By Sint Sint, Shweproperty.com
Updated at 13 March 2020
တိုက်ခန်းဝယ်ယူတော့မယ်ဆိုရင် ခိုင်မာမှု ရှိ/မရှိ စစ်ဆေးရမယ့် စာရွက်စာတမ်းနဲ့ အထောက်အထားများကို ယခင်ပို့စ်မှာ ရေးခဲ့ပြီးပါပြီ။
အခုပို့စ်မှာတော့ ဝယ်ယူပြီးတဲ့အခါမှာ ကိုယ့်အမည်ပြောင်းချင်တာပဲဖြစ်ဖြစ် တစ်စုံတစ်ရာ ပြုလုပ်ချင်ရင်ပဲဖြစ်ဖြစ် အလွယ်တကူ ဆောင်ရွက်နိုင်အောင် အရင်ပိုင်ရှင်ဆီက တောင်းထားသင့်တဲ့ စာရွက်စာတမ်းများကို ပြောပြပေးသွားပါမယ်။ အဲဒါလေးတွေကတော့
- အင်ဂျင်နီယာ (အဆောက်အဦးဌာနမှ) ထုတ်ပေးသော အဆောက်အဦးနေထိုင်ခွင့် စာချုပ်
- (သို့မဟုတ်) သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၏ တိုက်ခန်းနေရာချထားခြင်းလက်မှတ်
- တိုက်ခန်းလွဲပြောင်းလက်ခံခြင်း သဘောတူစာချုပ်
- မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးထားပြီးသော တိုက်ခန်းလွဲပြောင်းသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
- တိုက်ခန်းလွဲပြောင်းသူ၏ လိုက်စင်ဓါတ်ပုံ
- တိုက်ခန်းလွဲပြောင်းသူ၏ မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးထားသော အိမ်ထောင်စုစာရင်းမိတ္တူ
- တိုက်ခန်းလွဲပြောင်းသူ၏အမည်ပြောင်းလဲခြင်းအား ကန့်ကွက်ရန်မရှိကြောင်း ဝန်ခံကတိပြုချက်
- ရေခွန်ပေးဆောင်ပြီး ပြေစာမိတ္တူ (သို့) လွှဲပြောင်းလက်ခံသူမှ တိုက်ခန်းနှင့် ပတ်သက်သည့် ကြွေးကျန်ကိစ္စများ တာဝန်ယူဖြေရှင်းမည့် ဝန်ခံကတိပြုချက်စတဲ့စာရွက်စာတမ်းလေးတွေကို တောင်းထားသင့်ပါတယ်။
တလက်စတည်း တိုက်ခန်းလက်ခံသူအနေနဲ့ တိုက်ခန်းအမည်ပြောင်း လျှောက်ထားချင်တယ်ဆိုရင် လုပ်ဆောင်ရမယ့်အဆင့်များကို တင်ပြပေးလိုက်ပါတယ်။
တိုက်ခန်းများအမည်ပြောင်း လျှောက်ထားလိုပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှုးရုံးသို့ သတ်မှတ်လျှောက်လွှာပုံစံနှင့်အတူ အောက်ဖော်ပြပါစာရွက်စာတမ်းများကို ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။ စုဆောင်းရမယ့် စာရွက်စာတမ်းတွေက
- ကိုယ်တိုင်ရေးလျှောက်လွှာ (၁) စောင်
- အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ထုတ်ပေးသောအဆောက်အအုံ နေထိုင်ခွင့်စာချုပ်(သို့)သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၏ တိုက်ခန်းနေရာချထားခြင်းလက်မှတ် (၁) စောင်
- တိုက်ခန်းလွဲပြောင်းလက်ခံခြင်း သဘောတူစာချုပ်မိတ္တူ (၁) စောင်
- သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင်၏ တိုက်ခန်းပိုင်ဆိုင်သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက် (၁) စောင်
- တိုက်ခန်းလွဲပြောင်းသူ၊ တိုက်ခန်းလက်ခံသူတို့၏ မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (၁) စုံ
- တိုက်ခန်းလွဲပြောင်းသူ၏ လိုင်စင်ဓါတ်ပုံ (၂)ပုံ
- တိုက်ခန်းလွဲပြောင်းသူ၏ မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးထားသော အိမ်ထောင်စုစာရင်းမိတ္တူ (၁) စောင်
- တိုက်ခန်းလွဲပြောင်းသူ၏အမည်ပြောင်းလဲခြင်းအား ကန့်ကွက်ရန်မရှိကြောင်း ဝန်ခံကတိပြုချက် (၁) စောင်
- ရေခွန်ပေးဆောင်ပြီး ပြေစာမိတ္တူ(သို့) လွှဲပြောင်းလက်ခံသူမှ တိုက်ခန်းနှင့် ပတ်သတ်သည့် ကြွေးကျန်ကိစ္စများ တာဝန်ယူဖြေရှင်းမည့် ဝန်ခံကတိပြုချက် (၁) စောင်
ဖော်ပြပါ စာရွက်စာတမ်းတွေနဲ့ တင်ပြီးပြီဆိုရင် စည်ပင်သာယာရေးဌာနမှ စိစစ်မှုများ ပြုလုပ်ပါလိမ့်မယ်။
အားလုံး မှန်ကန်တယ်ဆိုရင်တော့ သတ်မှတ် ဝန်ဆောင်ခပေးဆောင်ပြီး လွှဲပြောင်းသူနှင့် လက်ခံသူတို့ ကိုယ်တိုင် သက်ဆိုင်ရာ စည်ပင်သာယာရေး လက်ထောက်ဌာနမှူး(မြေရာ)၏ ရှေ့တွင်လက်မှတ်ရေးထိုးပြီး လွှဲပြောင်းလို့ရပါပြီ။
တကယ်လို့ တိုက်ခန်းလွှဲပြောင်းသူက ကိုယ်တိုင်လာရောက်လွှဲပြောင်းခြင်းမပြုပါက နေ့စဉ်သတင်းစာတွင် ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာရမှာဖြစ်ပါတယ်။
သတ်မှတ်ထားသောကာလအတွင်းကန့်ကွက်ချက်မရှိဘူးဆိုရင် အမည်ပြောင်း လျှောက်ထားသူမှ မူလအဆောက်အအုံနေထိုင်ခွင့်စာချုပ်အား ပယ်ဖျက်၍ အမည်ပြောင်းလျှောက်ထားသူ အမည်ဖြင့် ချုပ်ဆိုထားသော စာချုပ်ကို ချုပ်ဆိုနိုင်မှာဖြစ်ပါတယ်။
Ref : Home In Yangon
Photo Credit : Mymoneymantra
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties