By Home & Decor, Shweproperty.com
Updated at 8 July 2015
ရန်ကုန်မြို့ဧ။် ထိန်းသိမ်းစောင့်ရှောက်သော ဗိသုကာအမွေအနှစ်အဆောက်အအုံများအနက် ရန်ကုန်မြို့တော်ကြီးဧ။် အလယ်ဗဟိုဖြစ်ရာ ဆူးလေစေတီတော်ကြီးအနီး ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့် အမှတ် (၂၄/၂၅) ဆိုသည့် မြဝတီဘဏ်အဆောက်အအုံကြီးမှာ နောက်ခံသမိုင်းအဖုံဖုံတို့ဖြင့် ပြည့်နှက်နေခဲ့လေသည်။ ရန်ကုန်မြို့ အချက်အချာနေရာ-- ကြီးမားထင်ရှားသည့် အရွယ်အစားနှင့် ခမ်းနားကျယ်ဝန်းလှသည့် ယင်းအဆောက်အအုံကြီးက ခေတ်ဆန်းခေတ်ထိတိုင် ငွေကြေးလည်ပတ်မှု နှင့် မကင်းနိုင်သော ယင်းအဆောက်အအုံကြီးမှာ ဒုတိယကမ္ဘာစစ်မတိုင်မီ စစ်ကြိုကာလကတည်းက မြန်မာ့စီးပွားရေးအလားအလာများကို ဖော်ဆောင်ပေးခဲ့သည့် ပြယုဂ်ကြီးဖြစ်သည်။ လှုပ်ရှားပြောင်းလဲမှုများဖြင့် အတိတ်ဖြစ်စဉ် မြဝတီဘဏ်အဖြစ်အသုံးပြုခဲ့သော အဆိုပါ ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့်မှ အဆောက်အအုံမှာ ကနဦးကတည်းကပင် ဗြိတိသျှကိုလိုနီအစိုးရအတွက် ဘ----စု ဆောင်းပေးရာ Rserved Bank of India အဖြစ် သီးသန့်ဒီဇိုင်းဆွဲ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးစနစ်အရ မြန်မာနိုင်ငံသည် အိန္ဒိယအုပ်ချုပ်မှု အောက်တွင်ရှိနေခဲ့ပြီး မြန်မာနိုင်ငံနှင့် အိန္ဒိယအုပ်ချုပ်မှုမှ ခွဲထွက်သည့် (၁၉၄၂) ခုနစ်နောက်ပိုင်းတွင် အဆိုပါ Rserved Bank of India သည် မြန်မာနိုင်ငံအတွက် သီးသန့်ငွေကြေးစနစ်ကို ဆက်လက်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်ကာလအတွင်း မြန်မာနိုင်ငံဧ။် ဘဏ်လုပ်ငန်းအဖွဲ့အစည်းအတွင်း ဝတ္ထုဇာတ်လမ်းဆန်ဆန် ကသောင်းကနင်းဖြစ်ခဲ့ရသည်။ (၁၉၄၂) ခုနစ် အစောပိုင်း -- ရန်ကုန်မြို့တော်ဆီသို့ ဂျပန်များချီတက်လာခဲ့ပြီးဖြစ်ရာ ဘဏ်ဝန်ထမ်းများက ဘဏ်ငွေများကို ဂျပန်လက်ထဲရောက်ရှိသွားခြင်းမျိုးမရှိစေရန်ကာကွယ်ဖြေရှင်းရတော့သည်။ ဘဏ်စုငွေများကို အနည်းဆုံးပမာဏအထိ လျှော့ချရန်ကြိုးပမ်းခဲ့ပြီး ဝန်ထမ်းများထွက်ပြေးစဉ် ကျန်ရှိနေသေးသော ငွေများကို အစုများခွဲ -- တစ်ပါတည်းယူဆောင်သွားစေခဲ့သည်။ ငွေသားစက္ကူများကို မီးရှို့ဖျက်ဆီးခဲ့ပြီးငွေအကြွေစေ့များကိုမူ အလွယ်တကူအစဖျောက်ရန်ခဲယဉ်းသဖြင့် မြစ်တို့ဧ။်ကြမ်းပြင်အထိ နစ်မြှပ်စေရန် လွှင့်ပစ်ဖို့ ဆုံးဖြတ်ခဲ့ရလေတော့သည်။ (၁၉၄၂) ခုနစ် မတ်လအတွင်းတွင် ဂျပန်တို့သည် ရန်ကုန်မြို့တော်ထိရောက်ရှိလာခဲ့ရာ ဂျပန်တပ်မတော်က ယင်းအဆောက်အအုံထဲ ဝင်သိမ်းခဲ့ပြီး ဘဏ်ငွေတိုက်ခန်းကို ဖောက်ထွင်းရန် ကြိုးစားခဲ့ကြသည်။ အမေရိကန်ထုတ် Chubb အမှတ်တံဆိပ် ကမ္ဘာသုံးမီးခံသေတ္တာတံခါးအသုံးပြုထားခဲ့သော ငွေတိုက်ခန်းကို အလွယ်တကူဖွင့်နိုင်ခဲ့ခြင်းမရှိခဲ့ရာ ငွေတိုက်ခန်းနံရံကို ဒိုင်းနမိုက်များဖြင့်ဖြိုခွဲဖျက်ဆီးခဲ့ပြီး ဗလာကျင်းနေသော အခန်းလွတ်ကိုသာ မြင်တွေ့ခဲ့သဖြင့် ဂျပန်တပ်များအကြီးအကျယ် အမျက်ထွက်ခဲ့ရသည့် နေရာလည်းဖြစ်ပါသည်။ ငွေတိုက်ခန်းမှ လက်ကျန်စုငွေများကို ယူဆောင်ကာ ဘဏ်ဝန်ထမ်းများမြန်မာပြည် မြောက်ပိုင်းသို့ထွက်ပြေးသွားချိန်တွင် ဂျပန်များမရောက်မီ ငွေတိုက်တွင်းအပြီးသတ်ရှင်းလင်းရေးကို ဘဏ်ဧ။် ဘ----ရေး ထိန်းသိမ်းရေးမှူး A.K Potter က ကြီးမှူးဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ သယ်ယူသွားနိုင်ခြင်းမရှိတော့ဘဲ ကျန်ရစ်နေသည့် ငွေသားထုပ်များကို မီးလင်းဖိုကဲ့သို့အလယ်တွင် နေရာလွတ်ချိန်ကာ အုတ်နီခဲများသဖွယ်အထပ်လိုက်စီပြီး ငွေသားများကို အစုလိုက်အပြုံလိုက်မီးရှို့ဖျက်ဆီးခဲ့သည်။ ငွေအကြွေစေ့များကိုမူ လှည်းများဖြင့်တိုက်ကာ သယ်ဆောင်သွားခဲ့ပြီး မော်တော်ဘုတ်များဖြင့် မြစ်များအတွင်း ကြဲဖြန့်နှစ်မြှပ်ကာအစဖျောက်ခဲ့ကြသည်။ ယင်းနှစ် နောက်ပိုင်း-- အဆိုပါ အဆောက်အအုံကြီး အတွင်း-- ပင် ဂျပန်တို့က People's Bank of Burma တည်ထောင်ခဲ့ပြီး အရှေ့အာရှ၏ ပိုမိုကြွယ်ဝချမ်းသာသော နယ်ပယ်မျာစုစည်းမှု၏ တစ်ခုတည်သော ဘုံငွေကြေးစနစ် စီမံကိန်း တစ်စိတ်တစ်ပိုင်းအဖြစ်တောင်ပိုင်းဒေသ ငွေကြေးဖွံ့ဖြိုးတိုးတက်မှုကို ဂျပန်တို့သတ်မှတ် ဆောင်ရွက်ခဲ့ကြလေတော့သည်။ ထို့နောက် (၁၉၄၅) ခုနစ်၊ ဧပြီလကုန်ပိုင်းတွင်ဂျပန်များ လက်မှ ဗြိတိသျှမဟာမိတ်တပ်များ ရန်ကုန်မြို့တော်ကို ပြန်လည်သိမ်းယူရန်ကြိုးပမ်းလာခဲ့သည်တွင်လည်း ယင်းအဆောက်အအုံတွင်ဂျပန်ဘဏ်ဝန်ထမ်းများက အလားတူငွေကြေးဖျက်ဆီးပစ်ခဲ့ကြရန် ကြိုးပမ်းခဲ့ကြပါသည်။ သို့သော် ခြေတစ်လှမ်းပိုသာနေခဲ့သော ဗြိတိသျှမဟာမိတ်တပ်များက ဂျပန်တို့မှန်းထားသည့်ရက်ထက် စောလျှင်စွာရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ကြသဖြင့် မီးရှို့ဖျက်ဆီးရန်ပင် အချိန်မရှိခဲ့ကြပေ။ ပထမဦးဆုံး မဟာမိတ်တပ် ရန်ကုန်သို့ ရောက်ရှိလာချိန်တွင် ဗြိတိသျှနှင့် အတူလိုက်ပါလာသည့် အမေရိကန် တပ်ဖွဲ့ဝင် Glenn S. Hensley ၏ မှတ်တမ်းအရ ထိုစဉ်အခါက ဘဏ်အဆောက်အအုံ ပတ်ဝန်းကျင်တဝိုက် လမ်းမများထက်တွင် ငွေစက္ကူများမှာ အမှိုက်များကဲ့သို့ မြင်းမကောင်းလောက်အောင်လွင့်နေခဲ့ပြီး သစ်ပင်မှ ကြွေကျလာသည့် ရွက်ကြွေများပမာစုပုံနေခဲ့သည်ဟု သိရပါသည်။ အဆိုပါစစ်ပွဲမှစတင်ကာ မြန်မာနိုင်ငံ၏ဘ---ရေးမူဝါဒဆိုင်ရာ ပြောင်းလဲမှုကြီးများကို ယင်းဘဏ်အဆောက်အအုံမှာပင် ပြုလုပ်ခဲ့ကြကြောင်း လေ့လာဖတ်ရှုရပါသည်။ လွတ်လပ်ပြီး ခေတ်ကာလတွင်ဘဏ်ကို ပြည်ထောင်စုဘဏ်ကို ပြည်ထောင်စုဘဏ်ဟု အမည်ပြောင်းခဲ့ကာ (၁၉၅၂) ခုနစ်မှစတင်ကာပေါင်စတာလင်မှ သီးခြားဗမာ့ငွေကြေးကျပ်၊ ပြားစနစ်ကို ပြောင်းလဲသတ်မှတ်နိုင်ခဲ့သည်။ ထို့နောက်ဆိုရှယ်လစ်ခေတ်အတွင်း (၁၉၆၄) ခုနစ် -- ပြည်ထောင်စုဘဏ်မှ ငွေကြေးတန်ဖိုးလျှော့ချသတ်မှတ်ခဲ့ပြီး (၁၉၆၇) ခုနစ် မေလ (၁၇) တွင် တရားဝင် မဟုတ်တော့သည့် (၅၀) ကျပ်၊ (၁၀၀)ကျပ်တန်များကို တစ်ပတ်အတွင်းဘဏ်-- တစ်ဦးလျှင် (၅၀၀) ကျပ်တန်ဖြင့် လာရောက်လဲလှယ်ကြရန် ကြေညာသွားခဲ့သည်။ လွန်ခဲ့သောဆယ်စုနှစ်များအတွင်း အဆိုပါဘဏ်ကို အစိုးရမူဝါဒပြောင်းလဲမှုများအပေါ်မူတည်ပြီး အမည်နှင့် အဆောက်အအုံပုံစံအမျိုးမျိုးပြောင်းလဲသတ်မှတ်ခဲ့ကြသည်။ (၁၉၇၀) ပြည့်နှစ်တွင် ဘဏ်များစုပေါင်းကာ ထင်းနေရာ-- ပင် The People's Bank of the Union of Burma အဖြစ် ဖွင့်လှစ်ခဲ့ကြသည်။ (၁၉၇၅) ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် နှင့် မြန်မာ့ လယ်ယာစိုက်ပျိုးရေးဘဏ်ဟူသည့် အစိုးရပိုင်ဘဏ်ကြီးလေးခုကို ပေါင်းစည်းကာအဆိုပါအဆောက်အအုံတွင် ဖွင့်လှစ်လည်ပတ်ခဲ့သည်။ (၁၉၉၀) ပြည့်နှစ်တွင် မြန်မာ့ဘဏ်လုပ်ငန်းကိုပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်အဖြစ်ပြောင်းလဲကာ အစိုးရဘဏ်လုပ်ငန်းနှင့် ငွေကြေးလည်ပတ်မှုတစ်ခုလုံးကို ဆောင်ရွက်ခဲ့လေသည်။ (၂၁) ရာစုအထိ ရပ်တည်နေဆဲ ဘဏ်ဆောက်အအုံ (၁၉၉၃) ခုနစ်မှ စတင်ကာ အဆိုပါ အဆောက်အအုံကြီးမှာပြည်ထောင်စု မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ပိုင်ဆိုင်သည့် မြဝတီဘဏ်ရုံးချုပ်ဖြစ်လာခဲ့သည်။ ရာစုနှစ်တစ်ခုစာ ဘ---ရေးမူဝါဒ ပြောင်းလဲမှုအမျိုးမျိုးအလယ် ဗဟိုမ---- အဖြစ်ရပ်တည်နေခဲ့ရုံသာမက ထူးခြားပြောင်မြောက်သည့် ဗိသုကာအနုပညာတို့ကိန်းအောင်းရာ အဆောက်အအုံလည်းဖြစ်ပေသည်။ ရန်ကုန်နည်းပညာတက္ကသိုလ် ဗိသုကာဌာနမှ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာကျော်လတ်ကလည်း လွန်ခဲ့သောနှစ်များအထိ မြဝတီဘဏ်အဖြစ်ရပ်တည်ပေးခဲ့သော အဆိုပါအဆောက်အအုံကြီးမှာ ရန်ကုန်မြို့လယ်ရှိ ကိုလိုနီခေတ် အဆောက်အအုံလက်ရာများ အနက် အထူးခြားဆုံးဖြစ်ကာ ၎င်းအနှစ်ခြိုက်ဆုံးလက်ရာများဖြင့် ဖွဲ့စည်းတည်ဆောက်ထားကြောင်းပြောကြားခဲ့ဖူးပါသည်။ မြဝတီဘဏ် အဆောက်အအုံတွင်အီတလီလက်ရာနှင့် ဂန္တဝင်ဗိသုကာလက်ရာ ရှေးဟောင်းအငွေ့အသက်များထုံမွှမ်းနေသည့် အဆောက်အအုံတွင် ဂရိဘုရားကျောင်းမျက်နှာစာပုံသ---န် အရွယ်အစားကြီးမားညီမျှသော တိုင်လုံးကြီးများ အပြိုင်စိုက်ထူထားခြင်းမှာ ဘဏ်ဝန်ဆောင်မှု-- ပြည်သူများအလိုရှိဆုံးဖြစ်သော ရိုးသားမှု၊ တည်ငြိမ်မှု နှင့် ရေရာသော အနာဂတ်အာမခံချက်ကို ကိုယ်စားပြုသည့် ဒီဇိုင်းလက်ရာများပင်ဖြစ်တော့သည်။ အဆိုပါအဆောက်အအုံကို (၂၀၁၅) ခုနစ်တွင် လိုအပ်သည်များကို အနည်းငယ် ပြန်လည် မွန်းမံပြင်ဆင်လျှက်ရှိပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော Stock Exchange Market ကို မကြာမီ ဖွင့်လှစ်တော့မည်ဟု သိရပါသည်။ ရန်ကုန်မြို့ရှိ သမိုင်းဝင် အဆောက်အအုံများထဲတွင် ထုထည်ကြီးမားပြီး အထင်ကရ သမိုင်းကြောင်းအထောက်အထားများဖြင့် ခမ်းနားကြီးကျယ်စွာရပ်တည်လျှက်ရှိသည့် (ယခင်) မြဝတီဘဏ် အဆောက်အအုံအကြောင်းကို စာဖတ်သူတို့အား ဝေမျှပေးလိုက်ပါသည်။ ယခုဆောင်းပါးကို မြန်မာနိုင်ငံ ဗိသုကာအသင်းမှ ထုတ်ဝေသည့် 30 Heritage Buildings စာအုပ်မှ ဘာသာပြန်ဆိုကာ ဝေမျှထားပါသည်။ ဆောင်းပါးဖြစ်မြောက်ရေးအတွက် ကူညီပေးသော Yangon Hritage Trust ကို ကျေးဇူးတင်ရှိပါသည်။ Ref : Home & Decor
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties