By Kyi Soe (IC), Shweproperty.com
Updated at 6 December 2017
ဥပဒေအရတော့ မှတ်ပုံတင်စာချုပ် မလုပ်လဲ ဖြစ်တယ်။
စုပေါင်းမြေပိုင်ကြတဲ့အပျောက်တိုက်ခန်းတွေအတွက်ကတော့ မှတ်ပုံတင်စာချုပ် ပြုလုပ်လျှင်ပို၍ အကျိုးထူးပါတယ်။ ဘဏ်ပေါင်လို.လဲ ရတယ်ပေါ့။
ကွန်ဒိုတွေက ပိုပြီး လုပ်သင့်ပါတယ်။
မှတ်ပုံတင် စာချုပ်ချုပ်ဆိုမယ် ဆိုရင်တော့ ကာလတန်ဖိုးစိစစ်ရေး အဖွဲ. (ရာဖြတ်) ကို တင်ပြီးမှသာ တန်ဖိုးသိကြရမှာပါ။ ၅% အခွန်တော် ခေါင်းကပ်ရဦးမယ်လေ။
၁၉၆၀ပြည့်နှစ် မြို.ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ-၂(ဂ)ရဲ. သတ်မှတ်ချက်အရ၊ အပျောက်တိုက်ခန်းပိုင်ရှင် တစ်ဦးသည် အိမ်ရှင်/မြေရှင် တစ်ဦးအဖြစ် ဖွင့်ဆိုထားခြင်း မရှိဘဲ။
ပုဒ်မ - ၁၂(၁)၏ ဖွင့်ဆိုချက် စည်းကမ်းများအရ၊ အပျောက်တိုက်ခန်းပိုင်ရှင်သည် အိမ်ငှားတစ်ဦး၏ အခွင့်အရေး၊ စည်းကမ်းချက်များနှင့်သာ ပတ်သက်နေပါသည်။
သို.ပါ၍ အပျောက်တိုက်ခန်း အဝယ်စာချုပ်အား မှတ်ပုံတင် စာချုပ်ချုပ်ဆိုရန် အဆင်မပြေပါ။ သို.သော် စုပေါင်းမြေပိုင်ဆိုင်မှု ရရှိထားသည့်၊ အပျောက်တိုက်ခန်း ပိုင်ရှင်များနှင့် ကွန်ဒိုပိုင်ရှင်များကတော့ မှတ်ပုံတင် စာချုပ်ချုပ်ဆိုခြင်းပြုလုပ်ထား သင့်ပါသည်။
မြန်မာပြည်တွင် ပါရှိပြီးသား ဥပဒေများက အိမ်ခြံမြေအတွက် ပြည့်စုံလှပါသည်။ အဂတိလိုက်စားခြင်းများ ကင်းဝေးမည်ဆိုလျှင် ကွန်ဒိုဥပဒေ သီးခြားလိုအပ်မည် မဟုတ်ပါ။ လိုက်စားခြင်း ရှိနေလို.ကတော့ ကွန်ဒိုဥပဒေထွက်လာလည်း ထူးခြားနိုင်မည် မဟုတ်ပါ။
Ref : Kyi Soe (IC)
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties