By The Union Daily, Shweproperty.com
Updated at 26 November 2014
အရစ်ကျငွေပေးချေမှုဖြင့်ဝယ် ယူရရှိနိုင်သည့် ကြိုပွိုင့်တိုက်ခန်း အရောင်းအဝယ် လုပ်ငန်းတွင် ကြို ပွိုင့်ဝယ်လိုသော ပြည်သူများ အနေ ဖြင့် နယ်မြေခံကန်ထရိုက် များနှင့်သာ ဆက်သွယ်စုံစမ်းပြီးမှ ဝယ်သင့် ကြောင်း ရွှေရာပြည့်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးမြင့်ဌေးကပြောသည်။
ကန်ထရိုက်တိုက်ခန်း တည် ဆောက်ပါကမြေပိုင်ရှင်အထောက် အထား၊ကုမ္ပဏီလိုင်စင်၊ (ဃ)အရ အင်ဂျင်နီယာ၏ခွင့်ပြုချက်၊မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ပတ်ဝန်းကျင် အိမ်များ၏သဘောတူ လက်မှတ်စသည့်အထောက်အထား များပြည့်စုံမှသာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆောက်လုပ် ခွင့်ပြုခြင်းဖြစ် သည်။
ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီမှ ဆောက်လုပ် ခွင့်နှင့် ကန်ထရိုက်လိုင်စင်လွယ်ကူ စွာထုတ်ပေးလျက်ရှိသော်လည်းခွင့် ပြုချက် မတင်ဘဲကန်ထရိုက်ဆောက် လုပ်သူများပိုမိုများပြားလာ၍ ပြစ် ဒဏ်တိုးမြှင့် သတ်မှတ်ခဲ့သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပုဒ်မ(၄၈)တွင် ခွင့်ပြု ချက်မဲ့အဆောက်အအုံဆောက်လုပ် မှုများကိုကော်မတီကဖြိုဖျက်သည် အထိ အရေးယူဆောင်ရွက်နိုင်ရန် ထည့်သွင်းပြဋ္ဌာန်းထားသည်။
''တိုက်ခန်းဝယ်ထားတဲ့သူတွေ အတွက် အကာအကွယ်ရှိရမယ်။ တချို့တွေက ကြိုပွိုင့်နဲ့ပေးပြီးဝယ် ကြတယ်။ကြိုပွိုင့်နဲ့ဝယ်တဲ့အခါကျ တော့ ကန်ထရိုက်ဘက် ကဘာတွေ အာမခံပေးသင့်လဲဆိုတော့ သူတို့ ဆီမှာမတည်ရင်းနှီးငွေ ဘယ် လောက်ရှိတယ်ဆိုတာကိုပြခိုင်းသင့် တယ်။ နောက်ပြီးကြိုပွိုင့်ဝယ် ထားတဲ့သူတွေကတိုက်ခန်းကမပြီး သေးဘူး၊သူတို့အခွင့်အရေးအကာ အကွယ်ရရှိအောင် ဘယ်လိုလုပ်ရ မလဲဆိုတဲ့ရိုးရိုးတိုက်ခန်းတွေနဲ့ဆိုင် တဲ့ဥပဒေတစ်ခုထွက်ရှိသင့်တယ်'' ဟု VDB LOI ကုမ္ပဏီမှ Edwin Vanderuggen ကပြောသည်။
၂ဝ၁၂ခုနှစ်နောက်ပိုင်းမှစတင် ၍မြေဈေးနှုန်းများမြင့်တက်ခဲ့ပြီး ရန်ကုန်မြို့၏ဆောက်လုပ်ရေး လောက၌ ကြိုပွိုင့်တိုက်ခန်းတည် ဆောက်မှုများပြားလာပြီး လက်ရှိ အချိန်တွင် ပိုမိုတွင်ကျယ်သည့် လုပ်ငန်းတစ်ခုဖြစ်လာခဲ့ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။
ပါမစ်မြေဝယ်ယူပြီးကြိုပွိုင့် တိုက်ခန်းများကိုကန်ထရိုက်တာများ က သီးသန့်တည်ဆောက်ခြင်းမျိုး လည်းရှိပြီး မြေရှင်နှင့်အကျိုးတူပူး ပေါင်း၍အခန်းများကိုတစ်ဝက်ပေး တစ်ဝက်ယူပုံစံမျိုးဖြင့်တည်ဆောက် မှုများလည်းရှိကာ မြေပိုင်ရှင်က ကန်ထရိုက်များကိုဆောက်လုပ်ခ ကျသင့်ငွေပေးဆောင်ပြီး ကြိုပွိုင့် စနစ်ဖြင့်ရောင်းချခြင်းမျိုးရှိသည်ကို လည်းတွေ့ရသည်။
လက်ရှိ ရန်ကုန်မြို့တွင်း ကန် ထရိုက်တိုက်ဆောက်လုပ်မှုတစ်နှစ် ထက်တစ်နှစ်ပိုမိုများပြား လျက်ရှိ ကြောင်း၊ အိန္ဒိယနိုင်ငံတွင် တိုက် ခန်းများအတွက် ပိုင်ဆိုင်မှုမှတ်ပုံ တင်ထားရှိပေးသဖြင့်ငွေရေးကြေး ရေးရှာဖွေရာတွင် လွယ်ကူမှုရှိ သောကြောင့် တိုက်ခန်းပိုင်ဆိုင်မှု မှတ်ပုံတင်ထားရှိပေးရန်လိုအပ် ကြောင်း Edwin Vanderuggen ကပြောသည်။
ကြိုပွိုင့်ထဲတွင်တိုက်ခန်းဝယ် ယူသောသူများအရစ်ကျငွေပေးချေ မှုမပြီးမီကာလအတွင်း အမြတ် နည်းနည်းဖြင့် ပြန်ရောင်းကာ ကြိုပွိုင့်တိုက်ခန်းများကို ပြန်ဝယ် ရောင်း လုပ်သူများလည်းရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။ ကြိုပွိုင့်တိုက်ခန်းဝယ် ယူသူများအနေဖြင့်တိုက်ခန်းဝယ် ယူရာ၌ စာချုပ်ချုပ် ဆိုရာတွင် နားလည်တတ် ကျွမ်းသောရှေ့နေများနှင့် ချုပ်ဆိုသင့်ကြောင်း မဏ္ဍိုင်အိမ် ခြံမြေအကျိုးဆောင်မှဦးသန်းဦးက ပြောသည်။
ကြို ပွိုင့်တိုက်ခန်းတည်ဆောက် သည့်ကန်ထရိုက်များသည်အချိန်မီ အခန်းမအပ်နိုင်ခြင်း၊ မြေရှင်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရာ တွင် တချို့မြေများမှာ ပိုုင်ဆိုင်မှု ခိုင်ခိုင်မာမာမရှိသောကြောင့်ဆောက် လုပ်မှုပိုင်းကြန့်ကြာခြင်း၊ကန်ထရိုက် များဘက်က ဆောက်လုပ်ခွင့် မကျဘဲတည်ဆောက်ခြင်း၊ကြိုပွိုင့် တိုက်ခန်းဈေးနှုန်းများကိုအပြောင်း အလဲပြုလုပ်ခြင်းစသည့် ပြဿနာ များကြောင့်ကြိုပွိုင့်တိုက်ခန်းဝယ် ယူသူများအနေဖြင့်မိမိနှင့် ရင်းနှီး ကျွမ်းဝင်သောနယ်မြေခံကန်ထရိုက် များနှင့်သာ ဆက်သွယ်စုံစမ်းပြီး မှဝယ်ယူသင့်ကြောင့် ရွှေရာပြည့် အိမ်ခြံမြေအကျိုးဆောင်ဦးမြင့်ဌေး ကပြောသည်။
ရန်ကုန်မြို့တွင်း ကန်ထရိုက် တိုက်ခန်းများကို သင်္ဃန်းကျွန်းမြို့ နယ်တွင် အများဆုံးတည်ဆောက် လျက်ရှိပြီးလှိုင်မြို့နယ်သည်ဒုတိယ အများဆုံးဖြစ်ကြောင်းသိရသည် ။ ဒေါပုံမြို့နယ် တွင်ကြိုပွိုင့်တိုက်ခန်း ဝယ်ယူထားသူတစ်ဦးက''ကျွန်တော့် အခန်းက ပထမထပ်ကျပ်သိန်း ၁၈ဝနဲ့ဝယ်ထားတာပါ။ ပထမဆုံး အရစ်ကျပေးငွေကိုဒီနှစ်ဧပြီလဆန်း မှာ ကန်ထရိုက်က ကျပ်သိန်း ၅ဝ စပြီးသွင်းခိုင်းပါတယ်။ ကျွန်တော် က ပထမအရစ်ကိုကျပ်သိန်း၁ဝဝ စသွင်းပြီးတော့နောက်လမှာအရစ် ကျသွင်းလိုက်တာနဲ့ဆိုတော့ ဒီဇင် ဘာလကုန်ရင်နောက်ဆုံးအရစ်ကျ ငွေပေးသွင်းပြီးတာနဲ့ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလဆိုရင် လူနေလို့ရပြီလို့ ပြောပါတယ်။ကျွန်တော်ဝယ်ထား တဲ့တိုက်ခန်းဆို ကျပ်သိန်း ၂၂ဝ ပေးပြီးပြန်ဝယ်တဲ့သူတောင်ရှိတယ်'' ဟုပြောသည်။
ရန်ကုန်မြို့တွင်း သုံးထပ်နှင့် အထက်အဆောက်အအုံ များတည် ဆောက်ခွင့်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အပြင် ပြင်ပအင်ဂျင်နီယာပညာရှင်များနှင့် စစ်ဆေးပြီးတည်ဆောက်ခွင့်ပေးမည့် အစီအစဉ်ကို စတင်တော့မည်ဖြစ် သည်။ စစ်ဆေးရေးဘုတ်အဖွဲ့မှ လူတွေ့စစ်ဆေးပြီးစီးပါကပညာရှင် များကို SEC ဟုခေါ်သော အဆောက် အအုံခိုင်ခံ့မှုအင်ဂျင်နီယာလက်မှတ် ထုတ်ပေးမည်ဖြစ်ပြီး အဆောက် အအုံတည်ဆောက်ခွင့်ကို ပြင်ပ ပညာရှင်များက စစ်ဆေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
စစ်ဆေးခွင့်ရသည့် အင်ဂျင်နီယာများအနေဖြင့် ME Civil ဘွဲ့ ဖြင့် လုပ်သက်အနည်းဆုံး ရှစ်နှစ် ရှိရမည်ဖြစ်ပြီး ရန်ကုန်မြို့တွင် တည်ဆောက်မည့် အထပ်မြင့် အဆောက်အအုံများ၌ ၁၂ထပ်နှင့် အထက်တည်ဆောက် လျှင်ပညာရှင် အများစုဖြင့်ဖွဲ့စည်းထားသည့် အထပ်မြင့်အဆောက်အအုံများ စစ်ဆေးရေးကော်မတီ CQHP က တာဝန်ယူစစ်ဆေးပေးရန် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီက ဆက်လက်လုပ်ဆောင်နေ ခြင်း ပင်ဖြစ်သည်။
ကြိုပွိုင့်စနစ်ဖြင့် အိမ်ခြံမြေ တိုက်ခန်းများအရောင်းအဝယ်ပြု လုပ်ပါက ချက်ချင်းအခွန်ထမ်းဆောင်ရမည်ဖြစ်ပြီးနောက်ကျမှ အခွန် ထမ်းဆောင်မည်ဆိုပါက ကာလတန်ဖိုးအတိုင်း အခွန်စည်းကြပ်မှုခံ ယူရမည်ဖြစ်ကြောင်း အခွန်စိစစ် ကြပ်မတ်ရေးဘုတ်အဖွဲ့ကသတင်း ထုတ်ပြန်ထားသည်။ကြိုပွိုင့်တိုက်ခန်းများနှင့် ပတ်သက်၍ ပထမ ကြိုတင်အရစ်ကျငွေပေးချေပြီးလျှင် အခွန်စိစစ်သတ်မှတ်ခြင်းကို ခံယူရမည်ဟုပြည်တွင်းအခွန်များဦးစီး ဌာန၏ထုတ်ပြန်ချက်တွင်ပါရှိသည်။
ကြိုပွိုင့်တိုက်ခန်းများ၊ ရိုးရိုး တိုက်ခန်းများနှင့်ပတ်သက်၍ Appartment Law ထွက်ရှိရန်လို အပ်ပြီး တိုက်ခန်းနေပြည်သူများ အတွက်အကာ အကွယ်ပေးနိုင် သည့် အဆိုပါဥပဒေမျိုးမရှိသေးသော ကြောင့် ကန်ထရိုက်နှင့်ကြိုပွိုင့် ဝယ်ယူသူများအကြား ပြဿနာ များဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာညိုညိုသင်း ကပြောသည်။ လက်ရှိရေးဆွဲနေ သည့် ကွန်ဒိုမီနီယံဥပဒေသည် ကွန်ဒိုများအတွက်သာ သီးသန့် ဖြစ်နေ၍ အိမ်ရာအားလုံးနှင့်သက် ဆိုင်သောဥပဒေတစ်ခု ထွက်ရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ငွေကြေးလက်ဝယ်အနည်းငယ် မျှသာပိုင်ဆိုင်သည့်အခြေခံ လူတန်း စားများနှင့်လူလတ်တန်းစားများ အဓိကဝယ်ယူသည့်အကျယ်အဝန်း ၁၂ပေဝန်းကျင်နှင့်ပေ ၅ဝ ဝန်း ကျင်ရှိ ကြိုပွိုင့်တိုက်ခန်းဝယ်ယူ ရာတွင် ပြည်သူ များဆုံးရှုံးနစ်နာမှု မရှိရအောင် ခိုင်မာသည့်ဥပဒေ တစ်ရပ်ထွက် ရှိရန် လိုအပ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်ပြောသည်။
ကြိုပွိုင့်တိုက်ခန်းဝယ်ယူမည့် ပြည်သူများအနေဖြင့် ရောင်းမှား ဝယ်မှားပြဿနာများနှင့် မကြုံရ အောင်နားလည်တတ်ကျွမ်းသူများ နှင့်ဆွေးနွေး တိုင်ပင်ပြီးမှသာ ဝယ် ယူသင့်သည်။ ကြိုပွိုင့်တိုက်ခန်း ဈေးနှုန်းများမှာ မြို့နယ်၊ လမ်း အလိုက် ကွဲပြားမှုရှိပြီးတစ်ခန်းလျှင် သင်္ဃန်းကျွန်းမြို့နယ်၌ ကျပ်သိန်း ၂ဝဝ ဝန်းကျင်မှ ကျပ်သိန်း ၄ဝဝ အထိရှိပြီး လှိုင်မြို့နယ်တွင် ကျပ် သိန်း ၃ဝဝမှ ကျပ်သိန်း ၅ဝဝ ဝန်းကျင်အထိရှိကာ ဒေါပုံမြို့နယ် တွင် ကျပ်သိန်း ၁၅ဝမှ ကျပ်သိန်း ၃ဝဝ ဝန်းကျင်အထိပေါက်ဈေးရှိ ကြောင်းသိရသည်။
Ref : The Union Daily
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties