By Sint Sint, Shweproperty.com
Updated at 17 November 2020
အိမ်သစ်ဆောက်နေမယ့်သူတွေ၊ အိမ်ဆောက်ပြီးမှ စီးပွားရေးတွေမကောင်းလို့ သင်္ကာမကင်းဖြစ်နေတဲ့သူတွေ ဖတ်ကြည့်သင့်ပါတယ်နော်။ဖတ်ပြီးရင်လည်း သူငယ်ချင်းတွေကို မျှဝေပေးပါဦး....
မြန်မာ့လက်ဆန်းဗေဒင်ပညာမှာ ပရိဝါယ၊ အာယု စသဖြင့် အဌလဂ်ရှစ်ပါး ရှိပါတယ်။ ဒီလင်္ကာကို အချို့ပညာရှင်များက အဟောပိုင်းမှာ သုံးတယ်၊အချို့က ယတြာနဲ့ မြို့ပြ အိမ် စသဖြင့် တည်ဆောက်ရာမှာ သုံးခဲ့ကြတယ်။ ဘယ်နေရာမှာ ဘယ်လိုပဲသုံးသုံး ဒီပညာခန်းဟာ ဉာဏ်ရှိရင် ရှိသလောက် ကစားနိုင်တဲ့ ပညာခန်းကြီးတစ်ခုပါပဲ။
ဒီမှာတော့ အိမ်တစ်အိမ်ရဲ့မျက်နှာစာနဲ့အိမ်ထောင်ဦးစီးရဲ့နေ့နံအလိုက် ဘုမ္မိအရပ် ကျမကျ ဆိုတာရယ် ၊ ကျနေခဲ့ရင်ရော ဘယ်လိုဖြေရှင်းမလဲ ဆိုတာကို တင်ပြပေးသွားပါမယ်။
အိမ်ထောင်ဦးစီးဆိုတာ အိမ်တစ်အိမ်မှာ ဦးဆောင်ဦးရွက်ပြုရတဲ့ ပုဂ္ဂိုလ်ကိုခေါ်ပါတယ်။ အရင်ဦးဆုံးသူူ့နေ့နံဘာလဲဆိုတာ တစ်ချက် ကြည့်ရမယ်။ ပြီးတဲ့အခါ ကိုယ်နေထိုင်တဲ့ အိမ်မျက်နှာစာက ဘယ်အရပ်မူနေသလဲဆိုတာကို သိထားရပါမယ်။
အထက်မှာ နေ့သားသမီးအလိုက် ဘုမ္မိအရပ်တွေကို ဖော်ပြပေးထားပါတယ်။ အိမ်တစ်အိမ်ရဲ့ အိမ်ထောင်ဦးစီးအလိုက် နေအိမ်မျက်နှာမူတဲ့အရပ်ဟာ ဘုမ္မိကြတဲ့အခါမျိုးမှာ အဆိုပါအိမ်သည် စီးပွားရေးတွင် မည်မျှကြိုးစားစေကာမူ အဖတ်မတင်ခြင်း ၊ အိမ်တွင်းရေးမိသားစုရေး ပျော်ရွှင်မှု နည်းပါးခြင်း ၊ မိသားစုတွင်း ကျန်းမာရေး အားနည်းချက် တစ်ဦးမဟုတ်တစ်ဦး ဖြစ်တတ်ခြင်း စတဲ့ အခက်အခဲပြသနာအချို့ကြုံရတတ်တယ်လို့ အဆို ရှိခဲ့ပါတယ်။
ဥပမာ…နေအိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီးဟာ တနင်္ဂနွေသားတစ်ဦး ဆိုကြပါစို့။ ၎င်းနေထိုင်သော အိမ်ဟာ တောင်အရပ်ကို မျက်နှာမူထားသည်ဆိုပါစို့။ ဒါဆိုရင် အိမ်ထောင်ဦးစီးအတွက် ဘုမ္မိမျက်နှာ လှည့်တဲ့ အိမ်မျိုး ဖြစ်ပါတယ်။ အခြားနေ့သားများလည်း ထိုနည်းလည်းကောင်းပါပဲ။ အိမ်ထောင်ဦးစီးကို အဓိကနေရာကနေ ကြည့်ရှုဆုံးဖြတ်ရမှာပါ။
အထက်က ဆိုခဲ့သလို အိမ်ထောင်ဦးစီးက ဘုမ္မိအရပ်မျက်နှာလည့်တဲ့ အိမ်မျိုးမှာနေမိနေခဲ့ရင် အညံ့ဆိုးကနေ လွတ်မြောက်အောင် နေ့သားအလိုက် အမြစ်အညွန့်အပင်ကို အိမ်ခြံဝန်းရှေ့မှာ စိုက်ပျိုးပေးရပါမယ်။
အထက်ပါ သစ်ပင်စိုက်ယတြာကို ဆောင်ရွက်ခြင်းအားဖြင့် ဘုမ္မိအရပ်မျက်နှာ မူမိသောနေအိမ် အတွက် အညံ့ဆိုးကင်းလွတ်ကာ အဆင်ပြေချောမွေ့ပါလိမ့်မယ်။
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
အိမ်ခြံမြေ ဝယ်ယူလိုသူများ သတိပြုစရာ အိမ်ငှားရှိသည့် အိမ်ကို အသစ်ပြန်ဆောက်မည်ဆိုလျှင်
အငှားချထားသည့် အစိုးရတိုက်ခန်းကို မဝယ်မိစေဖို့
လက်ရှိ သင်နေထိုင်တဲ့အိမ်က စီးပွားတက်မည့်အိမ် ဟုတ်၊မဟုတ် ကြည့်မယ်
အိမ်သူအိမ်သားများဖို့ ဥပါဒ်အန္တရာယ် ကင်းပြီး စီးပွားတက်မည့် အိမ်ဆောက်နည်း
Credit : Charm Myanmar
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties