By Myanmar Builders Guide, Shweproperty.com
Updated at 14 August 2019
အဆောက်အဦးကန်ထရိုက်လိုင်စင်လျှောက်ထားရာတွင် ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။
လျှောက်ထားသည့်ပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီများသည် ပြည်တွင်းတွင် မှတ်ပုံတင်သက်တမ်းမကုန်သေးသော ကုမ္ပဏီဖြစ်ရမည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ ရုံးအမှတ်(၄၀)တွင် လာရောက်လျှောက်ထားရမှာ ဖြစ်ပါတယ်။
(က) ကုမ္ပဏီနှင့်ပတ်သက်သောအချက်အလက်များပြည့်စုံစွာ ပါရှိရမည်။
( ခ ) အဆောက်အဦးဦးစီးဌာနမှ ထုတ်ပေးသည့် ပုံစံတွင် စနစ်တကျဖြည့်စွက်ကာ တောင်းခံထားသော အချက်အလက်များ ပြည့်စုံစွာ အသေးစိတ်ထည့်သွင်း၍ အဆောက်အဦဦးစီးဌာနသို့ ပြန်လည်တင်ပြ လျှောက်ထားရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကုမ္ပဏီနှင့်ပတ်သက်သော စာရွက်စာတမ်းအပြည့်အစုံလည်း ပါရှိရမှာဖြစ်ပါတယ်။
လျှောက်ထားရန်အဆင့်များ
အဆင့်-၁
ရုံးအမှတ် (၄၀) အဆောက်အဦဦးစီးဌာနတွင် ပုံစံလာရောက် တောင်းခံခြင်း၊
အဆင့်-၂
ကုမ္ပဏီမှ လိုအပ်သည်များဖြည့်စွက်ခြင်း၊
အဆင့်-၃
အဆောက် အဦဦးစီးဌာနသို့လာရောက်တင်ပြလျှောက်ထားခြင်း၊
အဆင့်-၄
စိစစ်ရေးအဖွဲ့မှ စိစစ်ခြင်းနှင့် အတည်ပြုရွေးချယ်ခြင်း၊
အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၆၇-၄၀၇၅၄၁ သို့ဆက်သွယ်စုံးစမ်းမေးမြန်းနိုင်ပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties