By Sint Sint, Shweproperty.com
Updated at 19 October 2020
ယခုနေထိုင်နေတဲ့အိမ်ဟာဘယ်အမျိုးအစားထဲပါနေလဲဆိုတာလေ့လာဆန်းစစ်ကြည့်လိုက်ရအောင်.....
အိမ်၏ခေါင်းရင်းနေအိမ်သည်မိမိအိမ်ထက်မြင့်မည် ခြေရင်းအိမ်သည်လည်းမိမိအိမ်ထက်မြင့်ပါကကိုယ်နေသောအိမ်သည်အမိုးနိမ့်နေလျှင်အိမ်ပုခက်ဟုခေါ်သည်။နေသောမိသားစုသည်စီးပွားတက်၏။
ကိုယ့်အိမ်ခေါင်းရင်းအိမ်ကအမိုးနိမ့်မည် ကိုယ့်အိမ်ခြေရင်းကလဲ အမိုးနိမ့်မည်ကိုယ့်အိမ်က အလယ်မှအမိုးမြင့်မားနေပါက အိမ်မြင့်မိုရ်ဟုခေါ်သည်။
လူကြီးမိဘတို့ကိုခေါင်းရင်းဘက်ထား၍ ပြူစုလုပ်ကျွေးအားသဒ္ဓါပြည့်က အထူးကောင်းမွန်၏။ကိုယ့်အိမ်၏ခေါင်းရင်းကမြင့်မည် ကိုယ့်အိမ်၏ခြေရင်းကကိုယ့်အိမ်ထက်နိမ့်နေပါကအိမ်တောင်တန်းဟုခေါ်သည်။တစ်စိမ့်စိမ့်စီးပွားဖြစ်၏။
ကိုယ့်အိမ်၏ခေါင်းရင်းကနိမ့်၍ကိုယ့်အိမ်၏ခြေရင်းအိမ်ကမြင့်နေပါကစီးပွားအသည်းအသန်ရှာရတတ်သည်။ရေဆန်အိမ်ဟုခေါ်သည်။ ရှေးလူကြီးများကမဝယ်သင့်ဟုဆိုကြ၏။
ကိုယ့်အိမ်၏ခေါင်းရင်းနားတွင် မီးဖိုအကြီးကြီးဖြင့် စီးပွားရှာသောအိမ်ရှိနေပါက ထိုအိမ်ကိုဘုရားဆောင်ရွှေ့ခြင်း သို့မဟုတ် အိမ်အမိုးထပ်မြှင့်ခြင်းပြုအပ်၏။ မကျန်းမမာဖြစ်တတ်၏။ ဦးခေါင်းအပူတိုက်ဟုခေါ်ကြသည်။ သတိထားအပ်၏။
ကိုယ့်အိမ်၏ ဘေးဘယ်ညာအိမ်တို့မှ ဆူညံစကားပြင်းသော အသံချဲ့စက် ဆောင်းဘောက်စ်အသံအဆဲအဆိုနူတ်ကြမ်းတမ်းခြင်းပြုလုပ်နေပါက ထိုအိမ်သည် နတ်ဆိုးလှည်းအိမ်ဟုခေါ်သည်။အမင်္ဂလာအသံကြားတွင် ညပ်နေ၍ဖြစ်၏ မေတ္တသုတ်မပြတ်သရဇ္ဈယ်အပ်၏။
အလွန်စပ်စပ် စုစုနိူင်သော အိမ်နီးပါးချင်း ငွေအချေးအငှားအလွန်ပက်စက်၍ ပြန်ဆပ်လျှင် လက်အလွန်ခက်သောသူတို့နှင့် နေထိုင်ရပါက မရှိပါဟူသောစကားကိုလိမ်ညာပြောတတ်ရ၍ သီလမလုံသောကံကို စီရင်ဖန်တီးမိနေတတ်၍ အလိမ္မာဖြင့် ဝစီကံထိမ်းထိမ်းသိမ်းသိမ်းသတိထားပြော ရတတ်၏။ ဝစီဗေဒထိတိုင်းရှဟူသည်နှင့်အညီ ကိုယ်ပါဆင်းရဲနွမ်းပါးလာတတ်၏။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
လယ်မြေပုဒ်မ ၇ (က)နဲ့ ၇ (ခ)အကြောင်း သိကောင်းစရာများ
အိမ်မှာပျားစွဲရင် ကောင်းလား ၊ မကောင်းဘူးလား
မြေအမျိုးအစားများ၊ ဂရန်လျှောက်ထားခြင်း၊ မြေပုံရာဇဝင် လျှောက်ထားခြင်းနှင့်ပက်သက်၍ သိထားသင့်သည့် အချက်များ
မြေဝယ်သူတွေ စိစစ်ရမယ့် အချက်အလက် (၂၃) ချက်
Credit : Eainshinma
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties