By Kumudra, Shweproperty.com
Updated at 2 July 2018
စီးပွားရေး ၊ လူမှုရေး၊ ကျန်းမာရေးတို့အတွက် ဖုန်းရွှေ နည်းနာနိဿယတွေက နှစ်စဉ် နှစ်တိုင်းအတွက် အရေးပါလှပါတယ်။ ၂၀၁၈ မှာ မိမိတို့ရဲ့ နေအိမ်နဲ့ ရုံးခန်းတွေမှာ စီးပွားတိုးပြီး သာယာပျော်ရွှင်တဲ့ သီရိဂေဟာပိုင်ဆိုင်နိုင်ဖို့အတွက် ငွေကြေးကုန်ကျမများစေမယ့် နည်းလမ်းတွေကို လက်လှမ်းမီသလောက်လမ်းညွှန်ပေးလိုက်ပါတယ်။
အိမ် သို့မဟုတ် ရုံးခန်းတစ်ခုရဲ့ အဓိကအကျဆုံးနဲ့သတိထားပြီး ပြင်ဆင်ရမယ့်နေရာကတော့ ဧည့်ခန်းဖြစ်ပါတယ်။ အိမ်ဆိုရင်တော့ဧည့်ခန်းနဲ့အတူအိပ်ခန်းကိုလည်းသတိမူရမှာပါ။ ဘုန်းရွှေ နည်းပညာနဲ့ အလှဆင်ပြီဆိုငွေကုန်ကြေးကျများမှာကို လူအများကစိုးရိမ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်သက်သာရုံသာမက ရုံးခန်းနဲ့အိမ်တို့ကိုလှပပြီး စိတ်ချမ်းမြေ့စေမယ့် ပြင် ဆင်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
၂၀၁၈ ခုနှစ် တစ်နှစ်တာအတွက် ဖုန်းရွှေတွက်ချက်မှုများအရ ရုံးခန်းနဲ့ အိမ်တွေမှာ သစ်သား၊ ဝါး ပင်၊ ကျောက်ခဲလေးတွေနဲ့ သတ္ထုနဲ့ ပြုလုပ်ထားတဲ့ အိမ်အလှဆင်ပစ္စည်းတွေကိုအသုံးပြုရပါလိမ့်မယ်။
သတ္ထုနဲ့ ပြုလုပ်ထားတဲ့ အိမ်အလှဆင်ပစ္စည်းတွေက ၂၀၁၈ အတွင်းရုံးခန်းနဲ့ အိမ်ခန်းတို့အတွက် စွမ်းအားတွေပေးနိုင်မှုအားကောင်းတဲ့ အိမ်အလှဆင်ပစ္စည်းတွေဖြစ်ကြပါတယ်။ ကံကောင်း ခြင်း လက်ဆောင်ဧည့်ခန်းကို အလှဆင်တဲ့အခါမှာ သဘာဝသစ်သားကို အနည်းငယ်ထည့်သွင်း အသုုံးပြုပါ။ သစ်သားလို့ဆိုတဲ့အခါမှာ ဝါးပင်နဲ့အလှပန်းပင်တို့လည်းပါဝင်ပါတယ်။ ဖုန်းရွှေ အယူအရဝါးပင်ဟာ ကျန်းမာရေးနဲ့စီးပွားရေးကို တိုးတက်ကောင်းမွန်စေပါတယ်။
အဲဒါအပြင် ခွန်အားတို့ကိုပါပေးစွမ်းခြင်း၊ အခန်းတွင်းလေကိုသန့်စင်ပေးခြင်း၊ ကံကောင်းခြင်း နဲ့ ပျော်ရွှင်ခြင်းတို့ကိုသယ်ဆောင်လာပေးခြင်းတို့နဲ့ လူသားတို့ကိုအကျိုးပြုပါတယ်။ တစ်နှစ်ပတ်လုံး ရှင်သန်နိုင်စေဖို့အတွက် ရေလောင်းခြင်းနဲ့ နေရောင်ခြည်ခပ်နွေးနွေးပေးခြင်းတို့ကို သတိပြုဆောင်ရွက်ပေးပါ။
နေအိမ်နဲ့ ရုံးခန်းတို့ရဲ့ အရှေ့အရပ်မှာရေစီးဆင်းနေတဲ့ ရေတံခွန်ငယ်ပြုလုပ်ခြင်း၊ ကြည့်မှန်ချပ်ချိတ်ဆွဲခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် ကံကောင်းခြင်းတို့ကိုဖိတ်ခေါ် နိုင်ပါတယ်။ ရေတံခွန်ပုံ ပန်းချီကား ချိတ်ဆွဲခြင်း၊သတ္ထုနဲ့ ပြုလုပ်ထားတဲ့ စားပွဲတင် ပန်းပုရုပ်၊ ပန်းအိုး အစရှိတဲ့ အလှဆင်ပစ္စည်းတွေက အကောင်းဆုံးသောစွမ်းအားတို့ကို ပေးစွမ်းနိုင်ပြီး လန်းဆန်းခြင်း၊ စိတ်ကြည်လင် သန့်စင်ခြင်းတို့ကို ပေးစွမ်းပါတယ်။ စိတ်ရှုပ်ထွေးခြင်း၊ တွေဝေခြင်းတို့ကို ဖယ်ရှားပေးနိုင်ဖို့အတွက် သတ္ထုဓာတ်ကအထောက်အကူ ဖြစ်စေပါလိမ့်မယ်။
နေအိမ်နဲ့ ရုံးခန်းတို့ရဲ့ မြောက်အရပ်၊ အနောက်အရပ်နဲ့ အနောက်မြောက်အရပ်တို့မှာ သတ္ထုနဲ့ ပြုလုပ်ထားတဲ့ အိမ်အလှဆင် ပစ္စည်းများကိုထည့်သွင်းအလှဆင်သင့်ပါတယ်။ ရွှေ၊ ငွေ၊ ကြေးနဲ့ ပြုလုပ်ထားသော အိမ်အလှဆင်ပစ္စည်းတွေက ၂၀၁၆ ခုနှစ်ရဲ့ ဖုန်းရွှေတွက်ကိန်းတွေမှာ နေရာယူခဲ့ကြပါတယ်။ သူတို့တွေက ၂၀၁၈ ခုနှစ်အတွက်လည်း တစ်ဖန် ပြန်လည်အသုံးဝင် လာ ပြန်ပါလိမ့်မယ်။
လုပ်ငန်းသစ်လုပ်ကိုင်မယ့် ရုံးခန်းမှာရွှေဝါရောင်အဆင်းရှိတဲ့ သတ္ထုရုပ်တစ်ခုခုကိုအလှဆင်ထားပြီး အောင်မြင်မှုကိုရယူနိုင်ပါလိမ့်မယ်။ သတ္ထုဟုဆိုရာဝယ် အဖြူ၊ ရွှေ၊ ခဲရောင်အဆင်းရှိတဲ့ သတ္ထုတို့က ၂၀၁၈ အတွက်အကောင်းဆုံး စွမ်းအားတို့ကိုပေးစွမ်းနိုင်ပါတယ်။ လုံးဝန်းတဲ့ ပုံသဏ္ဌာန်ရှိတဲ့ အလှဆင်ပစ္စည်းဖြစ်ရင် ပိုကောင်းပါတယ်။
၂၀၁၈ ခုနှစ်က မြေဓာတ်ကြီးစိုးတဲ့ ခွေးနှစ်ဖြစ်တဲ့အားလျှော်စွာအဆိုပါ ကံကောင်းခြင်းတို့ကို သိမ်းပိုက်နိုင်ဖို့အတွက် မြေဓာတ်ရဲ့အထောက်အကူကိုရယူသင့်ပါတယ်။ သစ်ပင်တို့ကိုကိုယ်စားပြုတဲ့အစိမ်းရောင်၊ သစ်ပင်တို့ရဲ့ အားထားရာဖြစ်တဲ့ရေကိုကိုယ်စားပြုတဲ့ အပြာရောင်၊ အနက်ရောင်ကိုလည်းတွဲဖက်အသုံးပြုနိုုင်ပါတယ်လို့ ၂၀၁၈ ရဲ့ ကံကောင်းခြင်း အရောင်တွေအဖြစ် ဖုန်းရွှေပညာရှင်တွေက တွက်ချက်ထားပါတယ်။ အဆိုပါအရောင်ရှိတဲ့ အသုံးအဆောင်တွေကို နေအိမ်နဲ့ ရုံးခန်းတို့မှာ အသုံးပြုအလှဆင်ခြင်း၊ ဝတ်ဆင်ခြင်းဖြင့် ကံထူး ကံတက်နိုင်ကြမှာဖြစ်ပါ တယ်လို့ တင်ပြလိုက်ပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties