By Zaygwet ထီယု (ဥပဒေအတိုင်ပင်ခံ), Shweproperty.com
Updated at 23 August 2017
အိမ် ခြံ မြေ အရောင်းအဝယ် ပြုကြရာတွင် ဂရန်မြေ၊ ဘိုးဘွားပိုင် မြေ၊ ပါမစ်မြေ၊ စလစ်မြေဟု အမျိုးမျိုး ရှိသည့်အနက် ပါမစ်မြေကို အရောင်း အဝယ် အများဆုံးပြုလုပ်ကြသည်ကို တွေ့ရသည်။
ရောင်းအားကောင်းရသည့်အကြောင်းအရင်း
ပါမစ်မြေရောင်းအားကောင်းရ ခြင်းမှာ စရိတ်ကုန်ကျမှုနည်းခြင်း သည် အဓိကအချက်ဖြစ်သည်။ အ ရောင်းအဝယ်စာချုပ်ကို အရပ်ကတိ စာချုပ်ဖြင့် ချုပ်ဆိုနိုင်သည်။ အဆင့် ဆင့်လွှဲပြောင်း ရောင်းချနိုင်သည်။ အ ရောင်းအဝယ် အဆက်အစပ် ကွင်း ဆက်မပြတ် အရောင်းအဝယ် ကတိ စာချုပ်များ ရှိရန်သာလိုသည်။
ဂရန်သစ်လျှောက်ထားနိုင်ခြင်း
မြေချပါမစ် စာရွက်စာတမ်းကို ကိုင်ထားပြီး လက်လွှဲရောင်းချနိုင်ခွင့် ရှိသကဲ့သို့ မိမိအမည်ပေါက် နှစ် ၆ဝ ဂရန်လည်း လျှောက်ထားနိုင်သည်။ တရားဝင်ကုန်ကျစရိတ် သုံးသိန်းနီး ပါးသာ ကုန်ကျနိုင်ပေသည်။ အခြား သူအမည်ပေါက် ဂရန်မြေကို ဝယ်ယူ အမည်ပြောင်းပါက မြေ၏ ရောင်းဖိုး ငွေကာလတန်ဖိုးပေါ်မူတည်ပြီး အခွန်ဆောင်ရခြင်း၊ မှတ်ပုံတင် အ ရောင်းအဝယ် စာချုပ် ချုပ်ရခြင်းဖြင့် ကုန်ကျစရိတ် အလွန်မြင့်မားသွား မည် ဖြစ်သည်။ ထိုကြောင့် ပါမစ်မြေ ကွက်ကို ဝယ်ယူစုဆောင်းထားကြ ခြင်းဖြစ်သည်။
ပါမစ်မြေရောင်းအားနည်းလာခြင်း
လက်ရှိအခြေအနေတွင် အိမ် ခြံ မြေ ဈေးနှုန်းများမှာ အကျဘက်သို့ ဦးတည်နေသည်ဟု ဆိုရမည်။ ပါမစ် မြေအများအပြား ဝယ်ယူမြှုပ်နှံထား သူများသည် ဈေးကွက်အမြင့်ကို စောင့်၍ ထိန်းထားကြသည်။ အမှန် တကယ်ငွေလိုအပ်သူများသာထုတ် ၍ ရောင်းချသည်ကို တွေ့ရသည်။ မြေချပါမစ် လက်ဝယ်ရှိသူ အချို့က လည်း ဂရန်မြေလျှောက်ထား၍ အဆင့်မြင့်တိုက်များ ဆောက်လုပ်ခဲ့ သည်များလည်း ရှိပေသည်။ ထို့ ကြောင့် ပါမစ်မြေရောင်းအားကျဆင်း သွားသည့် အခြေအနေတွင်ရှိသည်။
ပါမစ်မြေကွက်အသစ်များ
ဈေးကွက်အတွင်း ပါမစ်မြေ ကွက်များနည်းပါးလာသည်နှင့်အမျှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြေချပါမစ် အသစ်များရရှိရန် ကြိုး ပမ်းလာကြသည်ကို တွေ့ရသည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန (ယခု မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန) မှ မြေယာသစ်များ ဖော်ထုတ်အကွက် ရိုက်ကာ မြေချပါမစ် အသစ်များ ထုတ်ပေးလာသည်ကို တေ့ွရပါသည်။
မြေချပါမစ် မှန်ကန်မှု ရှိ မရှိ စိစစ်ပေးခြင်း
စာရွက်စာတမ်းများတွင် အတု အစစ်ရှိနိုင်သဖြင့် မြေချပါမစ်မှန်ကန် မှု ရှိ မရှိ စစ်ဆေးလိုကြပေသည်။ ထို့ ကြောင့် ပါမစ်မြေကွက်ကို ဝယ်ယူရန် စရန်ပေးလိုက်သည်နှင့် ရောင်းသူ၏ လက်ဝယ်ရှိ မြေချပါမစ်မှာ အစစ် အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ ရန် ကုန်တိုင်းအတွင်းရှိ မြို့နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ မြေယာ ရုံးခွဲများသို့ ပြသစစ်ဆေးခြင်းများပြု ကြသည်။
သက်ဆိုင်ရာ မြို့နယ် မြေနှင့် အခွန်မြေယာရုံးခွဲတာဝန်ရှိသူတို့က မိမိတို့ ရုံးရှိ လက်ခံစာအုပ်နှင့် တိုက် ဆိုင်စစ်ဆေးဆောင်ရွက်ပေးပါသည်။ ထို့ကြောင့် မြေဝယ်လိုသူများအနေ ဖြင့် ပါမစ်မြေကွက်ကို ပိုမိုနှစ်သက်ပြီး ဝယ်ယူကြခြင်းဖြစ်သည်။
မြေချပါမစ် စစ်ဆေးရန် ခက်ခဲလာခြင်း
ခေတ်စနစ်၊ လုပ်ထုံးလုပ်နည်း တို့သည် အမြဲတည်မြဲနေသည် မရှိ ပေ။ အထူးသဖြင့် ဌာနတွင် ဌာနဆိုင် ရာ လုပ်ထုံးလုပ်နည်းများသည် အ ပြောင်းအလဲ မြန်ဆန်တတ်ပါသည်။
ယခုအခါ အချို့မြို့နယ်များတွင် မြေယာရုံးခွဲများမထားတော့ဟု သိရ သည်။ မြေချပါမစ်အတု၊ အစစ် ခွဲ ခြား စိစစ်မှုကိုတော့ မည်သည့် မြို့ နယ်မြေယာရုံးခွဲများကမှ စစ်ဆေးပေး ခြင်းမရှိတော့ပေ။
ထို့ကြောင့် မြေချပါမစ်ဝယ်သူ များအနေဖြင့် အစစ်အမှန်ဟုတ်၊ မဟုတ် စစ်ဆေးရန် ခက်ခဲသွားပြီဖြစ် ၍ အရောင်းအဝယ်တန့်သွားပေ သည်။
မြေချပါမစ်ဝယ်သူများအနေ ဖြင့် ယခင်ကမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေး မှူးလက်မှတ်နှင့် စည်းတံဆိပ်ရိုက် နှိပ်ထုတ်ပေးသော ပါမစ်မြေနှင့် ယခု မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး လက်မှတ်နှင့် စည်း တံဆိပ်ရိုက်နှိပ်ထုတ်ပေးသော ပါမစ် မြေဟု ပုံစံ နှစ်မျိုးရှိနေသောကြောင့် သတိပြုဝယ်သင့်ပေသည်။
စည်ပင်အမည်ပေါက် ပါမစ်မြေ
ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ထုတ်ပေးသော မြေချပါမစ်များ အ မှန်အကန် ဟုတ် မဟုတ် စစ်ဆေးရန် ခက်ခဲနေသော အချိန်တွင် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော် မတီမှ မြေကွက်အမည်ပေါက် ပါ မစ်မြေများဘက် ဦးလှည့်လာသည် ကို တေ့ွရသည်။ သို့သော် ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနတွင် ဂရန် အမည်ပေါက်မြေများ အဖြစ် ပြောင်းလဲချပေးထားသည် သာ များပြားပါသည်။
မည်သို့ပင်ဖြစ်စေ၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန တွင် အမည်ပေါက်မှန်ကန်ခြင်းရှိ မရှိကို တရားဝင်လျှောက်ထားကြည့် ရှုနိုင်မည်ဖြစ်သဖြင့် စည်ပင်အမည် ပေါက် ပါမစ်မြေများကို ယခုအခါ ပို၍ ဝယ်သင့်ပါကြောင်း အကြံပြုရေး သားလိုက်ပါသည်။
Ref : Zaygwet ထီယု (ဥပဒေအတိုင်ပင်ခံ)
Photo Credit : Social
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties