By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 2 July 2018
ရန်ကုန်မြို့တွင် ရှေးဟောင်းအဆောက်အအုံအများအပြားရှိပြီး ရှေးဟောင်းအဆောက်အအုံနှင့် ပတ်သက်၍ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မွမ်းမံခြင်းများကို အစိုးရက ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။ ရှေးဟောင်းအဆောက်အအုံနှင့် ပတ်သက်ပြီး တားမြစ်ချက်များကို ဗဟုသုတ အဖြစ်ဖော်ပြေပေးပါသည်။
ရှေးဟောင်း အဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ
အခန်း(၈)
တားမြစ်ချက်များ
၁၇။ မည်သူမျှ ပိုင်ရှင် သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်သူမရှိသော ရှေဟောင်းအဆောက်အအုံ တွေ့ရှိပါက ဤဥပဒေပုဒ်မ ၁၂ ပါ ပြဌာန်းချက်နှင့်အညီ သတင်းပို့ရန်ပျက်ကွက်ခြင်း မရှိစေရ။
၁၈။ မည်သူမျှဦးစီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ပုဒ်မ ၁၄ နှင့် ပုဒ်မ ၁၅ ပါဆောင်ရွက်ချက် တစ်ခုခုကို မပြုလုပ်ရ။
၁၉။ မည်သူမျှ ရှေးဟောင်းအဆောက်အအုံ၏ သတ်မှတ်ထားသော ပရဝဏ်အတွင်းတွင် ဦးစီးဌာန၏ စာဖြင့် ခွင့်ပြုချက်မရှိဘဲ အောက်ပါ ပြုလုပ်မှုတစ်ခုခုကို မပြုလုပ်ရ -
(က) ရှေးဟောင်းအဆောက်အအုံကို ဖျက်ဆီးခြင်း သို့မဟုတ် ပျက်စီးစေရန် ဆောင်ရွက်ခြင်း၊
(ခ) ရှေးဟောင်းအဆောက်အအုံ၏ မူလပုံသဏ္ဍာန်ကိုဖြစ်စေ၊ မူလလက်ရာကိုဖြစ်စေ ပြောင်းလဲစေရန် ပြုလုပ်ခြင်း၊
(ဂ) ရှေးဟောင်းဝတ္ထုပစ္စည်း ရှာဖွေရန် တူူးဖော်ခြင်း၊
(ဃ) ရှေးဟောင်းအဆောက်အအုံမှ မူလအစိတ်အပိုင်းများ၊ အနုပညာလက်ရာပစ္စည်းများဖြုတ်ခွာယူခြင်း၊ ဖယ်ရှားခြင်း။
၂၀။ မည်သူမျှ ရှေးဟောင်းအဆောက်အအုံ သို့မဟုတ် ရှေးဟောင်းစာရင်းအဆောက်အအုံမှ သတ်မှတ်ထားသော ဧရိယာအတွင်းတွင် ရှေးဟောင်အဆောက်အအုံကို ထိခိုက်နိုင်သည့် ဟု ယူဆရသော အောက်ပါ ပြုလုပ်မှုတစ်ခုခုကို စာဖြင့် ကြိုတင်ခွင့်ပြုချက်မရဘဲ မပြုလုပ်ရ -
(က) ရှေးဟောင်းစာရင်းဝင် အဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် ရှေးဟောင်းအဆောက်အအုံကို စီးပွားရေးအလို့ငှာ ဓါတ်ပုံ၊ ဗီဒီယို၊ ရုပ်ရှင် ရိုက်ကူူးခြင်း သို့မဟုတ် ပုံတူပွားခြင်း၊ ပုံစံငယ် ပြုလုပ်ခြင်း၊
(ခ) ရှေးဟောင်းအဆောက်အအုံအနီး သတ်မှတ်ထားသော နယ်မြေအတွင်း တုန်ခါမှုဖြစ်ပေါ်စောသော ယန္တရားကြီးများ အသုံးပြုခြင်း၊ ယာဉ်အမျိုးမျိုးသွားလာခြင်း၊
(ဂ) ရှေးဟောင်းအဆောက်အအုံ၏အနီး ထွန်ယက်စိုက်ပျိုးခြင်း၊ ဥယျာဉ်စိုက်ပျိုးခြင်း၊ တိရစ္ဆာများမွေးမြူခြင်း၊ ပိတ်ဆို့၍ ခြံစည်းရိုးများကာရံခြင်း သို့မဟုတ် ရှေးဟောင်း အဆောက်အအုံကို ထိခိုက်စေနိုင်သည့် အခြားဆောင်ရွက်မှုတစ်စုံတစ်ရာ ပြုလုပ်ခြင်း၊
(ဃ) ရှေးဟောင်းအဆောက်အအုံကို ထိခိုက်စေသော မီးပုံးပျံကဲ့သို့ ဓါတ်ငွေ့ထုတ်လွှတ်သည့် ကိစ္စများဆောင်ရွက်ခြင်း၊
(င) ရှေးဟောင်းအဆောက်အအုံကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိခိုက်စေနိုင်သော သတ်မှတ်ချက်နှင့် မကိုက်ညီသည့် လေယာဉ်များ၊ ရဟတ်ယာဉ်များ တက်ဆင်းခြင်း၊ ပျံသန်းခြင်း၊
(စ) ရှေးဟောင်းအဆောက်အအုံနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသော ဓာတုပစ္စည်းများ စွန့်ပစ်ခြင်း၊ အမှိုက်သရိုက်များ စွန့်ပစ်ခြင်း။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Google
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties