By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 16 May 2018
ရန်ကုန်မြို့ဟာ ကိုလိုနီခေတ်က ဆောက်လုပ်ခဲ့တဲ့ ဗိသုကာလက်ရာတွေ စုဝေးရာ နေရာ တစ်ခုဖြစ်ပါတယ်။ ကိုလိုနီခေတ် ဗိသုကာလက်ရာတွေနဲ့ ဖန်တီးထားတဲ့ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွေကို လေ့လာဖို့ နိုင်ငံတကာမှ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ ရန်ကုန်ကို လာရောက်ကြပါတယ်။
အထူးသဖြင့် ဆူးလေ၊ ကျောက်တံတား၊ လမ်းမတော်၊ လသာ နဲ့ ဗိုလ်တထောင်မြို့နယ်တွေဟာ ကိုလိုနီခေတ် အစိုးရရုံး စိုက်ရာနေရာတစ်ခု ဖြစ်သလို စီးပွားရေးလုပ်ငန်း ပေါင်းစုံ ဆုံစည်းရာ ဆိပ်ကမ်းမြို့လည်း ဖြစ်ပါတယ်။
ဒီမြို့နယ်တွေမှာ ကိုလိုနီအစိုးရဟာ အမျှော်အမြင်ကြီးစွာနဲ့ အစိုးရရုံးအမြောက်အများကို ဆောက်လုပ်ခဲ့ပါတယ်။ အဆောက်အအုံများစွာထဲကမှ ထူးခြားခမ်းနားစွာ ဆောက်လုပ်ခဲ့တဲ့ တရားရုံးချုပ် အဆောက်အအုံဟောင်း တစ်ခုကို ဖော်ပြလိုက်ပါတယ်။
တရားရုံးချုပ် အဆောက်အအုံဟောင်းကတော့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း နဲ့ မဟာဗန္ဓုလလမ်းကြား မြို့တော်ခန်းမအနီး၊ လွတ်လပ်ရေးကျောက်တိုင်၊ မဟာဗန္ဓုလပန်းခြံရှေ့ မျက်နှာချင်းဆိုင်မှာ တည်ရှိပါတယ်။တရားရုံးချုပ်ဟောင်း အဆောက်အအုံကိုတော့ စကော့တလန်လူမျိုး ဗိသုကာပညာရှင် James Ransome က တာဝန်ယူ ဒီဇိုင်းဆွဲဆောက်လုပ်ခဲ့ပါတယ်။
(၁၉၀၅) ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး (၁၉၁၁) ခုနှစ် မှာ ဆောက်လုပ်မှုပြီးစီးခဲ့ပါတယ်။ အဆောက်အအုံကို ဗြိတိသျှဘုရင်မ အန်းနီလက်ထက်က ဆောက်လုပ်ခဲ့တဲ့ အဆောက်အအုံ ဗိသုကာလက်ရာပုံစံ (Queen Anne Style) အတိုင်း အုတ်ခဲအနီများဖြင့်သာ ဆောက်လုပ်ခဲ့ပြီး နာရီစင်တစ်ခုကိုလည်း ထည့်သွင်းဆောက်လုပ်ထားပါတယ်။ကိုလိုနီခေတ်အတွင်း Queen Anne Style နဲ့ ဆောက်လုပ်ခဲ့တဲ့ တစ်ခုတည်းသော အဆောက်အအုံဖြစ်ပါတယ်။
(၁၉) ရာစုနှောင်းပိုင်း ရဲ့ ကိုလိုနီအငွေ့အသက်တွေ ထုံလွှမ်းနေတဲ့ အဆောက်အအုံတစ်ခုဖြစ်တဲ့အပြင် ကိုလိုနီခေတ်ပြယုဂ် တစ်ခုအနေနဲ့ ရန်ကုန်မြို့လယ်ခေါင်မှာ ထူးခြားခမ်းနားစွာ ရှိနေပါတယ်။ တရားရုံးချုပ် အဆောက်အအုံဟောင်းဟာ ထိန်းသိမ်းစောင့်ရှောက်ရမယ့် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများစာရင်း (Yangon Heristage List) မှာ ပါဝင်လျက်ရှိပါတယ်။အဆောက်အအုံဆောက်လုပ်ပြီးချိန်မှစပြီး (၂၀၀၆)ခုနှစ်မတိုင်မီ အထိ အစိုးရရဲ့ တရား ရုံးချုပ်အဖြစ် သတ်မှတ်လုပ်ကိုင်ခဲ့ပါတယ်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Columbustravelburma
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties