.