By Sint Sint, Shweproperty.com
Updated at 28 February 2020
မြန်မာ ဂမ္ဘီရ လောကီဝိဇ္ဇာ ဓရ ပညာဖြင့် ” မြေ” ပိုင်ရှင် ” အိမ်” ပိုင်ရှင်ဖြစ်အောင် ဆောင်ရွက်နည်း
သစ်တံခါးဆရာတော်၏ ရေးသားဖော်ပြချက်အား အဓိဋ္ဌာန် ကျင့်ဆောင်ပုံ တင်ပြပေးခြင်းပါ။
မိမိမှာ အိမ်ပိုင်ရှင် မြေပိုင်ရှင် ဖြစ်လိုပါက ..
နေ့စဉ်နေ့တိုင်း ထမင်းစားသောက်သည့်အခါ မိမိစားသုံးနေသော စားပွဲ မှ ၎င်း .. တစ်နေရာ တွင် သီးသန့် ထား၍ သော်၎င်း .. တစ်ယောက်စာ တစ်ပန်းကန်စာ ကိုဟင်းအားလုံး စု့ပုံထည့်ကာ ခက်ရင်း ဇွန်းတပ်ပြီး လက်နှင့် ကိုင်မြှောက်ကာ ....” ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူပြီးကြသောမြတ်ဗုဒ္ဓအဆူဆူတို့အား တစ်ပွဲ ရဟန္တာ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များနှင့် သံဃာတော်အပေါင်း အရိယာဝိဇ္ဇာဓမ္မဝိဇ္ဇာထွက်ရပ်လမ်း စရောက်တော်မူကြသော ဝိဇ္ဇာထိုရ်သူတော်ကောင်း အပေါင်း အရှင်ကောင်းတို့အား ကိုယ်တိုင် ကြွရောက်၍ ဘုန်းပေးတော် မူကြပါ။ သုံးဆောင်တော်မူ ကြပါဟု ” … ပင့်ဖိတ် ၍ အလှုဒါန ပြု့ပေးပါ။ သောက်တော်ရေ (သို့) ရေနွေး ကြမ်းတစ်ခွက်စီ ချ၍ ကပ်လှုပေးပါ ။
ကပ်လှုထားသော ပန်းကန် ၂ ခု့ ထဲတွင် အချိူပွဲပါစု့ပုံပြီး ကပ်လှုပါ။
မိမိ ထမင်းစား ပြီးဆုံးပါက ....မြတ်ဗုဒ္ဓ နှင့်ရဟန္တာ များ အရိယာ ဝိဇ္ဇာ ဓမ္မဝိဇ္ဇာ တို့အတွက် အလှုဒါန ပြု့ထားသော ပန်းကန်များကို ကိုင်ပြီး မြေကြီး အလွတ်တစ်နေရာ .. မြေ ပြင်ပေါ် တွင် ဘာမှ မခင်းရပါ ။ ” သစ္စာ ” ပြု့ကာ တပည့်တော် တစ်ခါမှ မလှူဒါန်းဖူးသော အလှုဒါနကို လှုဒါန်းပါ၏ ။ ဘုရားတပည့်တော်သည် မြေကြီးပေါ်မှာနေ မြေကြီး ပေါ်မှာ စား၊ မြေကြီး ပေါ်မှာ ကျင်ကြီး ကျင်ငယ် စွန့်ကာ နေထိုင်သည့်အတွက် ” အသင်” မြေကြီးသည် ကျေးဇူး ကြီးမားလှပါသည် ။ ဤကဲ့ သို့ ကျေးဇူး ကြီးမားလှသောကြောင့် ” ဤ မြေကြီးကို စောင့်ရှောက်နေပါသော ” ဝသုန္ဒရေ ” မြေစောင့်နတ်မင်း နှင့် မြေကြီး ပေါ်တွင်ရှိကြကုန်သော ” ပုရွတ်ဆိတ်” တီကောင် ပိုးကောင်မွှားကောင် အစရှိသော သတ္တဝါ မှန်သမျှတို့သည် ဘုရားတပည့်တော် စားသလိုစားနိုုင်ပါစေ။ ဘုရားတပည့်တော် ပြည့်ပြည့်ဝဝ စုံစုံလင်လင် သုံးဆောင်ရသလို သုံးဆောင်ရပါစေ။ အေးချမ်းကြပါစေ။ သာယာကြပါစေ။ ကျန်းမာကြပါစေ။ ချမ်းချမ်းသာသာ စားသောက်နိုင်ကြပါစေ ဟု“သစ္စာ ပြု့ ဆုတောင်းကာ ”
အရင် ကပ်လှုထားသောထမင်းဟင်း ၂ ပွဲ ရေ တို့ကို တဝက်စီ ခွဲ၍ မြေကြီးပေါ်ပုံ ပါ ။ အလှုဒါန ပြု့ပါ ။ ဆွေတော် မျိူးတော် အပေါင်း နှင့် မြင်အပ်သော ပုဂ္ဂိုလ် မမြင်အပ်သော ပုဂ္ဂိုလ် ” ဝသုန္ဒရေ ” နတ်မင်း နှင့် (၃၁) ဘုံ သား သတ္တဝါများ စားသုံးတော်မူ ကြပါ။ သုံးဆောင်တော်မူကြပါ ။
ဤကဲ့သို့ ကုသိုလ် ကောင်းမှု့ထူးကို ပြုလုပ်ရပါသောကောင်း ကျိူးများကြောင့် “ဘုရားတပည့်တော်( …နာမည်..) သည် ” မြေပိုင်ရှင်ကြီး အိမ်ပိုင်ရှင်” သူဋ္ဌေးကြီး မကြောင့်မကြ မတောင်းတရပဲ ဖြစ်နိုင်ပါစေ ။ အမြန်ဖြစ်၍ ဘာသာအကျိူး သာသနာအကျိူး သာသနာပြု့နိုင်ပါစေသား” ဟု ဆု့တောင်း သစ္စာ ပြု့ပါ။ ကျန်တစ်ဝက် ကို မိမိစား ပါ။ ရောဂါ ပျောက်ပါစေ ။ ကျန်းမာပါစေ ။ လာ်လာဘ ပွင့်ပါစေ ။ ဝင်ငွေ တိုးပါစေ ဟု့ ပြော ၍ လက်တွေ့ဆောင်ရွက် လက်တွေ့ အကျိူးပေးသောကြောင့် သေချာဆောင်ရွက်ပြီး အဓိဋ္ဌာန် လုပ်ကြည့်ကြပါ အစစအရာရာ အဆင်ပြေ၍ အောင်မြင်လာပါလိမ့်မည်။
Ref : Extramm
Photo Credit : Thecentraltownhomes
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties