By Social Media, Shweproperty.com
Updated at 28 January 2019
တိုက်အိမ်လေးဆောက်မယ်ဆိုရင် ကုန်ကျမည့်အရေအတွက်ကို ကိုယ်တိုင် အကြမ်းဖျင်းခန့်မှန်းနည်းကို ပြောပြပေးချင်ပါတယ်။
“ဘိလပ်မြေနှင့် သံချောင်း တွက်နည်း”
ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲ မေးတတ်လို့ အကြမ်းတွက်လို့ရအောင်ပါ။မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့ ပြောကြပါတယ်။ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီးရှိပါတယ်။
“ကုဗကျင်း”
ကုဗကျင်းက အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။၅၀ ဆို ကျင်းဝက်၊ ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။ကုဗကျင်းကို ၉ လက်မနဲ့အထက် အုတ်စီခြင်းတို့ကွန်ကရစ်လောင်းခြင်းတို့မြေကြီးတူးခြင်းတို့မှာ အများဆုံးသုံးပါတယ်။ရှိသမျှ အလျားအနံအမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင်ကုဗကျင်းထွက်လာပါပြီ။မြေကြီး၁ ကျင်းဆို ၁၀ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။
1:3:6 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့်
သဲကျင်းဝက် ကျောက် ၁ ကျင်း
1:2:4 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့်
1: 1-1/2 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့်
သဲကျင်းဝက် ကျောက်၁ ကျင်း
အုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း ကုဗတစ်ကျင်းဆို ၁၃၅၀ လုံး၊ဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာမူတည်ပါတယ်။အများသုံးတဲ့ 1:4 အချိုးဆိုဘိလပ်မြေ ၆ အိတ်နီးပါး၊ သဲ .၂၈ ကျင်းတစ်မတ် သာသာလောက်။
“စကွဲယားကျင်း”
စကွဲယားကျင်း အလျားနဲ့ အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။၄လက်မခွဲ အုတ်စီခြင်း ဆေးသုတ်ခြင်းတို့အမိုးမိုးခြင်းတို့ကြွေပြားကပ်ခြင်းတို့မှာ သုံးပါတယ်။နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း မှာအုတ် ၅၅၀ လုံး 1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ .11 ကျင်း
“သံချောင်း”
သံချောင်းတစ်ချောင်းဟာ ဆိုက်မှန်ပါက ပေ ၄၀/ ၁၂ မီတာရှိရပါတယ်။သို့ပေမယ့် ၃၉ပေ ၆ လက်မလောက်ဆို မှန်တယ်ပြောရပါမယ်။ဘာမားဖြစ်ကတော့ အတိအကျပြောလို့ မရပါဘူး။
တစ်တန်မှာရှိရမယ့် အချောင်းရေက 10 မီလီ ၃မူး ( ၃/၈) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း ၊၁၂ မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း ၊၁၆ မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း ၊၂၀ မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း ၊၂၅ မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်း ရှိပါတယ်။
“ဘိလပ်မြေ”
ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုလေးပြီး အိတ်၂၀ ဟာ ၁ တန်ပါ။ သံချောင်းတွေဆက်ဖို့လိုရင် တိုင်တွေမှာ အနည်းဆုံး အဆ ၄၀ ထပ်မိနေစေ ရပါမယ်။ထုပ်တွေ ယက်မတွေမှာတော့ အဆ ၆၂ လောက်ထိ သုံးတတ်ပါတယ်။ခိုချင်ရင်တော့ ၅၀ဆလောက် ဆို ရလောက်ပါတယ်။
အခုနောက်ပိုင်း မီတာနဲ့သုံးလာပါတယ်။ဆက်သွယ်ချက်က ၁မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူးရှိပါတယ်။လက်သမားနဲ့ ယှဉ်ပြောလို့ရတဲ့အခေါ်ပါ။
1 M မီတာ= 3.281 ပေ
1 လက်မ= 25.4 mm မီလီမီတာ
1 ( 1m X 1m) မီတာ စကွဲယား= 10.78 ပေစကွဲယား
ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cuft
Ref & Photo Credit : Social Media
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties