By Kyi Soe (IC), Shweproperty.com
Updated at 6 January 2019
Passport ဆိုတာ "လူပုံ၊ လူရာဇဝင်"ကို ခေါ်တာပါ။ လူဓါတ်ပုံလေးလဲ ပါတယ် လူရာဇဝင် အတိုချုပ်လေးလည်း ပါပါတယ်။
မြေပုံ ရာဇဝင်ဆိုတာကလည်း မြေပုံလေးလည်း ပါရမယ်။ မြေရာဇဝင်လေးလည်း ပါရပါမယ်။
ပုံစံ - (၁၀၅) ဆိုတာက မြေပုံ၊ ပုံစံ - (၁၀၆) ကမှ မြေရာဇဝင်ပါ။
ဒါပေမယ့် လက်တွေ့မှာ ပုံစံ - (၁၀၅) တစ်ခုထဲနဲ့ပဲ အလုပ်ဖြစ်နေပါတယ်။
မြေစာရင်းပုံစံ × (၁၀၅) ကို လက်ရှိမြေပုံတွင် ယခုနှစ်အသုံးပြုနေသော ဦးပိုင်မြေပုံ လို့ ခေါ်ပါတယ်။ စာတိုခေါ်ရလျှင် "မြေပုံ"ပေါ့။
အိုးအိမ်ဦးစီးဌာနက ထုတ်ပေးတဲ့ မြေပုံကို S-22 လို့ခေါ်ပါတယ်။ မြို့တော်စည်ပင်က ထုတ်ပေးတဲ့ မြေပုံမှာကတော့ ပုံစံနံပါတ် မပါရှိပါဘူး။
ဒီတော့ မြေပုံ ကလေးပါတဲ့ စာရွက်ကို မြေပုံလို့ မှတ်လိုက်မယ် ဆိုရင် သုံးမျိုးလုံး အကျုံး ဝင်ပါတယ်။
အဲဒီပုံစံ - (၁၀၅) မြေပုံစာရွက်မှာ ကြည့်လို့ရတာတွေ အများကြီးရှိပါတယ်။ အလေ့အကျင့်ဖြစ်အောင် ကြည့်သင့်/မှတ်သင့်ပါတယ်။
တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်စု၊ ကွင်းအမှတ်၊ ကွင်းအမည်၊ ဦးပိုင်အမှတ်၊ မြေကွက်အမှတ်၊ ပိုင်ရှင်အမည်၊ ပိုင်ဆိုင်မှု၊ မြေအမျိုးအစား၊ အကျယ်အဝန်းနှင့် ရေးကူးပေးသည့် အကြောင်းအရာ စသည်ဖြင့် တိကျမှန်ကန်စွာ ရေးသားထားကြ ပါသည်။
( ဒါကြောင့် ပုံစံ-၁၀၅ က အရေးကြီးနေတာပါ။)
Ref : Kyi Soe (IC)
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties