By Myanmar Live, Shweproperty.com
Updated at 5 February 2019
အဆောက်အဦးတစ်ခု တရားဝင်ဆောက်လုပ်ရန်အတွက် လိုအပ်သော စာရွက်စာတန်းများနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ချမှတ်ထားသော စည်းကမ်းအချို့ကို အများပြည်သူ မှတ်သားထားနိုုင်ရန်အလို့ငှာ ပြန်လည်မျှဝေတင်ပြလိုက်ပါသည်။
"ကိုုယ်ပိုင်လုံးချင်း အဆောက်အဦဆောက်လုပ်ခွင့်လျှောက်ထားရာတွင်"
၁။ ဌာနမှသတ်မှတ်လျှောက်လွှာ
၂။ သတ်ဆိုုင်ရာ ဌာနမှ ၃ နှစ်အတွင်းထုတ်ပေးထားသော မြေပုံု/မြေရာဇဝင်မူရင်း
၃။ ဂရန်မိထ္တူ ( သို့ ) နယ်နိမိတ်တိုုင်းတာမှတ်သားထားသည့် မြေပုံ ( မူရင်း နှင့်တိုင်ဆိုင်စစ်ဆေးရန် )
၄။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၏ အခွန်အကြွေးအကျန်ကင်းရှင်းကြောင်းထောက်ခံချက်
၅။လျှောက်ထားသူ၏မှတ်ပုံတင်မိထ္တူ
၆။လျှောက်ထားသူကိုယ်တိုင်သက်ရှိထင်ရှားရှိပြီး လက်မှတ်ရေးထိုးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက်
၇။ ဘေးမြေကွက်များမှကန့်ကွက်ရန်မရှိကြောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်
၈။ အိမ်ငှားမရှိလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက်နှင့် အိမ်ငှားရှိလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်အပြင် မြို့နယ်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်
၉။ လိုင်စင်ရအင်ဂျင်နီယာမှလက်မှတ်ရေးထိုုးထားသော အဆိုပြုပုံစံ (၃)စုံနှင့် ပစ္စည်းစာရင်း (၃)စုံ
၁၀။ ၃ထပ်နှင့်အထက်အဆောက်အဦများအတွက် SEC မှတွက်ချက်ထားသော ခိုင်ခံမှုဆိုင်ရာ တွက်ချက်မှု ပုံစံ (၂) စုံ
"ကိုုယ်ပိုင်လုံးချင်း အဆောက်အဦဆောက်လုပ်ခွင့် လျှောက်ထားရာတွင် လိုက်နာရမည့်မြေကျန်များ "
- ၄၀ x ၆၀ ကျယ်ဝန်းသည့်မြေကွက်ပေါ်တွင် ၃ထပ်နှင့်အောက်ကိုုယ်ပိုုင်လုံးချင်းတည်ဆောက်လိုုပါက အဆောက်အဦဆောက်လုုပ်ခွင့်ရသူသည် မိမိမြေပေါ်တွင် ရှေ့ဘက် ၁၂ ပေ ၊ အိမ်နောက်ဖေး ၆ ပေ
(နောက်ဖေးလမ်းကြားရှိပါက ၁ ပေ )၊ ဘေးဖက်နှစ်ဖက်အား အမိုးစွန်းမှ ၃ပေ ချန်ပြီး ဆောက်လုုပ်ရပါမည်။
- ၄၀ x ၆၀ အောက်ငယ်သည့်မြေကွက်ပေါ်တွင် ကိုုယ်ပိုုင်လုံးချင်းတည်ဆောက်လိုုပါက အဆောက်အဦဆောက်လုုပ်ခွင့်ရသူသည်မိမိမြေပေါ်တွင် ရှေ့ဘက် ၁၂ ပေ ၊ အိမ်နောက်ဖေး ၆ ပေ (နောက်ဖေးလမ်းကြားရှိပါက ၁ ပေ)၊ ဘေးဖက်နှစ်ဖက်အား အမိုးစွန်းမှ ၁ ပေ ချန်ပြီး ဆောက်လုုပ်ရပါမည်။
- ကိုုယ်ပိုင်လုံးချင်း အဆောက်အဦဆောက်လုပ်ခွင့် လျှောက်ထားရာတွင် အနည်းဆုံးထားရှိရမည့်အခန်းအမြင့်များမှာ မြေညီ ၁၀ ပေ၊ ကျန်အထပ်များ ၉ ပေစီထားရှိရမည်ဖြစ်ပြီး အထက်ပါသတ်မှတ်ချက်အားပြောင်းလဲလိုုပါက ခိုုင်လုံသောအကြောင်းပြချက်ဖြင့်သီးခြားခွင့်ပြုချက် ရယူဆောင်ရွက်ရပါမည်။
အထက်ပါအစည်းမျည်းစည်းကမ်းများအတိုင်း တည်ဆောက်ပြီးစီးသွားသောအခါ သက်သေခံလက်မှတ် ( BCC ) လျှောက်ထားရာတွင် -
၁။ BCC လျှောက်လွှာ
၂။ လျှောက်ထားသူ/ပိုင်ရှင် ၏မှတ်ပုံတင်မိထ္တူ
၃။ လျှောက်ထားသူကိုယ်တိုင်သက်ရှိထင်ရှားရှိပြီး လက်မှတ်ရေးထိုးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက်
၄။ ဆောက်လုပ်ခွင့်ပါမစ် မိတ္တူ
၅။ ဆောက်လုပ်ခွင့်ပုံစံ Drawing မိတ္တူ ၁ စုံ
၆။ ဆောက်လုပ်ခွင့်ပုံစံ စစ်ဆေးခငွေသွင်းချလံ မိတ္တူ
၇။ အဆောက်အဦဆောက်လုပ်ပြီးစီးကြောင်း လိုင်စင်အင်ဂျင်နီယာနှင့်
၈။စစ်ဆေးရေးအင်ဂျင်နီယာ၏ မှတ်ချက်ပါရှိသော log-book
၉။ သန့်ရှင်းရေးဌာန၏အမှိုက်ပုံး ဝယ်ပြီးကြောင်း ထောက်ခံချက်
၁၀။ ပြည်တွင်းအခွန်ဦးစီးဌာန၏အခွန်ဆောင်ပြီးကြောင်း ထောက်ခံချက် တို့လိုအပ်ပါသည်။
Ref : Myanmar Live
Photo Credit : Rdstationblog
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties