By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 25 May 2018
အခန်း(၄)
ကော်မတီပိုင်အဆောက်အအုံများ ဆိုင်ရာဥပဒေတွင် အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းကို ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်ပါက ကော်မတီတွင် မှတ်ပုံ တင်ထားသော လိုင်စင်ရကန်ထရိုက်တာများထံမှ တင်ဒါစနစ်ဖြင့်ရွေးချယ်ပြီးဆောင်ရွက်ရမည် ဟုဖော်ပြထားသည်။
ပုဒ်မ ၄၆ တွင် ကော်မတီသည် မိမိပိုင်အဆောက်အအုံများ ဆောက်လုပ်ရန်၊ ပြုပြင်မွမ်းမံရန်၊ ထိန်းသိမ်းရန်နှင့် ဖြိုဖျက်ရန်ကိစ္စများနှင့် စပ်လျဉ်း၍ စီမံချက်ချမှတ်ခြင်း၊ ဦးစားပေးစာရင်းရေးဆွဲခြင်း၊ ဘဏ္ဍဍရေးနှစ်အလိုက် လျာထား သတ်မှတ်ခြင်း၊ အဆောက်အအုံပုံစံထုတ်ခြင်း၊ ပန္နက်ပုံစံထုတ်ခြင်း၊ ပစ္စည်းစာရင်းရေးဆွဲခြင်းနှင့် အတည်ပြုချက်ပေးခြင်း တို့ကို ဆောင်ရွက်နိုင်သည် ဟုလည်းဖော်ပြထားပြီး
ပုဒ်မ ၄၇ တွင် ကော်မတီသည်-
(က) အဆောက်အအုံများဆောက်လုပ်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ထိန်းသိမ်းခြင်းနှင့် ဖြိုဖျက်ခြင်းလုပ်ငန်းတို့ကို ဌာနဆိုင်ရာလုပ်ငန်းအနေဖြင့်ဖြစ်စေ၊ ကန်ထရိုက်စနစ်ဖြင့်ဖြစ်စေ၊ မြေငှားစနစ်ဖြင့်ဖြစ်စေ၊ ဆောက်လုပ်၍ သတ်မှတ်ကာလအပိုင်းအခြားအတွင်း လုပ်ငန်းလုပ်ကိုင်ပြီး လွှဲပြောင်းပေးသည့်စနစ်ဖြင့်ဖြစ်စေ သင့်လျော်သလို ဆောက်လုပ်ခွင့်ပြုနိုင်သည်ဟုု ပြဌာန်းထားသည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Mmbiztoday
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties