By The Kumudra, Shweproperty.com
Updated at 13 May 2018
ကန်ထရိုက်ဆောက်လုပ်မယ့်သူတွေနဲ့ တိုက်ခန်းဝယ်ယူမယ့်သူတွေ သိသင့်တဲ့ အချက်အချို့ကို မေးမြန်းဖော်ပြပါတယ်။
မေး။ ။ ကန်ထရိုက်တာက ဆောက်လုပ်ဆဲတိုက်ကို ဆက်မဆောက်ဘဲ ငါးလလောက်ကြာရင် စာချုပ်ရုပ်သိမ်း နိုင်ပါသလား။
ဖြေ။ ။ ကန်ထရိုက်နဲ့ မြေရှင်တို့ချုပ်ဆိုထားတဲ့ နှစ်ဦးသဘောတူ ကန်ထရိုက်ဆောက်လုပ်ခြင်း ဂတိနဲ့ ဆိုင်တာပါ။ စာချုပ်ထဲမှာ (၁၈) လအတွင်း အပြီးဆောက်လုပ်မယ်လို့ သဘောတူညီချက်ရှိရင် အဲသည်ဂတိအတိုင်း မြေရှင်က လိုက်နာရမယ်။ (၅) လအတွင်း စာချုပ်ရုပ်သိမ်း လို့ မရပါဘူး။ စာချုပ်ပါအတိုင်း ကန်ထရိုက်တာက (၁၈) လအတွင်း အပြီးဆောက်လုပ်ပေးခြင်း ရှိမရှိ ကြည့်ရမှာ။
မေး။ ။ ကန်ထရိုက်တာဆီက တိုက်ခန်းဝယ်ယူရာမှာ ပတ်ကားစာချုပ်ချုပ်ဆိုရာမှာ ရှေ့နေငှားဖို့ လိုအပ်ပါသလား။
ဖြေ။ ။ ကန်ထရိုက်တိုက် ဆောက်လုပ်ပြီးစီးပြီး ကန်ထရိုက်တာဆီက တိုက်ရိုက်တိုက်ခန်းဝယ်ရင် မိမိက ပထမဆုံးအခန်းအမည်ပေါက် ပိုင်ရှင်ဖြစ်လို့ ရှေ့နေမငှားလည်း ရပါတယ်။ ကန်ထရိုက်တိုက် ဆောက်လုပ်ပြီးစီးတဲ့ အခါ ပိုင်ရှင်က သူ့အခန်းတွေသူပြန်ရောင်းတာဖြစ်လို့ အဲသည်ကန်ထရိုက်ပိုင်ရှင်တွေက သူတို့ကိုယ်တိုင် ပြင်ဆင်ထားတဲ့ စာချုပ်ပေါ်မှာ ကန်ထရိုက်တာနဲ့ ဝယ်သူလက်မှတ် ရေးထိုးပေးလိုက်လို့ပါ။
ပထမဆုံး မိမိက အမည်ပေါက်ဖြစ်တာကြောင့် မိမိကိုင်ထားရမယ့် လူနေထိုင်ခွင့်လက်မှတ်မိတ္ထူတို့ ရေစီးသွယ်တန်းထားတဲ့ စာရွက်စာတမ်းတွေမှာ အားလုံးကို ကိုယ့်လက်ထဲအပ်ရမှာပါ။ အဲသည်အခါ သူပေးတဲ့ စာရွတ်စာတမ်းတွေမှာ အဆင့်ဆင့် စာချုပ်တွေဟာ ရောင်းသူ၊ ဝယ်သူ မျှမျှတတရှိရဲ့လား၊ ရောင်းသူကန်ထရိုက်တာ ဘက်က တစ်ဖက်စောင်းနင်းရေးထားသလား၊ ဝယ်သူရဲ့အခွင့်အရေးနဲ့ ပြန်ရောင်းတဲ့အခါ မြေရှင်လက်မှတ်ထိုးခဲ့တာတွေကော ဘယ်လို သတ်မှတ်ထားသလဲ စတဲ့အချက်အလက်ကို သိထားဖို့ လိုပါတယ်။
တိုက်ခန်းနဲ့ နေခဲ့ပြီး ပြန်ရောင်းလိုက်လို့ ကန်ထရိုက်တိုက်ခန်း ပြန်ဝယ်နေထိုင်သူတွေအတွက် သိပ်မထူးဆန်းပေမဲ့ မိမိက အခုမှ တိုက်ခန်းဝယ်ပြီး နေမယ့်သူဖြစ်ရင်တော့ အိမ်ခြံမြေ အရောင်းအဝယ်တွေကို လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေငှားရမ်းသင့်ပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties