By Myanmar Builders Guide, Shweproperty.com
Updated at 22 June 2018
၁။စုပေါင်းပိုင်အဆောက်အအုံတစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်းတစ်ခုခုကို မိမိတို့၏ ဆန္ဒအလျောက် ဖြိုဖျက်ပြီး အသစ်ပြန်လည် ဆောက်လုပ်လိုလျှင် အသင်း၏ အသင်းသား စုံညီအစည်းအဝေး သို့မဟုတ် အသင်းသား စုံညီ အထူးအစည်းအဝေး တွင် အသင်းဝင် ၇၅ ရာခိုင်နှုန်း၏ သဘောတူဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်နိုင်သည်။
(၁)အမှုဆောင်အဖွဲ့သည် ပုဒ်မ ၂၈ အရ ချမှတ်သော သဘောတူဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နိုင်ရန် အလို့ငှာ သတ်မှတ်ချက်များနှင့် အညီ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ သို့ တင်ပြရမည်။
(၂)သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီသည် တင်ပြချက်ကို စိစစ်ပြီးလိုအပ်ပါက သက်ဆိုင်ရာ အစိုးရဌာန၊အဖွဲ့အစည်း နှင့် ညှိနှိုင်း၍ အတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
(၃)အမှုဆောင်အဖွဲ့သည် သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏ အတည်ပြုချက်ရရှိပါက သက်ဆိုင်သူမာျး သိရှိနိုင်ရန် သတင်းစာတွင်ကြေညာရမည်။
၂။(က)အမှုဆောင် အဖွဲ့သည် သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှ အတည်ပြုသည့် နေ့မှ ရက်ပေါင်း ၃ဝအတွင်း ယင်းအတည်ပြုချက်မိတ္တူနှင့် အသင်းသား စုံညီအစည်းအဝေး
သို့မဟုတ် အသင်းသား စုံညီ အထူးအစည်းအဝေး၏ သဘောတူဆုံးဖြတ်ချက် မိတ္တူတို့ကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည်။
(ခ)မှတ်ပုံတင် အရာရှိသည် သက်ဆိုင်ရာ မှတ်ပုံတင် စာအုပ်တွင် လိုအပ်သော ပြင်ဆင်ပြောင်းလဲခြင်း သို့မဟုတ်ပယ်ဖျက်ခြင်း ပြုလုပ်ရမည်။
၃။(က)အမှုဆောင်အဖွဲ့သည် သက်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီ၏ အတည်ပြုချက်နှင့် အညီ စုပေါင်းပိုင်း အဆောက်အအုံ ကို အသစ်ပြန်လည် ဆောက်လုပ်ရာတွင်လည်းကောင်း၊
စုပေါင်းပိုင် အဆောက်အအုံတစ်ခုလုံးကိုဖြစ်စေ၊အစိတ်အပိုင်းတစ်ခုခုကို ဖြစ်စေ ဖြိုဖျက်ပြီး မူလပုံစံအတိုင်း အသစ်ပြန်လည် ဆောက်လုပ်ရာတွင်လည်းကောင်း ယင်းစုပေါင်းပိုင် မြေနှင့်
စုပေါင်းပိုင် အဆောက်အအုံမှ ဖယ်ရှားပေးရန် ပျက်ကွက်သူများ၏ စာရင်းကို ဦးစီးဌာနသို့တင်ပြရမည်။
(ခ)ဦးစီးဌာနသည် ပုဒ်မခွဲ(က)အရ တင်ပြချက်နှင့် စပ်လျဉ်း၍ လုံခြုံရေးအတွက် လိုအပ်ပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အကူအညီကို ရယူဖယ်ရှားနိုင်သည်။
၄။(က)စုပေါင်းပိုင်အဆောက်အအုံသည် ဘေးအန္တရာယ်ရှိသော အဆောက်အအုံအဖြစ် သက်ဆိုင်ရာက သတ်မှတ်လာလျှင် သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ ဖြိုဖျက်ရမည်။
(ခ)ထိုသို့ဖြိုဖျက် ခဲ့သည့် စုပေါင်းပိုင်မြေအပေါ်တွင် စုပေါင်းပိုင်အဆောက်အအုံအဖြစ် ပြန်လည် ဆောက်လုပ်ခြင်း သို့မဟုတ် အခြားနည်း အသုံးပြုခြင်းများကို သတ်မှတ်သည့် နည်းလမ်းများ နှင့် အညီဆောင်ရွက်ရမည်ဖြစ်သည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties