By ဇော်မြင့်ဦး (အိမ်ခြံမြေ လမ်းညွှန်), Shweproperty.com
Updated at 27 November 2017
ဘဏ် မှငွေချေးယူ လိုုပါက ဦးစွာငွေချေးယူမည့်ဘဏ်တွင် ဘဏ်ချေးငွေ အတွက် သတ်မှတ် ပုံုစံဖြင့် လျှောက်လွှာ တင်ရမည်။သ က်ဆိုုင်ရာဘဏ်ချေးငွေဌာန မန်နေဂျာမှ တစ်ဆင့်အဆင့်ဆင့် ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ စာရွက်စာတမ်းပြည့်စုံုမှုုနှင့် လုုပ်ငန်း အပေါ်မူတည်ပြီးဘဏ်ချေးငွေကိုု တစ်ပတ်ဆက်ရက်အတွင်း ထုုတ်ယူနိုုင်သည်။ ဘဏ်ချေးငွေ ရယူလိုုလျှင် ယေဘုုယျအားဖြင့်အောက်ပါအချက်နှစ်ချက် ပြည်စုံုရမည်.... ၁ ။ ရှင်သန်တိုုးတက်မှုုရှိသော စီးပွားရေးလုုပ်ငန်း ၂ ။ ဘဏ်မှ အပေါင်းပစ္စည်းအနေဖြင့် ရယူထားရှိနိုုင်မည့် အာမခံပစ္စည်း ဘဏ်မှငွေချေးမည်ဆိုုပါကသင့်လျော်ကောင်းမွန်သည့် အာမခံပစ္စည်း တစ်ခုုခုု တင်ပြရပါမည်။ အာမခံပစ္စည်းတန်ဖိုုး၏ ၃၀% ခန့်ကိုုသာချေးငွေအဖြစ် ထုုတ်ပေးသည်။ရာခိုုင်နှုုန်းသတ်မှတ်ခြင်းကိုု ဘဏ်၏ ရာဖြတ်နှင့် ဘဏ်၏ သတ်မှတ်ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်သည်။ ဘဏ်တွင် တွေ့ရသည့် အာမခံအမျိုးအစားများမှာ - 1. လူပုုဂ္ဂိုလ်ဆိုုင်ရာ အာမခံ ၊ 2. မရွှေ.မပြောင်းနိုုင်သော ပစ္စည်းအာမခံ ၊ 3. ရွှေ.ပြောင်းနိုုင်သော ပစ္စည်းအာမခံ ဥပမာ- စိန်ရွှေရတနာ ၊ မော်တော်ကား၊စက်ပစ္စည်းစသည်အာမခံပစ္စည်းသည်ရန်ကုုန်၊ စစ်တွေ၊ မော်လမြိုင် ၊ ပုုသိမ် ၊ မန္တလေးမြို့ နှင့်နိုုင်ငံတော်သမ္မတက ပြန်တမ်များ ကြော်ငြာပြီးသတ်မှတ်ထားသည့်မြို့များ၌ရှိလျှင် ချေးငွေစာချုပ် အတွက် တံဆိပ်ခေါင်းခွန်ကင်းလွတ်ခွင့်ရပြီး ၊ချေးငွေစာချုပ်ကိုု ဘဏ်တွင်သာ ချုပ်ဆိုုကြရမည် ဖြစ်ပါသည်။ အကယ်၍အာမခံပစ္စည်းသည် အထက်ဖေါ်ပြပါမြို့ များတွင် မပါဝင်ပါက အာမခံပစ္စည်းတည်နေရာ မြို့၏ စာချုပ်စာတမ်း၊ မှတ်ပုံုတင်ရုံုးသွား၍ မှတ်ပုံုတင်အရာရှိရှေ.မှောက်တွင် ငွေချေးစာချုပ်ကိုု ပြုလုုပ်ချုပ်ဆိုုရမည်။ ဤအတွက် ချေးငွေ ၁၀၀ အပေါ် ၂% တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည် ဖြစ်သည်။ အာမခံပစ္စည်းသည် ရန်ကုုန်မြို.၌ တည်ရှိခြင်းမဟုုတ်ပါက အာမခံပစ္စည်း တည်နေရာမြို့သိုု့ ဘဏ်ရာဖြတ်၊ ဘဏ်ရှေ့နေနှင့် မီးအာမခံတိုု့ကိုု ခေါ်ရမည် ဖြစ်သည်။ ၎င်းအတွက် အကြိုအပိုု့တာဝန်ကိုု ငွေချေးသူများကတာဝန်ယူ ကြရသည်။ ဘဏ်အနေအထားကိုုလိုုက်၍ ဘဏ်ရာဖြတ်ကိုုသာ ခေါ်ဆိုုကြခြင်းလည်း ရှိပါသည်။ ဘဏ်ရှေ.နေကိုုခေါ် ခြင်းမှာ သက်ဆိုုင်ရာ စာချုပ်စာတမ်းရုံုးနှင့် မြေစာရင်းရုံုးတိုု့တွင် ကြည့်ရှုုစစ်ဆေးရန် ဖြစ်သည်။ ဘဏ်ရာဖြတ်မှာ အာမခံပစ္စည်းများကိုု တန်ဖိုးသတ်မှတ် ပေးရန် ဖြစ်သည်။မီးအာမခံမှာ အာမခံအတွက် လုုပ်ဆောင်ရန်ဖြစ်သည်။ မြေနှင့်အိမ် အပေါင်ထား၍ငွေချေးယူခြင်းအတွက်တင်ပြရန် လိုုအပ်ချက်များ" 1. လွှဲပြောင်းနိုုင်သော မြေအမျိုးအစားဖြစ်ရမည်။ 2. မြေစာရင်းရုံုးပုံုစံ ၁၀၅ ၊ ၁၀၆ နှင့် ၁ (က) ရှိရမည်။ 3. မြေနှင့် မြေပေါ်အဆောက်အအုံု ပိုုင်ဆိုုင်ကြောင်းမှတ်ပုံုတင် စာချုပ် ၊မြေပုံု ၊မြေရာဇဝင်၊ ခြောက်လအတွင်း ဆက်စပ်စာချုပ်များ ၊ 4. တရားဝင်လုုပ်ကိုုင်နေသော သက်တမ်းရှိ လုုပ်ငန်းလိုုင်စင် ၊ သက်ဆိုုင်ရာ ဝန်ကြီးဌာနတစ်ခုုခုုမှ ရယူထားသော လုုပ်ငန်းလိုုင်စင် ၊ company မှတ်ပုံုတင်လတ်မှတ် ၊ သင်းဖွဲ.မှတ်တမ်းနှင့် သင်းဖွဲ.စည်းမျဉ်း ၊ ပုံုစံ ၆/၂၆/ အီး စည်ပင်သာယာတွင် လုုပ်ငန်းတစ်ခုုခုုအတွက် အခွန်ဆောင်ရပါက ၎င်းတွင်မိမိပိုုင်အိမ်အတွက် လုုပ်ငန်းအတွက် အခွန်ကြွေးကျန်မရှိကြောင်း ထောက်ခံချက်ယူရန် ၊ company ဖြစ်လျှင် ဒါရိုုက်တာ အဖွဲ.အစည်း အဝေး ဆုံုးဖြတ်ချက် ၊ 5. လုုပ်ငန်းနှင့်ပတ်သက်၍ နိုုင်ငံတော်သိုု့ ပေးဆောင်ထားသော အမြတ်ခွန်ပြေစာများ၊ ပြည်တွင်းအခွန်မှ အခွန်ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံစာ၊ 6. အာမခံ ဆောက်အအုံုနှင့် လုုပ်ငန်းဆောက်အအုံုတိုု့ကိုု မှတ်တမ်းတင်ဓာတ်ပုံု ( ရှေ. ၊ နောက် ၊ ဝဲယာ ၊ အတွင်းပုံု ) 7. လုုပ်ငန်းနှင့်သက်ဆိုုင်သော အရံှုုးအမြတ်စာရင်း၊ 8. အာမခံပစ္စည်းနှင့် သက်ဆိုုင်သော တခြား လိုုအပ်သော စာရွက်စာတမ်းအပြည့်အစုံု (မြေပုံု၊ မြေရာဇဝင်)၊ 9. ဘဏ်တွင် အပေါင်ထားသည့် မြေနှင့်အိမ်ကိုု မိမိအမှန်တကယ်ပိုုင်ဆိုင်ကြောင်း ၊ လွှဲပြောင်းရောင်းချ ပေါင်းနံှထားခြင်း မရှိကြောင်း တရားသူကြီးထံမှ ကျမ်းကျိန်လွှာ၊ 10. တခြားလိုုအပ်သော စာရွက်စာတမ်းများ ( စည်ပင်ခွန်၊ မြေခွန် ၊ပြေစာများ ၊အိမ်ထောင်စုုစာရင်း မိတ္တူသုံုးစုံု မှတ်ပုံုတင် ) ( company အစည်းအဝေး ဆုံုးဖြတ်ချက်) ၊ မှတ်ပုံုတင်မိတ္တူ ၊ 11. အဆောက်အအုံုမှာ အသစ်ဖြစ်က ဆောက်လုုပ်ပြီးစီးကြောင်းသက်သေခံလက်မှတ် B.C.C ။ ထိုုကဲ့သိုု. ချေးငွေလျှောက်လွှာ အမှုုတွဲတင် ရာတွင် ဘဏ်ရှေ.နေထောက်ခံချက်နှင့် ရာဖြတ်အစီရင်ခံစာတိုု့ ပါရှိရမည်။ အဆိုုပါ ဘဏ်ချေးငွေကိုု အတိုုးရော အရင်းပါ တစ်နှစ်အတွင်းပြန် ဆပ်ရသည်။ ဘဏ်တွင်း ငွေသွင်းငွေထုုတ် လုုပ်ရန်ကြိုတင်ပြုလုုပ်ထားရသောစာရင်းရှင်လက်မှတ်မှတစ်ဆင့် ( Current Account ) ထုုတ်ယူနိုုင်ပါသည်။ ဘဏ်များမှ ငွေချေးယူခြင်းနှင့်ပက်သက်၍လိုုအပ်ချက်နှင့် လုုပ်ထုံုးလုုပ်နည်းများအား နမူနာဗဟုုသုုတအဖြစ် အကြမ်းဖျင်း တင်ပြခြင်းသာ ဖြစ်ပါ သည်။ဘဏ်တစ်ခုုနှင့်တစ်ခုုမှာ ငွေချေးယူရန် လိုုအပ်သည့် အထောက်အထား စာရွက်စာတမ်း၊ ဘဏ်တိုုး၊ အချိန်ကာလနှင့် လုုပ်နည်းလုုပ်ဟန်မှာ အနည်းအကျဉ်းစီ ကွဲလွဲမှုများ ရှိနိုုင်မည်ဖြစ်ပါသည်။ Ref : ဇော်မြင့်ဦး (အိမ်ခြံမြေ လမ်းညွှန်) Photo Credit : bizjournals Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties