By Manawmaya Journal, Shweproperty.com
Updated at 14 February 2019
လင်းရောင်တင်တို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မှာ ယုံကြည်မှုတွေ တော်တော်များများရှိနေကြတဲ့ အထဲက လှေဦးတိုက် လှည်းဦးတိုက်ကိစ္စဟာလည်း အတော်လေး အရေးပါ အရာရောက်တဲ့ကိစ္စတစ်ခု ဖြစ်နေတယ်။ လှေဦးတိုက် လှည်းဦးတိုက်ဆိုတာက ရှေးပဝေသနီကာလတွေက ပြောခဲ့ကြတာ။ ဒီခေတ် မှာတော့ လှေတွေလှည်းတွေနဲ့ သိပ်မသွားကြတော့ ဘူး။ ရထားတွေ၊ လေယာဉ်ပျံတွေ၊ ကားတွေနဲ့ပါ သွားလာနေကြပြီ။
ရထားလမ်းထိပ်၊ လေယာဉ်ပြေးလမ်းထိပ် တွေမှာတော့ အိမ်ဆောက်လို့မရလို့ စကားထဲထည့် မပြောတော့ပါဘူး။ ဒီခေတ်စကားနဲ့ပြောရရင် ‘ကား’ ဦးတိုက်အိမ်ကို ဆိုလိုတာ။ ရှေးကတော့ လှည်းလမ်း ကြောင်း အဆုံးကျတဲ့အိမ်၊ အိမ်ရှေ့မှာ အများသုံး လမ်းရှိနေတဲ့အိမ်။ ပြီးတော့ လှေတွေရပ်တဲ့နေရာနဲ့ ‘လှေဆိပ်’ နဲ့တည့်တည့် အိမ်တွေကို လှေဦးတိုက် လှည်းဦးတိုက် အိမ်လို့ ခေါ်ကြတယ်။ ကားလမ်းကို အဆုံးသတ်ထားတဲ့နေရာ၊ အိမ်ရှေ့မှာ ကိုယ့်အိမ် တည့်တည့်ကို ကားလမ်းကြီးထိုးနေတဲ့နေရာကို ကား ဦးတိုက် ခေါ်မှာပေါ့။
အဲသလို ခရီးသွားယာဉ်တွေရှိတဲ့ လမ်းဟာ ကိုယ့်အိမ်ကိုတည့်တည့်ကြီး လာမတိုးနေရဘူး။ အဲဒါ ကို လှေဦးတိုက် လှည်းဦးတိုက်အိမ်လို့ ခေါ်ကြတယ်။ အဲဒီလို အိမ်မျိုးမှာ နေထိုင်မိကြသူများဟာ စီးပွား လျောတတ်ကြတယ်။ ကျန်းမာရေးထိခိုက်ကြတယ် လို့ အယုံအကြည်ရှိခဲ့ကြတယ်။ ဖြစ်သလောက်လည်း ဖြစ်ခဲ့ကြတာဆိုတော့ ဒါကို မယုံကြည်လို့မဖြစ်ပြန် ဘူး။ တချို့ဆို အဲသလိုအိမ်မျိုးရောက်မှ မွဲပြာကျသွား ကြတာ။ အဲသလိုအိမ်မျိုးရောက်မှ မိသားစုထဲက တစ်ဦးဦး ဆုံးပါးသွားကြတာ။ ဒါမှမဟုတ် အိမ်သား ထဲမှာ တစ်ယောက်ပြီးတစ်ယောက် နေထိုင်မကောင်း ဆက်တိုက်ဖြစ်ကြတာ။ ဒါမျိုးတွေ ကြုံကြရတော့ အိမ်ဝယ်မယ်၊ အိမ်ငှားမယ်ဆိုရင် “ဟဲ့ …လှေဦး တိုက် လှည်းဦးတိုက်အိမ်ကို မဝယ်နဲ့နော် …၊ မငှား နဲ့နော် …” ဆိုပြီး လူကြီး သူမများက သတိပေး ကြတယ်။
ဟုတ်ပါပြီ။ အဲသလို တကယ်လို့များ မလှွဲ သာမရှောင်သာ ဖြစ်လာခဲ့ရင် ဘယ့်နှယ်လုပ်ပါ့မလဲ။ ဥပမာ – ကိုယ်က အဲဒီအိမ်ကလေးကို ကြိုက်နေပြီ၊ ကိုယ်ဝယ်နိုင်တဲ့ဈေးနှုန်းနဲ့လည်း ကိုက်နေပြီ။ (အိမ် ငှားဆိုလည်း ဒီသဘောပေါ့။ ငှားနိုင်တဲ့ဈေး သင့်တင့် တဲ့အိမ် ဖြစ်နေပြီ ဆိုပါတော့။) ဘယ်လိုလုပ်ကြမလဲ။ ရှေးလူကြီးတွေ စကားဆိုတော့လည်း အကြောင်းမဲ့ ပယ်လှန်လို့မရဘူး၊ မပယ်ကောင်းဘူး။ ဘာလုပ်ကြ မလဲ။ အဲသလိုမှ မဟုတ်ဘဲ အမှတ်တမဲ့ဝယ်လိုက် မိတာ။ သတိမထားမိဘဲ ငှားလိုက်မိတာ။ ခုတော့ အိမ်က လှေဦးတိုက် လှည်းဦးတိုက်ကြီး ဖြစ်နေတယ်။ ဒုက္ခပဲလို့ စိုးရိမ်မိကြလိမ့်မယ်။ တကယ်တော့ ပြဿ နာတစ်ခုဖြစ်လာရင် အဲဒီပြဿနာကို ဖြေရှင်းနိုင်တဲ့ အချက်အလက်ဆိုတာ ရှိတယ်။ ရိုးရာယတြာနည်း တွေ ရှိတယ်။ လွယ်လည်း လွယ်တယ်။ လှေဦးတိုက် လှည်းဦးတိုက်အိမ်ဆိုတာ တကယ်တော့ ငွေရှာတတ် ရင် များများဝင်နိုင်တဲ့နေရာပဲ။
အဲသလိုနေရာမျိုးမှာ ဈေးဆိုင်တည်ရတယ်။ လက်ဖက်ရည်ဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ စားသောက် ဆိုင်၊ ကုန်စုံဆိုင် အဆင်သင့်ရာ ဈေးဆိုင်တစ်ဆိုင် ကောက်တည်လိုက်ရင် အားလုံးအဆင်ပြေသွားမယ်။ ခုနစ်ရက်သားသမီးတွေ ဝင်ထွက်သွားလာရာ နေရာ ဖြစ်တဲ့အတွက် ခိုက်နေတာတွေ ပြေပျောက်သွားပြီး စီးပွားတောင် တက်လာနိုင်တယ်။ လှေဦးတိုက် လှည်း ဦးတိုက်အိမ်မှာ နေမိရင် ဆိုင်တစ်ဆိုင်တည်ဖြစ် အောင် ကြိုးစားရမယ်။ ဗြူတီပါလာလို အလှပြင်ဆိုင် ထောင်ရင်လည်း ရတယ်။ နောက်ဆုံး ဘိန်းမုန့်ဖုတ် ရောင်းရောင်း၊ အသုပ်ဆိုင်ပဲဖွင့်ဖွင့် လူအများဝင်ထွက် သွားလာတဲ့ နေရာဖြစ်ရင်ပြီးရော။
တကယ်လို့ ဆိုင်တည်ဖို့ အခက်အခဲများရှိ တယ်ဆိုရင် ဘာမှပြောမနေနဲ့ ကျားရုပ်ခပ်ကြီးကြီး တစ်ရုပ်ကို အိမ်ရှေ့တံခါးပေါက်မှာ ကပ်ထားလိုက် ရင်ရတယ်။ ဒီခေတ် ကျားကြီး ပါးစပ်ဖြဲထားတဲ့ ပို စတာတွေ တစ်ပုံကြီးပဲ။ ကျားရုပ်ဖြစ်ရင် ပြီးရော။ စက္ကူရုပ်ကျားလည်း ရတာပဲ။ မရတဲ့အဆုံး ကလေး တွေ ကစားတဲ့ စက္ကူကျားရုပ်လေးရှာပြီး အဝင်အဝ ထွက်ပေါက်မှာ ချိတ်ဆွဲထားလိုက်ရင် ယတြာဖြစ် သွားမယ်။ ဘုရားဝတ်ပြုတာ ဝါသနာပါတဲ့လူဆိုရင် ပရိတ်၊ ပဌာန်း ရွတ်ဖတ်ပူဇော်ပေးရမယ်။ မေတ္တ သုတ်ရွတ်တာ အကောင်းဆုံးပါပဲ။
မေတ္တသုတ်ရွတ် ဆိုပူဇော်ထားတဲ့ ရေဖလားလေးထဲက ရေကို အိမ် ရှေ့မှာပက်ဖျန်းပေးရင်လည်း အကာအကွယ်ဖြစ်ပါ တယ်။ အညံ့တွေလည်း ပြေပျောက်သွားစေပါတယ်။ နောက်တစ်နည်းကတော့ တရုတ်လူမျိုးတွေ အများ ဆုံး အန္တရာယ်ကာကွယ်တဲ့နည်းပေါ့။ ကြည့်မှန်အဝိုင်း လေးပဲဖြစ်ဖြစ်၊ လေးထောင့်မှန်လေးပဲဖြစ်ဖြစ် မှန် သေးသေးတစ်ချပ်ကို အိမ်ရှေ့မျက်နှာစာ နံရံခပ်မြင့် မြင့်မှာ ကပ်ပေးထားလိုက်ရင် အဆိုးအညံ့တွေ ပျောက်သွားပါလိမ့်မယ်။ ခုလောက်ဆိုရင် လှေဦး တိုက် လှည်းဦးတိုက် ယတြာသဘောလေး တီးမိ ခေါက်မိပြီ ထင်ပါရဲ့။
အဲသလိုယတြာတွေ ပြုပေးပြီးရင်လည်း တို့ အိမ်မှာ အဆိုးအညံ့တွေ ပျောက်ကင်းသွားပြီ၊ ကောင်းတာတွေ ရောက်လာတော့မယ်၊ အဲသလို ယုံကြည်ရမယ်။ ဒီလောက်နဲ့ ဟုတ်ပါ့မလား၊ လုံ လောက်ပါ့မလားတွေ လျှောက်မတွေးနေနဲ့။ ဥပါဒါန် စွဲလမ်းတဲ့အတွေးတွေ ဖျောက်ပစ်လိုက်။ နောက် တစ်မျိုးပြောမယ်။ နို့ညှပ်ကိစ္စ။ နို့ညှပ်ဆိုတာ ကိုယ်နေ တဲ့အိမ်ရဲ့ ခေါင်းရင်းဘက်နဲ့ ခြေရင်းဘက်မှာ အမျိုး တွေညှပ်ပြီးနေတာကို ဆိုလိုတာပါ။ ခေါင်းရင်းက အစ်မအိမ်၊ ခြေရင်းက မောင်ရဲ့အိမ်။ အစ်ကိုအိမ်က ခေါင်းရင်းမှာ။ သူ့ရဲ့ညီက ခြေရင်းအိမ်ဖြစ်နေပြီး ကိုယ်က အလယ်ကောင်ကအိမ် ဖြစ်နေရင် အဲဒါမျိုး ကို နို့ညှပ်အိမ်လို့ခေါ်တာ။ ဆွေမျိုးနှစ်ယောက်ရဲ့ အိမ်တွေကြား ရောက်နေတဲ့အိမ်ကို ဆိုလိုတာ။ နို့ညှပ်အိမ်လည်း ဒီလိုပဲ။ အခန့်မသင့်ရင် စီးပွားကျနိုင်တယ်။ အိမ်သူအိမ်သားတွေ ကျန်းမာရေး ထိခိုက်နိုင်တယ်။ အဲသလိုအိမ်မျိုးမှာ အမှတ်တမဲ့ သွားနေမိတတ်တာမျိုး ရှိတယ်။ တခြားသူမပြောနဲ့ လင်းရောင်တင်တောင်မှ အဲသလိုအိမ်မျိုးကို ခြောက် မိုင်ခွဲ မာလာကာခြံမှာ နေဖူးခဲ့တယ်။ အမှတ်တမဲ့ ဖြစ်သွားတာပေါ့။
အဲဒီမှာ စီးပွားရေးထိခိုက်လာတယ်။ ကျန်းမာ ရေးလည်း ကိုယ်ကစပြီး ထိလိုက်လာတယ်။ ညနေ တိုင်း ဖျားဖျားနေလို့ မနည်းဆေးကုယူရတယ်။ တခြား ပြဿနာတွေလည်း တစ်ပုံတစ်ပင်ကြီးတက် လာတယ်။ ခေါင်းရင်းအိမ်က မောင်အိမ်။ ခြေရင်း အိမ်က အစ်မအိမ်။ မောင်နှမနှစ်ယောက်ကြား ဗျာ များရတယ်ဆိုတာမျိုးပေါ့။ အဲဒီမှာနေတုန်း ပြဿနာ ပေါင်းစုံ ကြုံခဲ့ရသလို ရယ်လည်းရယ်ရတယ်။ ည ဘက် ညဘက်တွေကျရင် ခေါင်းရင်းဘက်က မောင် လုပ်တဲ့သူက အသံအကျယ်ကြီးနဲ့ ယောင်ပြီး စကား ပြောတတ်တယ်။ အဲသလိုပဲ။ ခြေရင်းအိမ်က သူ့ အစ်မကလည်း ညဘက် အိပ်နေရင်း ယောင်ယောင် ပြီး စကားပြောတတ်တယ်။ တစ်ခါတလေများ မသိ ရင် မောင်နှမနှစ်ယောက် အပြန်အလှန် အချီအချ စကားပြောနေကြသလားတောင် ထင်ရတတ်တယ်။
“ဘာဖြစ်လို့ လက်ထဲမှာ အကြာကြီးကိုင်ထား ရတာလဲ …၊ စားစရာရှိလည်းစား၊ ချစရာရှိလည်း ချ၊ အလကား အချိန်ကုန်တယ် …” မောင်လုပ်တဲ့သူက အရက်လေးတမြမြနဲ့ ဖဲရိုက်ရာက ပြောခဲ့တဲ့စကားတွေ စိတ်စွဲပြီး ပြန် ယောင်တာ။ မောင်က အဲသလိုယောင်ပြီး မကြာခင် မှာ အစ်မက အခုလိုပြန်ပြီးယောင်တယ်။ “ဟေ့ …ဒါကတော့ ငါ့သဘောပဲ၊ ငါလုပ် ချင်ရင်လုပ်မယ်၊ မလုပ်ချင်နေမယ်၊ နင်တို့ဘာမှ ပြောနေစရာမလိုဘူး …” ကဲ ကြည့် …ဘယ်လောက်ရယ်စရာ ကောင်းလဲ။ ကိုယ်ကတော့ သူတို့မောင်နှမတွေ ည ဘက် ညဘက် အချီအချ တစ်ယောက်တစ်လဲစီ ယောင်နေကြလို့ အိပ်ရေးပျက်တယ်လို့ မထင်မိပါ ဘူး။
ရယ်ရလို့ ပျော်စရာတောင်ကောင်းသေးတယ်။ မနက်မနက်ကျရင် အဲဒီအကြောင်းတွေ သူတို့မောင် နှမတွေကို ပြန်ပြန်ပြောပြပြီး ရယ်ရတာ ပျော်စရာ ကောင်းတယ်။ သူတို့လည်း ရယ်ကြမောကြရင်းနဲ့ အဲဒီမှာနေရတာ ပျော်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ကိစ္စ၊ စီးပွားရေးကိစ္စကျတော့ တယ်မဟန်ဘူး။ သေ မတတ် ကျေမတတ်တောင် ဖြစ်ခဲ့ရတယ်။ တစ်နေ့ တော့ ဒီကိစ္စကို အဘချစ်ဆိုတဲ့ ဦးခင်မောင်ချစ်ကို ပြောပြတိုင်ပင်မိတယ်။ သူက အသက်ရှစ်ဆယ် ကျော် ရှေ့မီနောက်မီ အဘိုးကြီး။ စာပေလည်း နှံ့စပ် တယ်။ ဝိဇ္ဇာကိစ္စတွေလည်း အများကြီးသိတယ်။ ဆုံးသွားတဲ့ ဆရာကြီးသုတေသီမြင့်ထွန်း ဆိုရင် သူ့ကို သိပ်လေးစားတာ။
“အဘချစ်က မသိတာမရှိဘူး၊ အရမ်းနှံ့စပ် တာဗျ …” လို့ ပြောဖူးတယ်။ ဟုတ်တယ်။ ကိုယ် ကမေးတော့ အဘချစ်က ချက်ချင်းပဲ – “နို့ညှပ်ကိစ္စများ လွယ်ပါတယ် …စာရေး ဆရာရယ် …၊ ယတြာလုပ်လိုက်ပေါ့၊ အလွယ် လေး၊ မွေးညှပ်လေးနှစ်ခုကို ဈေးမှာဝယ်လိုက်၊ မုတ် ဆိတ်မွေးနှုတ်တဲ့ မွေးညှပ်ကိုပြောတာ …၊ အဲဒီ မွေးညှပ်လေးတွေကို ခေါင်းရင်းမှာတစ်ခု၊ ခြေရင်းမှာ တစ်ခု ထိုးထားလိုက် …၊ အားလုံးအဆင်ပြေသွား လိမ့်မယ် …၊ မြန်မြန်သာလုပ်လိုက် …” အဲသလို ပြောလို့ သူပြောတဲ့အတိုင်း အမြန် ဝယ်လိုက်ပြီး အိမ်ခေါင်းရင်းမှာတစ်ခု၊ အိမ်ခြေရင်း ဘက်မှာတစ်ခု ထိုးထားလိုက်တာ တကယ်ပဲ အညံ့ တွေပျောက်သွားရော။ ကျန်းမာရေးကောင်းလာပြီး စီးပွားရေးလည်း ပြန်တက်လာရော။ ခုလောက်ဆိုရင် သဘောပေါက်ပါပြီနော် …။ လှေဦးတိုက် လှည်းဦးတိုက်လည်း မကြောက်နဲ့။ နို့ညှပ်အိမ်လည်း မကြောက်နဲ့။ ယတြာလွယ်လွယ်လေးပါ။ ယတြာကောင်းနဲ့ ပြောင်းလဲတိုးတက်ကြပါစေ……။
Ref & Photo Credit : Manawmaya Journal
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties