By Sint Sint, Shweproperty.com
Updated at 19 December 2020
အိမ်နဲ့ပတ်သက်ပြီး ပြောရမယ့်အကြောင်းအရာတွေကတော့ ပြောမဆုံးနိုင်ပါဘူး။ ယနေ့ခေတ်လိုခက်ခဲနေတဲ့ ကာလကြီးမှာ လူတိုင်းက ငွေဝင်ပေါက်တွေကိုပဲ ရှာနေကြတာပါ။ ငွေရှိမှာ အရာရာစိတ်တိုင်းကျဖြစ်စေနိုင်တာမို့ စီးပွားရေးပွင့်လန်းဖို့ ငွေများများရဖို့အတွက်ကိုပဲ အာရုံစိုက်နေကြရပါတယ်။စီးပွားရေးကောင်းဖို့ စီးပွားတက်ဖို့ ငွေတွေ ဝင်ဖို့အတွက် ဘာတွေလုပ်ရမှာလဲ။ ပုံမှန်ဝင်ငွေ လစာရနေတာထက် ဘယ်လိုမျိုးအပိုရှာနီုင်ဦးမလဲ။ မိမိဉာဏ်နဲ့စုဆောင်းရသမျှအပြင် ကံနဲ့ရလာမယ့် ငွေမျိုးကရော ဘယ်လိုရနိုင်မလဲ။ဒါဆိုရင်တော့ စီးပွားတက်စေမယ့်နည်းလမ်းက ဘာများလဲ။ စီးပွားတက်မည့်အိမ်ကိုရေဆန်အိမ်လို့ခေါ်ကြပါတယ်။ မိမိတို့ရဲ့အိမ်အနေအထားကို လေ့လာကြည့်ရအောင်။အိမ်၏ ခေါင်းရင်းနေအိမ်သည် မိမိအိမ်ထက်မြင့်မည် ခြေရင်းအိမ်သည်လည်း မိမိအိမ်ထက်မြင့်ပါက ကိုယ်နေသောအိမ်သည် အမိုးနိမ့်နေလျှင် အိမ်ပုခက် ဟုခေါ်သည်။ နေသောမိသားစုသည် စီးပွားတက်၏။
ကိုယ့်အိမ်ခေါင်းရင်းအိမ်က အမိုးနိမ့်မည်။ကိုယ့်အိမ်ခြေရင်းကလဲ အမိုးနိမ့်မည် ကိုယ့်အိမ်က အလယ်မှ အမိုးမြင့်မားနေပါက အိမ်မြင့်မိုရ်ဟုခေါ်သည်။လူကြီးမိဘတို့ကို ခေါင်းရင်းဘက်ထား၍ ပြူစုလုပ်ကျွေးအား သဒ္ဓါပြည့်ကအထူးကောင်းမွန်၏ ။ ကိုယ့်အိမ်၏ခေါင်းရင်းကမြင့်မည်။ ကိုယ့်အိမ်၏ ခြေရင်းက ကိုယ့်အိမ်ထက်နိမ့်နေပါက အိမ်တောင်တန်းဟုခေါ်သည်။ တစ်စိမ့်စိမ့်စီးပွားဖြစ်၏။ကိုယ့်အိမ်၏ခေါင်းရင်းကနိမ့်၍ ကိုယ့်အိမ်၏ ခြေရင်း အိမ်က မြင့်နေပါက စီးပွားအသည်းအသန်ရှာရတတ်သည်။ရေဆန်အိမ်ဟုခေါ်သည်။ ရှေးလူကြီးများက မဝယ်သင့်ဟုဆိုကြ၏။ကိုယ့်အိမ်၏ ခေါင်းရင်းနားတွင် မီးဖိုအကြီးကြီးဖြင့် စီးပွားရှာသော အိမ်ရှိနေပါက ထိုအိမ်ကိုဘုရားဆောင်ရွှေ့ခြင်းသို့မဟုတ် အိမ် အမိုးထပ်မြှင့်ခြင်းပြုအပ်၏။မကျန်းမမာဖြစ်တတ်၏။ဦးခေါင်း အပူတိုက်ဟုခေါ်ကြသည်။ သတိထားအပ်၏။
ကိုယ့်အိမ်၏ ဘေးဘယ်ညာအိမ်တို့မှဆူညံစကား ပြင်းသော အသံချဲ့စက်ဆောင်းဘောက်စ်အသံ အဆဲအဆိုနူတ်ကြမ်းတမ်းခြင်းပြုလုပ်နေပါက ထိုအိမ်သည် နတ်ဆိုးလှည်းအိမ်ဟုခေါ်သည်။ အမင်္ဂလာအသံကြားတွင်ညပ်နေ၍ဖြစ်၏။မေတ္တသုတ် မပြတ်သရဇ္ဈယ်အပ်၏။အလွန်စပ်စပ်စုစုနိူင်သော အိမ်နီးပါးချင်း ငွေအချေးအငှားအလွန်ပက်စက်၍ပြန်ဆပ်လျှင် လက်အလွန်ခက်သောသူတို့နှင့်နေထိုင်ရပါက မရှိပါဟူသော စကားကို လိမ်ညာပြောတတ်ရ၍ သီမလုံသောကံကိုစီရင်ဖန်တီးမိနေတတ်၍ အလိမ္မာဖြင့် ဝစီကံထိမ်းထိမ်းသိမ်းသိမ်းသတိထား ပြောရတတ်၏။ ဝစီဗေဒထိတိုင်းရှ ဟူသည်နှင့်အညီကိုယ်ပါ ဆင်းရဲနွမ်းပါးလာတတ်၏။ဘာသာရေးကို ကိုင်းရှိုင်းတဲ့သူတွေအနေနဲ့လည်း မိမိတို့ဘာသာ ကိုးကွယ်မှု၊ ရိုးရာအတိုင်း ကံပွင့်လာဘ်ရွှင်ဖို့ လုပ်ဆောင်လို့ရပါတယ်။ ကုသိုလ်လည်းရ ဝမ်းလည်း ဝသလိုမျိုးပေါ့။
(၁) ဘုရားပန်း နှင့်သောက်တော်ရေဆွမ်း ဆီမီးအမြဲကပ်ပါ။ ဘုရားပန်းမနွမ်းပါစေနဲ့။ ဘုရားပန်းအိုးထဲမှရေများမပူပါစေနဲ့။ သောက်တော်ရေကိုသတိရတိုင်းကပ်ပါ။
(၂) ဘုရားရှိခိုးလျင်အိ မ်စောင့်နတ်ခြံစောင့်နတ်အိမ်ဝန်းအ တွင်းမှီတင်းစောင့်ရှော က်နေထိုင်ကြသော နတ်မြတ်နတ်ေ ကာင်းများမြင်အပ်မမြင် အပ်သတ္တဝါများ အားလုံးကိုေ မတ္တာပို့အမျှဝေပါ။
(၃) အလွန်ကံညံ့ လာဘ်ပိတ်နေလျင်ညသန်းေ ခါင်ပရိတ်ရွတ်ပါ။ ည 12နာရီနော က်ပိုင်းသ ည်နတ်မြတ်နတ်ကောင်းများလူ့ပြည်သို့လှည့်လည် ကြည့်ရှုချိန်ဖြစ်၍ ညဘက်ပရိတ်ရွတ် ဖတ်ဆုတောင်းလျင်ပို၍ ဆုတောင်းပြည့်စေပါတယ်။
(၄) အိမ်မှာအဟောင်းအစုတ်တွေမထားပါ နဲ့။ အချိူ့အိ မ်တွေမှာ နှမြောပြီးထားတ တ်ကြတာတွေရှိပါတယ်။ ပုလင်းကွဲတွေဒန်အိုးေ ပါက်တွေအဝတ် အစားစုတ်တွေဘယ် လိုမှသုံးမရ တာတွေလွှတ် ပစ်လိုက်ပါ။ အိမ်မှာလိုအ ပ်တာတွေသာအဓိက ထားပါ။
(၅) အိမ်ကိုတံမြက်စည်းလှည်းလျင်နံနက် လှည်းလျှင်အိမ်ရှေ့မှ အိမ်နောက်သို့လှ ည်းပါ။ ညနေနှင့်ည ဘက်လှည်းလျှင်အိမ် နောက်မှ အိမ်ရှေ့သို့လှည်းပါ။
(၆) မီးဖိုချောင်တွင်ဆန်နှ င့်ဆီကို အပြတ်မခံပါနဲ့ ။
(၇) အိမ်ရှိေ လှကားများ ကျိူးပျက်နေသည်ကိုပြုပြင်ပါ။ လှေကားများကျိူး ပျက်နေခြင်းကလာဘ်တိတ်စေသ လိုမကောင်းသောအန္တ ရာယ်များကို ဖိတ်ခေါ်စေပါတတ်ပါတယ်။မကောင်းတာရှောင် ကောင်းတာဆောင်ပြီး မိမိအကျိုးစီးပွားကို လိုသလိုစီမံနိုင်ပါသေးတယ်။သင်ကံဆိုးနေတယ်လို့ ခံစားနေရတဲ့အခါ အိမ်ထဲမှာ၊ အခန်းထဲမှာ ဘယ်လိုမျိုးတွေ ပြုမူထားမိလဲဆိုတာတွေ အရင်ဆုံးရှာဖွေလိုက်ပါနော်။
(၁) လှုပ်ကုလားထိုင်ဘယ်သူမှမရှိတဲ့ အခန်းထဲမှာ လှုပ်ကုလားထိုင်က ဘယ်သူမှလည်းမထိုင်ဘဲ လှုပ်နေမယ်ဆိုရင် စိတ်ထင်လို့ပါ ဆိုပြီးဘယ်လိုပဲ ဖြည့်တွေးပါစေ၊ စိတ်ထဲတော့ မသိုးမသန့်တော့ ဖြစ်တတ်ကြမှာပါ။ ဒါကြောင့်လည်း ခုနောက်ပိုင်းမှာ လှုပ်ခုံတွေကို မသုံးကြတော့ပါဘူး။ အိုင်းရစ်ရှ် သမိုင်းကြောင်းအရ ဘယ်သူမှမထိုင်တဲ့ လှုပ်ကုလားထိုင်ဟာ မကောင်းတဲ့ ဝိညာဉ်တွေ လာထိုင်ဖို့ ဖိတ်ခေါ်နေသလိုပါပဲလို့ပြောကြပါတယ်။
(၂) ပျက်စီးနေတဲ့နာရီ၊ ရပ်တန့်နေတဲ့နာရီပျက်စီးကျိုးပဲ့နေတဲ့ ပစ္စည်းတွေ အိမ်ထဲမှာ မထားကောင်းဘူးဆိုတာတော့ အားလုံး လက်ခံပြီး သား ဖြစ်မှာပါ။ ဒါ့အပြင် ပျက်စီးရပ်တန့်နေတဲ့ နာရီက မကောင်းတဲ့နိမိတ်တွေ ဖြစ်စေတယ်လို့လည်း အယူအဆရှိ ပါတယ်။ အချိန်ကို ညွှန်ပြတဲ့ အရာတွေဟာ အမြဲတမ်း အလုပ်လုပ်နေရပါမယ်။ အဲလိုမဟုတ်ပဲ ရပ်တန့်နေမယ်ဆိုရင် အသုံးပြုတဲ့သူတွေရဲ့ ဘဝတိုးတက်မှု လည်း ပိတ်ဆို့ရပ်တန့်သွားတတ်ပါတယ်။
(၃) ကန္တာရစူးပင်Cactus ပင်လေးတွေကို အလှထားတတ်တဲ့သူတွေ အတွက်တော့ သတင်းဆိုးပါပဲ။ ရှေးလူကြီးတွေရဲ့ ယုံကြည်မှုအရ အစူးပါတဲ့ အပင်တွေဟာ မကောင်းတဲ့ နိမိတ်တွေကို ဆွဲဆောင်တယ်လို့ ဆိုပါတယ်။ကန္တာရ စူးပင်မှမဟုတ်ပါဘူး။ နှင်းဆီအပါအဝင် စူးပါတဲ့ ဘယ်အပင်မဆို အိမ်ထဲမှာ ထားရင် အိမ်ကိုရော၊ သင့်ရဲ့အချစ်ရေး၊ ပေါင်းသင်းဆက်ဆံရေးကိုပါ အနှောင့်အယှက် ဖြစ်စေပါတယ်။
(၄) ဖွင့်ထားတဲ့ထီးရှေးလူကြီးတွေ ပြောတာတော့ ရာသီဥတုဒဏ်ကို ကာကွယ်ဖို့လုပ်ထားတဲ့ ဘယ်ပစ္စည်းကိုမဆို အိမ်ထဲ ယူဆောင် လာခြင်းက အိမ်ကိုစောင့်ရှောက်နေတဲ့ အိမ်စောင့်နတ်ကို မရိုသေရာကျတယ်လို့ ဆိုကြပါတယ်။ ။အိမ်စောင့်နတ်တွေက အိမ်ကိုစောင့် ရှောက် တာမ လုံလောက်ဘူးဆိုတဲ့သဘောမျိုး သက်ရောက်စေလို့ပါ။ အိမ်စောင့်နတ်က စိတ်ဆိုးပြီး အိမ်ကိုမစောင့် ရှောက်တော့ရင်အိမ်ထဲကို ကံဆိုးခြင်းတွေ ဝင်လာနိုင်ပါတယ်။
(၅) ခြောက်သွေ့သေဆုံးနေသောအပင်အိမ်မှာ ကံကောင်းခြင်းတွေနဲ့ လှုပ်ရှားသက်ဝင်နေစေချင်တယ်ဆိုရင် အိမ်ထဲမှာ သေဆုံးနေတဲ့ အပင်တွေ၊ ခြောက်သွေ့နေတဲ့အပင်တွေကို ဒီတိုင်း ပစ်မထားပါနဲ့။ သေနေတဲ့ အရာတွေအိမ်ထဲထားတာက မကောင်းတဲ့ စွမ်းအင်တွေကို စုတ်ယူနေသလိုပါပဲ။ ဒါ့အပြင် သစ်ကိုင်းခြောက်၊ သစ်ရွက်ခြောက်တွေ အိမ်ထဲမှာ ပြန့်ကျဲထားတာက အိမ်ကိုနေချင်စရာ မကောင်းစေပါဘူး။
(၆) ဒိတ်အောက်နေတဲ့ ပြက္ခဒိန်ရပ်တန့်နေတဲ့နာရီနဲ့ အလားတူစွာပဲ နှစ်ကုန်ပြီး ဒိတ်အောက်သွားပြီဖြစ်တဲ့ ပြက္ခဒိန်တွေကို ဆက်လက် ချိတ်ဆွဲ ထားတာကလည်း ကံကောင်းခြင်းတွေဝင်လာဖို့ ပိတ်ဆို့စေပါတယ်။အချိန်နဲ့ ပတ်သက်တဲ့ ဘယ်ပစ္စည်းကိုမဆို မှားယွင်းကျိုး ပျက်နေတဲ့အတိုင်း အသုံးပြုတာက အိမ်လာဘ်တိတ်ပြီး အသက်တောင် တိုနိုင်တယ်လို့ရှေးလူကြီးတွေက ဆိုကြပါတယ်။
သင့်အိမ်ထဲကိုယူလာတဲ့ ပစ္စည်းတွေက သင့်အတွက်ကံဆိုးခြင်းတွေဖြစ်စေနိုင်တယ်ဆိုတာ သင်အမြဲတမ်းသတိထားနေရမှာပါ။ တချို့သောပစ္စည်းတွေက အိမ်ထဲကိုကံဆိုးခြင်းတွေယူလာနိုင်ပြီး အိမ်သားတွေကို သေဆုံးစေတဲ့အထိခိုက်တတ်ပါတယ်။ ဒါတွေက မယုံလို့လည်းမနိုင်ပါဘူးနော်။နောက်ပြီးတော့ သင့်အိမ်မှာသိမ်းမထားသင့်တဲ့ ကံဆိုးစေတဲ့အရာတွေမို့လို့ ဒါတွေကို အမြန်ဆုံးရှင်းလင်းဖယ်ထုတ်လိုက်ပါနော်။
(၁) ကျိုးပဲ့နေတဲ့နာရီနဲ့ မှန်အကွဲများ
အိမ်အတွင်းမှာ ကျိုးပဲ့နေတဲ့နာရီနဲ့ အက်ရာထင်နေတဲ့မှန်၊ မှန်အကွဲတွေမထားသင့်ပါဘူး။ ဒီလိုကျိုးပဲ့ကွဲအက်နေတဲ့အရာတွေအိမ်ထဲမှာ ရှိနေတဲ့အခါ သင့်ရဲ့ဘဝမှာအဆင်မပြေမှုတွေကို ပိုပြီးကြုံရတတ်ပါတယ်။
(၂) ပိုးစုန်းကြူး
ပိုးစုန်းကြူးလေးတွေက ချစ်စရာလေးတွေမို့ ဖမ်းပြီးဖန်ဗူးလေးတွေထဲထည့်ထားတာမျိုး မလုပ်မိပါစေနဲ့။ ပိုးစုန်းကြူးလေးတွေကို ဖန်ဗူးထဲထည့်ပြီးအိမ်ထဲထားထားခြင်းက သင့်ကိုကံဆိုးစေနိုင်ပါတယ်။
(၃) ပန်းအခြောက်များ
အိမ်ထဲမှာ အလှထားတဲ့ပန်းအိုးတွေထဲက ပန်းတွေညှိုးသွားတဲ့အခါ ချက်ချင်းပန်းအသစ်လဲပေးပါ။ ပန်းအညိုးတွေကို မလဲပစ်ဘဲထားထားခြင်းက သင်နဲ့သင့်အိမ်သားတွေဆီကံဆိုးခြင်းတွေဖြစ်လာစေပါတယ်။
(၄) အိမ်ထဲမှာထီးကိုဖွင့်ပြီးထားခြင်း
မိုးရွာထဲကနေအိမ်ပြန်ရောက်လာတဲ့အခါ ထီးကိုအိမ်အပြင်ဖက်မှာ၊ ဝရန်တာမှာဖွင့်ပြီး အခြောက်ခံပါ။ ထီးကိုအိမ်ထဲမှာဖွင့်ပြီးထားထားခြင်းက ကံဆိုးခြင်းကိုဖြစ်စေတတ်ပါတယ်။
(၅) ပျက်စီးခြင်း၊သေဆုံးခြင်းနဲ့ပတ်သက်တဲ့ရုပ်ပုံများ
အိမ်ထဲမှာထားဖို့ပန်းချီကားတွေ၊ ရုပ်ပုံကားချပ်တွေဝယ်တဲ့အခါ ပျက်စီးခြင်း၊ သေဆုံးခြင်းနဲ့ပတ်သက်တဲ့ရုပ်ပုံတွေကိုမဝယ်ပါနဲ့။ ဒီလိုပုံတွေကိုအိမ်ထဲမှာထားခြင်းက မကောင်းတဲ့အရာတွေကိုဖြစ်စေပါတယ်။
(၆) ကန္တာရဆူးပင်
ကန္တာရဆူးပင်တွေကို အလှပဲဖြစ်ဖြစ်အိမ်ထဲမှာစိုက်မထားပါနဲ့။ ဆူးပင်သေးသေးလေးတွေက ချစ်စရာကောင်းတယ်ဆိုပေမယ့် သင့်ကိုကံဆိုးစေနိုင်တာကြောင့် အိမ်ထဲမှာမစိုက်ထားတာအကောင်းဆုံးပါ။
(၇) ပုဆိန်၊ပေါက်ပြားနဲ့တံမြက်စည်းအဟောင်းများ
ထင်းခွဲတဲ့ပုဆိန်၊ မြက်ပေါက်တဲ့ပေါက်ပြားနဲ့ တံမြက်စည်းအဟောင်းတေကို ဥယျာဉ်ခြံထဲ ဒါမှမဟုတ် အိမ်အပြင်ဘက်မှာ ထောင်ရက်သိမ်းထားသင့်ပြီး အဲ့ဒီပစ္စည်းတွေကို အိမ်ထဲယူလာတာမျိုး၊ မြေပြင်မှာဒီအတိုင်းလဲပြီးချထားတာမျိုးတွေက ခိုက်တတ်တယ်လို့ အယူရှိကြပါတယ်။ဒါတွေကိုလိုက်နာခဲ့ရင်တော့ သင်ဟာရေဆန်အိမ်ကြီးမှာ မတောင့်မကြနဲ့ အေးဆေးစွာနေနိုင်တော့မှာပါ။ ဘယ်အရာမဆို ကံ ၊ဉာဏ် ၊ ဝီရိယနဲ့ ယှဉ်တွဲနိုင်မယ်ဆိုရင် သင်ရဲ့အောင်မြင်မှုတွေက သင်ဘေးနားမှာပဲ ရှိနေမှာပါ။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဗဟုသုတများ
မြေဝယ်သူတွေ စိစစ်ရမယ့် အရေးကြီးဆုံး အချက် (၂၃) ချက်
အိမ်နံပါတ်နှင့် သင့် ကံကြမ္မာ
အိမ်တွေမှာ အိမ်မြှောင်စုတ်ထိုးသံကြားရင်ဘာတွေဖြစ်မှာလဲ
Written By : Khine Zar (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties