By Kumudra, Shweproperty.com
Updated at 23 June 2018
ကွန်ဒိုတွေလိုပဲပိုင်ဆိုင်မှု မှတ်ပုံတင်နိုင်ပြီး ဘဏ်တွေမှာ အပေါင်ပစ္စည်းအနေနဲ့ ငွေချေးယူနိုင်မှာဖြစ်တယ်။
အိမ်ခြံမြေကဏ္ဍမှာ တိုက်ခန်း၊ အဆောက်အအုံဆိုင်ရာ ဥပဒေထွက်ရှိဖို့လိုအပ်နေတာကြောင့် တိုက်ခန်း၊ အိမ်ရာအဆောက်အအုံဆိုင်ရာ ဥပဒေထွက်ရှိဖို့ ကြိုးပမ်းဆောင်ရွက်နေကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောပါတယ်။ အိမ်ရာကဏ္ဍ ဆောင်ရွက်တဲ့ တည်ထောင်သူ၊ တည်ဆောက်သူတွေအပြင်နေထိုင်သူတွေအတွက်ပါ ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ အဲသည် ဥပဒေသာထွက်လာရင်တည်ဆောက်သူတွေအတွက်ရော နေထိုင်သူတွေအတွက်ပါအကျိုးရှိပြီး အိမ်ရာကဏ္ဍမှာများစွာအထောက်အပံ့ရလာမှာဖြစ်တယ်။ ဒါ့အပြင် ဆောက်လုပ်ရေးကဏ္ဍအတွက်ပါ အထောက်အပံ့ကောင်းတွေရရှိလာမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
အခုဆိုရင် ဥပဒေရဲ့ မူကြမ်းကို မြန်မာနိုုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းကပြုစုပြီး ဌာနကိုတင်ပြတယ်၊ ကျွန်တော်တို့အနေနဲ့လဲ လိုအပ်နေတဲ့တိုက်ခန်းအိမ်ရာဥပဒေကြမ်းဟာ လိုအပ်နေတဲ့ ဥပဒေတစ်ခုဖြစ်တဲ့အတွက်ဆွေးနွေးမှုတွေပြုလုပ်သွားမှာပါလို့ ဦးမင်းထိန်က ပြောပါတယ်။ အဲသည် ဥပဒေသာထွက်လာရင် အိမ်ရာကဏ္ဍနဲ့ ပတ်သက်နေတဲ့ဆောက်လုပ်ရေးကဏ္ဍတွေမှာ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေများစွာမျှော်လင့်ထားပြီး အခွင့်အလမ်းကောင်းတွေပေါ်ထွက်လာမှာဖြစ်တယ်လို့သိရပါတယ်။
ဥပဒေမထွက်ခင်မှာဆိုရင် လက်ရှိတိုက်ခန်းအိမ်ရာဆောက်လုပ်မှုတွေနဲ့ပတ်သက်ပြီး အခက်အခဲတွေရှိနေပါတယ်။ အဲသည်အခက်အခဲကတော့ အိမ်ရာတည် ဆောက်သူတွေက မြေပိုင်ရှင်တွေနဲ့ အကျိုးတူဆောင်ရွက်တာတွေရှိပြီးနေထိုင်သူတွေအနေနဲ့ ပိုင်ဆိုင်မှုအာမခံချက်မခိုင်မာတာတွေတွေ့ရပါတယ်။ ဥပဒေ ထွက်လာရင်နေထိုင်သူတွေအတွက် အာမခံချက်ရလာမယ်။ အာမခံချက်တွေပေါ်မူတည်ပြီး ဘဏ်စနစ်နဲ့ချိတ်ဆက်ပြီးတော့လည်း ငွေကြေးလိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးသွားနိုုင်မှာဖြစ်ပါတယ်လို့ သူက ပြောပါတယ်။
အဲသည်လို တိုက်ခန်းအိမ်ရာဥပဒေ၊ Apartment Law ဟာ အာမခံချက်ကို ပိုခိုင်မာလာနိုင်ပြီးဆောက်လုပ်ရေးလုပ်ငန်းရှင်တွေရော ရောင်းချသူ၊ နေထိုင် သူတွေရောပိုပြီးစိတ်ချယုံကြည်စွာနဲ့ အရောင်းအဝယ်ပြုလုပ်တဲ့အခါ အဆင်ပြေလွယ်ကူစေမယ့် ဥပဒေတစ်ခုဖြစ်ကြောင်းသိရပါတယ်။
လက်ရှိမှာ တိုက်ခန်းပိုင်ဆိုင်မှုကို မြေပိုင်ရှင်တွေကသာပိုင်နေပြီး တိုက်ခန်းဝယ်ယူသူတွေက အပျောက်စနစ်စာချုပ်နဲ့သာပိုင်ဆိုင်နေရပါတယ်။ ပိုင်ဆိုင်မှုအထောက်အထားပိုပြီး ခိုင်မာလာဖို့ ဥပဒေမူကြမ်းကိုရေးဆွဲနေတာဖြစ်တယ်လို့ သိရပါတယ်။ တိုက်ခန်းအိမ်ရာဆိုင်ရာအဆောက်အအုံ ဥပဒေပြဋ္ဌာန်းပြီးရင်ကွန်ဒိုတွေလိုပဲ ပိုင်ဆိုင်မှုမှတ်ပုံတင်နိုင်ပြီး ဘဏ်တွေမှာအပေါင်ပစ္စည်းအနေနဲ့ ငွေချေးယူနိုင်မှာဖြစ်တယ်။
Ref : Kumudra
Photo Credit : Margarianlaw
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties