By Wunyan, Shweproperty.com
Updated at 1 February 2019
ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက် ကုန်မလဲ မေးတတ်လို့ အကြမ်းတွက်လို့ ရအောင်ပါ။ မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့ ပြောကြပါတယ်။ ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီးရှိပါတယ်။ ကုဗကျင်းက အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။ ၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။ ၅၀ ဆို ကျင်းဝက် ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။
ကုဗကျင်းကို ၉ လက်မနဲ့အထက် အုတ်စီခြင်းတို့ ကွန်ကရစ်လောင်းခြင်းတို့ မြေကြီးတူးခြင်းတို့မှာ အများဆုံး သုံးပါတယ်။ ရှိသမျှ အလျား အနံ အမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင် ကုဗကျင်းထွက်လာပါပြီ။
မြေကြီး ၁ ကျင်းဆို ၁၀ ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။
1:3:6 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း
1:2:4 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း
1: 1-1/2 အချိုး ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း
အုတ် ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မ အထက် အုတ်စီခြင်း ကုဗတစ်ကျင်းဆို ၁၃၅၀ လုံး ဘိလပ်မြေကတော့ သုံးတဲ့ အချိုးမှာ မူတည်ပါတယ်။
အများသုံးတဲ့ 1:4 အချိုးဆို ဘိလပ်မြေ ၆ အိတ်နီးပါး။ သဲ ၂၈ ကျင်းတစ်မတ် သာသာလောက်။ စကွဲယားကျင်း အလျားနဲ့ အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။ ၄ လက်မခွဲ အုတ်စီခြင်း ဆေးသုတ်ခြင်းတို့ အမိူးမိုးခြင်းတို့ ကြွေပြားကပ်ခြင်းတို့မှာ သုံးပါတယ်။
နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း မှာ အုတ် ၅၅၀ လုံး 1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ .11 ကျင်း သံချောင်းတစ်ချောင်းဟာ ဆိုက်မှန်ပါက ပေ ၄၀ ( ၁၂ မီတာ) ရှိရပါတယ်။ သို့ပေမယ့် ၃၉ ပေ ၆ လက်မ လောက်ဆို မှန်တယ်ပြောရပါမယ်။
ဘာမားဖြစ်ကတော့ အတိအကျပြောလို့ မရပါဘူး။တစ်တန်မှာ ရှိရမယ့် အချောင်းရေက
10 မီလီ ၃ မူး ( ၃/၈) မှာ ပေ ၄၀ အရှည် ၁၃၅ ချောင်း ၁၂ မီလီ ၅ မူး ( 1/2) မှာ ၈၈ ချောင်း ၁၆ မီလီ ၆ မူး ( 5/8) မှာ ၅၃ ချောင်း ၂၀ မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း ၂၅ မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်း ရှိပါတယ်။
ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုလေးပြီး အိတ် ၂၀ ဟာ ၁ တန်ပါ။ သံချောင်းတွေ ဆက်ဖို့လိုရင် တိုင်တွေမှာ အနည်းဆုံး အဆ ၄၀ ထပ်မိနေစေ ရပါမယ်။ ထုပ်တွေ ယက်မ တွေမှာတော့ အဆ ၆၂ လောက်ထိ သုံးတတ်ပါတယ်။ ခိုချင်ရင်တော့ ၅၀ ဆလောက်ဆို ရလောက်ပါတယ်။ အခုနောက်ပိုင်း မီတာနဲ့သုံးလာပါတယ်။
ဆက်သွယ်ချက်က ၁ မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူး ရှိပါတယ်။ လက်သမားနဲ့ ယှဉ်ပြောလို့ရတဲ့အခေါ်ပါ။
1 M မီတာ= 3.281 ပေ 1 လက်မ= 25.4 mm မီလီမီတာ 1 ( 1m X 1m) မီတာ စကွဲယား = 10.78 ပေစကွဲယား
ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cuft ရေကန်တစ်ခု ရေဂါလံ ဘယ်လောက်ရှိလဲ တွက်ချင်ရင် ၁ ကုဗပေမှာ ၆.၂၄ ဂါလံ ရှိပါတယ်။ အလျား အနံ အမြင့် တစ်ပေစီရှိတဲ့ ပုံးတစ်လုံးဟာ ရေ ၆.၂၄ ဂါလံ ဆန့်ပါတယ်။
ဒါကြောင့် ၆ ပေ အလျား ၄ ပေ အနံ ၃ ပေ အမြင့်ရှိတဲ့ ရေကန်ဟာ 6 X 4 X 3 X 6.24=449.28 ရေ ၄၅၀ ဂါလံဆန့်ပါတယ်။ ရေတစ်ဂါလံ ၁၀ ပေါင်လေးလို့ ၄၅၀၀ ပေါင်လေးပါတယ်။ ၂၂၄၀ ပေါင် ၁ တန်လေးလို့ ၂ တန်လောက် အလေးချိန် ရှိပါမယ်။
ရေကန်ကို အပေါ်မှာ ထားရင် dead load ဝန်သေ ၂ တန်ကို ခံနိုင်အောင် သံချောင်း ကော်လံတိုင် ဆိုဒ် ကို သုံးရပါမယ်။ တွက်တတ်လား မေးရင်တော့မသိပါဘူး။ 1 ဂါလံမှာ ၄.၅၄၆ လီတာ ရှိပါတယ်။ အခုနောက်ပိုင်း စတီး ရေတိုင်ကီတွေက လီတာနဲ့ ပြထားတတ်လို့ ပြန်တွက်ကြည့်လို့ရပါလိမ့်မယ်။
သစ်တစ်တန်ဟာ ၁ လက်မ ပတ်လည် မှာ ( 1 X 1) မှာ ၇၂၀၀ ပေ အရှည် ရှိရပါမယ်။ ၂X၁ နှစ်တစ် တစ်တန်ဟာ ( 7200÷2= 3600 ပေအရှည်) 3 X 2 တစ်တန် ( 7200÷6=1200 ပေအရှည်) စသဖြင့် တွက်ယူကြည့်ပါ။
Ref & Photo Credit : Wunyan
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties