By ဆရာသာထက်ဆန်း, Shweproperty.com
Updated at 19 June 2018
သီရိကျက်သရေ တိုးဝေဖြာပြီး ရတနာမိုးရွာသွန်းဖြိုးစေတဲ့ မြတ်မင်္ဂလာ အိမ်ဂေဟာ ဆောက်ဖို့ ပထမဆုံး အရေးကြီးတာက မြေနေရာရွေးချယ်ဖို့ပါပဲ။ မြေကောင်း မြေသန့်ဆိုတာ ဘာလဲ... မြေဆိုးမြေညံ့ဆိုတာ ဘာလဲ။
ဒါကိုသိထားရမယ်။"ဖုန်းရွှေ”ကိုက်ညီတာဟာ မြေကောင်း မြေသန့်ပဲ။"ဖုန်းရွှေ” မကိုက်ညီတာဟာ မြေဆိုးမြေညံ့ပဲ။အဲ့ဒီမြေမှာ အိမ်မဆောက်သင့်ဘူး။အိမ်ဆောက်မယ့်မြေနေရာ၊မြေကွက်ရဲ့ နောက်ကြောင်းရာဇဝင်ကို သိအောင် ကြိုးစားထားဖို့လည်း လိုပါတယ်။
ယခင်ကဆေးရုံရှိခဲ့တဲ့ မြေကွက်မှာ ဆောက်ထားတဲ့အိမ်
ဆေးရုံရှိခဲ့တဲ့ မြေနေရာဟာ မြေညံ့သွားပြီ ဆောက်ပြီးနေခဲ့ရင် အိမ်သူအိမ်သားတွေ ကျန်းမာရေးညံ့မယ်။အိမ်သူအိမ်သာတွေထဲမှာ နာတာရှည် ရောဂါသည်တွေ ပေါ်လာမယ်။အဲ့ဒီအိမ်မှာ ကိုယ်ဝန်ရပြီး ကလေးတွေမွေးလာခဲ့ရင်... ကလေးတွေထဲမှာ မစွမ်းမသန်ကလေးတွေ ပါလာလိမ့်မယ်။
မြို့ပြအိမ်နေရာ ဆောက်တဲ့ မြေကွက်တွေမှာ ဆေးရုံရှိခဲ့တဲ့နေရာ မျိုးဟာ မရှိသလောက်ရှားပါတယ်။ဆေးရုံ ဟောင်းနေရာမှာ ဆေးရုံသစ်ပြန်ဆောက်တာမျိုး ပဲရှိတာပါ။ဆေးရုံတည့် တည့်က မြေနေရာ၊မြေကွက် ပဲဖြစ်ဖြစ်၊ဆေးရုံနဲ့ ဘေးချင်းကပ်၊ကျောခြင်းကပ်မှာပဲဖြစ်ဖြစ် မြေနေရာ မြေကွက်တွေမှာ ဆောက်တဲ့အိမ်တွေဟာ ဖုန်းရွှေ ညံ့ပါတယ်။ အဲ့ဒီမြေနေရာ မြေကွက်မှာ အိမ်မဆောက်သင့်ပါ။
ယခင်ကသားသတ်ရုံ မြေကွက်ပေါ်မှာ ဆောက်တဲ့အိမ်
သားသတ်ရုံ၊အမဲသတ်ရုံရှိခဲ့တဲ့ မြေနေရာ၊ မြေကွက်တွေကတော့ အလွန်တွေ့ရခဲပါတယ်။မြို့သစ်ဖော်တဲ့နေရာ တွေမှာ လူနေအိမ်တွေဆောက်ဖို့ မြေနေရာ၊မြေကွက်တွေချရင်တော့... သားသတ်ရုံ၊အမဲသတ်ရုံရှိခဲ့တဲ့ မြေနေရာ မြေကွက်တွေ တွေကို တွေ့ရတတ်ပါတယ်။
ဒါပေမယ့် တွေ့ရခဲတယ်လို့ပဲ ပြောရမှာပါပဲ။အဲ့ဒီသားသတ်ရုံ ရှိခဲ့တဲ့ မြေကွက်တွေမှာ ကြောက်ရွှံမူ့ ထိတ်လန့်မူ့ အကြင်နာမဲ့မူ့ ရက်စက်မူ့ ဟိတ်တွေ အရှိန်တွေ ကြွင်းကျန်ခဲ့ပါတယ်။ညံ့တဲ့မြေအမျိုးအစားလို့ဘဲပြောရမှာပါပဲ။
အဲ့ဒီလို မြေကွက်မျိုးမှာ အိမ်ဆောက်ပြီး နေမယ်ဆိုရင် အိမ်သူအိမ်သားတွေဟာ အချင်းချင်း သင့်မြတ်မှု့မရှိဘဲ ခိုက်ရန်ဒေါသဖြစ်နေကြလိမ့်မယ်။စိတ်ဓာတ်တွေမာကြောခက်ထန်နေမယ်။ဒေါသကြီးနေကြမယ်။အကြောင်းမဲ့ကြောက်ရွံမှု စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်နေကြလိမ့်မယ်။အတွင်းရန် အပြင်ရန်တွေပေါမယ်။အဲ့ဒီမြေမျိုးမှာ အိမ်ဆောက်ဖို့မသင့်ပါ။
ဘာသာရေးဆိုင်ရာ အဆောက်အဦးများရှိခဲ့တဲ့မြေနေရာ မှာဆောက်တဲ့အိမ်.......
သိမ်၊ဇရပ်၊စေတီပုထိုး စတဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦးများရှိခဲ့တဲ့ မြေကွက်မြေနေရာ တွေမှာ အိမ်ဆောက်ဖို့ ဖုန်းရွှေ ကခွင့်ပြုမထားပါ ဘာဖြစ်လို့လဲ ဆိုရင်.... အဲ့ဒီမြေပြင်တွေမှာ အလွန်သန့်စင်တဲ့ ကမ္ဘာမြေပြင်ချီဓတ် တွေ ပျံနှံ နေတယ်လို့ဆိုပါတယ်။
လူနေအိမ်တွေမှာရှိတဲ့ လူတွေရဲ့ နေထိုင်မှုပုံစံတွေနဲ့ လူမှုရေးကိစ္စတွေဟာ အနည်းနဲ့အများဆို သလို လောဘ ဒေါသ မောဟ ဆိုတဲ့စရိုက်ဆိုးတွေ ရှိနေကြပါတယ်။ အဲ့ဒီစရိုက်ဆိုးတွေနဲ့ အလွန်သန့်စင်တဲ့ ကမ္ဘာမြေပြင်ချီဓာတ် တွေ နဲ့ တွေ့တဲ့ အခါမှာ ဖုန်းရွှေ ညံ့ပါတယ်။မြန်မာ ဆန်းဗေဒင် ပညာမှာ ဣဋ္ဌ နဲ့ အနိဋ္ဌ တွေ့ကြတဲ့ သဘောမျိုးပါပဲ။
ရဲဌာန၊အကျဉ်းထောင်၊စစ်ကြောရေးစခန်း သချိုင်းကုန်းရှိခဲ့တဲ့မြေကွက် တွေပေါ်မှာ ဆောက်တဲ့အိမ်......
အဆိုပါ မြေကွက်တွေပေါ်မှာ ဆောက်မိရင် ဖုန်းရွှေ အလွန်ညံ့ပါတယ် ...။မကောင်းတဲ့ ကမ္ဘာမြေပြင်ချီဓတ် တွေပျံနှံနေပါတယ် ။ငိုကြွေးမှု ထိတ်လန့်မှု ကြောက်ရွံမှု ရက်စက်မှု အငွေ့အသက်တွေ ဟိတ်တွေ ပျံနှံနေပါတယ်။အကုသိုလ် အငွေ့အသက်တွေ၊အကုသိုလ် ဟိတ်တွေ ကျန်ခဲ့တဲ့ မြေနေရာ မြေကွက်တွေပါ။
အဲ့ဒီမြေနေရာ၊မြေကွက်တွေပေါ်မှာ အိမ်ဆောက်ခဲ့ရင် အိမ်သူအိမ်သားတွေဟာ အမှုတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ မီးဘေးသင့်တတ်ပါတယ်။ဓားပြတိုက်ခံရတတ်ပါတယ်။ရှာဖွေစုဆောင်းထားတဲ့ ငွေကြေး ဥစ္စာဓန ပစ္စည်းတွေဟာ ရက်ပိုင်းအတွင်း ကုန်ဆုံးသွားရတတ်ပါတယ်။
ဖုန်းရွှေ ဆရာကြီးတွေ အလွန်ကြောက်တဲ့ မြေနေရာ မြေကွက်တွေပါပဲ။မြို့သစ်တည်ဖို့ မြေကွက်တွေချတဲ့အခါမှာ အဲ့ဒီလို မြေနေရာ၊ မြေကွက်တွေကို တွေ့ရတတ်ပါတယ်။အထူးသတိထားပါ။မြေရာဇဝင်ကို သိထားဖို့က အရေးကြီးဆုံးပါပဲ။
အမှိုက်ပုံဟောင်းရှိခဲ့တဲ့ မြေနေရာ၊မြေကွက် တွေဟာ ဖုန်းရွှေညံ့ပေမယ့် မြေလှန်ပြီး မြေသန့်ပြီး အိမ်ဆောက်ရင်ရပါတယ်လို့ဆိုပါတယ်....။
Ref : ဆရာသာထက်ဆန်း
Photo Credit : Paradisehomeswv
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties