By Yangon Media Group, Shweproperty.com
Updated at 29 November 2017
တိုက်ခန်းအရောင်းအဝယ်တွင် အမည်ပြောင်းခနှင့် လခပေးဆောင်နေရခြင်းများမှာ ယခုထိ ရှိနေသေးသောကြောင့် တိုက်ခန်းစတင်ဝယ်ယူသည့် အချိန်ကတည်းက မြေရှင်မှ လက်မှတ်မထိုးပေးခြင်း၊ ငွေထပ်မံတောင်း ခြင်းများမဖြစ်ပေါ်စေရန် အရောင်းအဝယ် စာချုပ်ချုပ်ဆိုချိန်၌ မြေရှင်လက်မှတ် ထိုးခနှုန်းထားကို တစ်ပါတည်း ထည့်သွင်းချုပ်ဆို သင့်ကြောင်း ဥပဒေရေးရာ ပညာရှင်များနှင့် အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။
အချို့ တိုက်ခန်းဝယ်ယူထားသူများသည် တိုက်ခန်းပြန်လည်ရောင်းချလိုသည့် အချိန်တွင် အမည်ပြောင်းခကို ဈေးနှုန်းသေချာ မသတ်မှတ်ထားမိခြင်းကြောင့် မြေရှင် တောင်းသည့် ပမာဏအတိုင်း ပေးနေရသ ဖြင့် မြေရှင်နှင့် စကားများရခြင်းများ ကြုံတွေ့ နေရသည်ဟု အိမ်ခြံမြေအကျိုးဆောင် အသိုင်းအဝိုင်းက ဆိုသည်။ ''အရောင်းအဝယ် လုပ်တဲ့အခါမှာ ဘာသဘောတူညီမှုမှ စပြီးမလုပ်ထား မပြောထားရင် ပေးစရာမလိုပါဘူး။ မြေရှင်က သူ့လက် မှတ်ပါမှ ဆိုပေမယ့် ကန်ထရိုက်အခန်းတွေဆိုရင်တော့ တိုက်ရိုက်ရောင်းလို့ရတယ်။ စာချုပ်ပါအတိုင်းပေးတာကို လက်မခံရင်တော့ ပျက်ကွက်တာ မဟုတ်တာကြောင့် တရားဝင် ရောင်းလို့ရတယ်''ဟု တရားလွှတ်တော်ရှေ့ နေ ဦးကြည်ညွန့်က ပြောသည်။
အချို့ မြေရှင်များအနေဖြင့် အမည် ပြောင်းခြင်းမျိုးကြုံလျှင် မြေရှင်နှင့် သဘောတူညီချက် ပထမစာချုပ်တွင်ပါသည့် တန်ဖိုး အတိုင်းပေးသည်ကို လက်မခံတော့ဘဲ လက် မှတ်ထိုးခကို မတန်တဆ ဈေးတောင်းဆိုခြင်းများ ရှိနေခြင်းဖြစ်သည်။ ''တိုက်ခန်းဝယ်သူအချို့က မသိတဲ့အတွက် စာချုပ်မှာအမည်ပြောင်းခကို ထည့်မချုပ်ထားဘူး။ ဒါကိုမြေရှင်က နောက်အရောင်းအဝယ် လုပ်တဲ့အခါမှာ ကောင်းကောင်း ကိုင်တော့တာပဲ။ ဒါကြောင့် ဝယ်ယူသူတွေအနေနဲ့ သာမန်အကျိုးဆောင်တွေနဲ့ ချိတ်ဆက်ဝယ်ယူတာထက် ဥပဒေတတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်တွေ၊ တရားဝင် အသိအမှတ်ပြုထားတဲ့ အကျိုးဆောင် တွေနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ ဝယ်သင့်တယ်''ဟု ကမာရွတ်မြို့နယ်မှ အိမ်ခြံမြေအကျိုးဆောင် ဒေါ်သက်သက်ဆွေကဆိုသည်။
Ref & Photo Credit : Yangon Media Group
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties