By Lwinpyin, Shweproperty.com
Updated at 25 December 2017
အစ်မ ဖြစ်သူပိုင်တဲ့ မြေ နဲ့ အိမ် ကို ညီမဖြစ်သူထံမှ ဝယ်ရင် တရားဝင် ပိုင်ဆိုင်ခွင့် ရနိုင်ပါသလားဟု မိတ်ဆွေ တစ်ဦးက ဆွေးနွေးလာ ပါသည်။
"အစ်မ ဖြစ်သူက အပျိုကြီး လား၊ မိဘ တွေ မရှိတော့ဘူးလား”
”အစ်မ ဖြစ်သူက အပျိုကြီး အနေနဲ့ ကွယ်လွန်သွားတယ်။ မိဘ တွေက မရှိတော့ဘူး၊ ဆုံးပါးသွား ကြပြီ။ ညီမဖြစ်သူကလည်း ညီမ အရင်းမဟုတ်ဘူး၊ ညီမတစ်ဝမ်းကွဲ အတူနေလို့ ပြောတယ်”
”ညီမ ဝမ်းကွဲ ဆိုတာက ဘယ် လိုတော်စပ်တယ်လို့ သိသလဲ”
”မအေညီအစ်မက မွေးတာ လို့ ပြောတယ်”
”ဒါဆို ညီမတစ်ဝမ်းကွဲပေါ့”
”အဲဒီရောင်းမယ်ဆိုတဲ့ ညီမ ဝမ်းကွဲ ကကော ဘယ်နှယောက် ရှိတယ်ဆိုတာ မမေးခဲ့ဘူးလား”
”ညီမဖြစ်သူ အပြောတော့ ကွယ်လွန်တဲ့ အစ်မကြီး မှာ မောင်နှမ အရင်း လည်း မရှိဘူး။ ညီမဝမ်း ကွဲဆိုလို့ သူတစ်ယောက်ပဲရှိတာလို့ ပြောတယ်”
”ကွယ်လွန်သူ အမွေရှင် ရဲ့ ညီအစ်ကို မောင်နှမ အရင်း မဟုတ် တော့ ပြသူသနာရှိနိုင်တယ်။ အခု ရောင်းမယ်ဆိုတဲ့ ညီမက မိခင် ဘက်က ဆွေမျိုးတော်တဲ့ ညီအစ်မ တစ်ဝမ်းကွဲဆိုတော့ ကွယ်လွန်သူ ရဲ့ ဖခင်ဘက်က တော်စပ်မယ့် ညီ အစ်ကိုမောင်နှမဝမ်းကွဲတွေက တောင်းဆိုလာရင်တော့ အရောင်း အဝယ်ခက်ခဲသွားမှာ ဖြစ်တယ်”
”ဖခင်ဘက်က တော်စပ်တဲ့ ညီအစ်ကို မောင်နှမ ဝမ်းကွဲ မရှိဘူး ဆိုရင်တော့ အရောင်းအဝယ် ချော မွေ့အဆင်ပြေနိုင်တယ်ပေါ့”
”မှန်ပါတယ်”
”ဖခင်ဘက်က တော်စပ်တဲ့ ညီအစ်ကို မောင်နှမ ဝမ်းကွဲတွေရှိ၊ မရှိတော့ သေချာမသိဘူး။ ဒါပေ မယ့် ဒီလိုကိစူစရပ်တွေဆိုရင် ဘယ် လိုဆောင်ရွက်ရင်ကောင်းမလဲ”
”အကောင်းဆုံးကတော့ ဥပဒေ နဲ့အညီ အမွေ ထိန်းစာ လျှောက်ဖို့လိုမယ်၊ အမွေ ထိန်းစာရ မှ အရောင်းအဝယ်မှတ်ပုံတင် စာ ချုပ် ချုပ်ဆိုရောင်းချတာ အဆင် ပြေဆုံးပဲ”
”အမွေထိန်းစာလျှောက်လို့ ကန့်ကွက်လာရင် အဆင်ပြေပါ့မ လား”
”ဒါကတော့ တရားရုံးက ဥပဒေနဲ့အညီ ဆုံးဖြတ်ပေးမှာပဲ လေ။ ကိုယ်က ဒီမြေနဲ့ အိမ်ကို ဝယ်ချင်တယ်ဆိုရင် အမွေထိန်း စာရသူဆီကနေ ဝယ်ရင်ဖြစ်ပါ တယ်”
”အချို့ကပြောတော့ အတူ နေတဲ့ မောင်နှမတွေက အမွေ ဆက်ဆံခွင့်ရှိတယ်လို့ ဆိုတယ် ဟုတ်ပါသလား”
”မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ အရဆိုရင်တော့ ကွယ်လွန်သူ အမွေရှင်ပိုင် ပစူစည်းကို သွေးသား ရင်းချာဖြစ်တဲ့ ခင်ပွန်းသို့မဟုတ် ဇနီး၊ သားသမီး၊ မိဘ၊ ညီအစ်ကို မောင်နှမရင်းချာစသဖြင့် အဆင့် ဆင့် အမွေ ဆက်ခံခွင့်ရှိမှာဖြစ် တယ်။ သွေးသားရင်းချာ ဆွေမျိုး မရှိမှ၊ တစ်ဝမ်းကွဲညီအစ်ကို မောင် နှမတွေက ခံစားခွင့်ရှိလာမှာဖြစ် တယ်”
”သွေးသားရင်းချာဆိုရင် သူ တို့နဲ့ တိုက်ရိုက်အရောင်းအဝယ် စာချုပ် ချုပ်လို့ရမှာပေါ့”
”သွေးသားရင်းချာဖြစ်တဲ့ ခင် ပွန်း သို့မဟုတ် ဇနီး၊ သားသမီးတို့ ကျန်ရစ်မယ်ဆိုရင် အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း ကြေညာစာချုပ် ကို စာချုပ်စာတမ်းရုံးမှာ ပြုလုပ် ချုပ်ဆိုပြီး အရောင်းအဝယ်စာချုပ် ကိုပါ တစ်ပြိုင်တည်း မှတ်ပုံတင် ချုပ်ဆိုနိုင်မှာဖြစ်ပါတယ်”
”သွေးသားချင်းဝေးရင် အ စောက ပြောသလို ပိုင်ဆိုင်ကြောင်း အမွေဆက်ခံစာချုပ်ပြုလုပ်လို့ရပါ သလား”
”အမွေရှင်နဲ့ ဆွေမျိုးတော်စပ် မှု ဝေးသွားရင် အမွေဆက်ခံပိုင် ဆိုင်ကြောင်း ကြေညာစာချုပ် ချုပ် ဆိုခွင့်မရှိပါဘူး။ ဒါကြောင့် ကွယ် လွန်သူ အမွေရှင်ပိုင်ပစူစည်းကို ထိန်းသိမ်းဆောင်ရွက်ပိုင်ခွင့်ဖြစ်တဲ့ အမွေထိန်းစာကို တရားရုံးမှာ လျှောက်ထားရပါတယ်။ အမွေ ထိန်းစာရသူက အမွေရှင်ပစူစည်း ကို ရောင်းချလွှဲပြောင်းခွင့်ရမှာဖြစ် ပါတယ်”
”အတူနေ ဆွေမျိုးကိစူစနဲ့ ပတ် သက်လို့ကတော့ မကြာသေးမီက တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ အမှုဖြစ်တဲ့ ”ဦးမောင်မောင်ညိမ်းပါ ၁၂ ဦးနှင့် ဒေါ်သန်းပါ ၁၂ ဦး၊ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ တရား စီရင်ထုံး စာမျက်နှာ ၁၀၈ ”အမှု မှာ အမွေရှင်မကွယ်လွန်မီသာစဉ်၊ နာစဉ်အခါ၌ ပြုစုစောင့်ရှောက်သူ အမွေခံ၊ သားချင်းတစ်ယောက် သည် အမွေရှင်အား ပြုစုစောင့် ရှောက်မှုမရှိဘဲ ဆွေမျိုးဝတူတရားကို တမင်ပျက်ကွက်စွန့်ပစ်ထားသူ အ မွေခံသားချင်းများကို အမွေမှ ဖယ် ထုတ်ခြင်းပြုနိုင်သည်။ ထို့ကြောင့် ဤအမှုတွင် အမွေရှင် ဒေါ်မြရီ အပျိုကြီးဘဝနှင့် ကွယ်လွန်သွား ပြီးနောက် ဦးမောင်မောင်ညိမ်းနှင့် ဒေါ်သန်းတို့မှာ ဒေါ်မြရီနှင့် မောင် နှမတစ်ဝမ်းကွဲတော်စပ်သူများဖြစ် သည်။
ဦးမောင်မောင်ညိမ်းတို့သည် အမွေရှင်အား ပြုစုစောင့်ရှောက်မှု မရှိ၊ သာမန်ဆွေမျိုးဝတေ်နှင့် သံ ယောဇဉ်ဖြတ်၊ ပျက်ကွက်နေလာ သဖြင့် ကွယ်လွန်သူ ဒေါ်မြရီ၏ အမွေကို ရထိုက်ခွင့်ဆုံးရှုံးမည်ဖြစ် သည်။
ဒေါ်သန်းသည် ဒေါ်မြရီနှင့် အတူနေပြီး၊ အမွေရှင် ဒေါ်မြရီ အား သာစဉ်နာစဉ် အချိန်၌ ပြုစု စောင့်ရှောက်သူဖြစ်သဖြင့် ဒေါ်မြ ရီ၏ အမွေကို ခံစားထိုက်သူဖြစ် သည်”ဟု ဆုံးဖြတ်ထားတာတွေ့ရ တယ်။
”ဒါဆိုရင် သွေးသားရင်းချာ မဟုတ်ရင် အမွေဆက်ခံမှုက ကွာ ခြားသွားတဲ့ သဘောပေါ့”
”မှန်ပါတယ်၊ အမွေရှင်နဲ့ ဆွေ မျိုးနီးစပ်သာတော်ကြမယ်ဆိုရင် ဆွေမျိုးနီးသူက ဆွေမျိုးစဉ်ဆက် ဝေး သူကို အမွေကနေဖယ်ထုတ် ခွင့်ရှိတယ်။ ဆွေမျိုးဝေးတာချင်း လည်း တူမယ်၊ ဆွေမျိုး တော်စပ်ပုံ အဆင့်ကလည်း တူညီနေမယ်ဆို ရင်တော့ အမွေရှင်နဲ့ အတူနေပြီး အမွေရှင်ကို အမြဲမပြတ်ပြုစုစောင့် ရှောက် သူက အမွေဆက်ခံခွင့်ရမှာ ဖြစ်တယ်”
”အချို့က ဆွေမျိုးတော်စပ် ပေမယ့် အဆက်အသွယ်လည်း မလုပ်၊ အဝင်အထွက်လည်း မရှိ၊ သူစိမ်းဆန်ဆန်နေကြသူတွေ လည်း ရှိကြတယ်။ သူစိမ်းဖြစ်သူ က ဆွေမျိုးထက်ပိုပြီး ပြုစု စောင့် ရှောက်တာရှိတတ်တယ်”
”တစ်ခုတော့ ရှိတယ်။ မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေမှာ သူတစ် စိမ်းတစ်ယောက်က အမွေရှင်ကို ပြုစုစောင့်ရှောက်စေကာမူ အမွေခံ ဆွေမျိုးသားချင်းကို အမွေမှ ဖယ် ထုတ်မရဘူးဆိုတာပဲ ဖြစ်တယ်”
”ဒါဆိုရင် သေချာမေးမြန်းစုံ စမ်းပြီးမှ ဝယ်သင့်တာပေါ့”
”မှန်ပါတယ်။ အမွေရှင်နဲ့ ဆွေမျိုးဝေးရင်တော့ တရားရုံးမှာ အမွေထိန်းစာ လျှောက်ထားပြီးမှ အရောင်းအဝယ်လုပ်တာ အ ကောင်းဆုံးပဲ သူငယ်ချင်း”ဟု အ ကြံပြုချက်ကို ဗဟုသုတအဖြစ် ရေးသားလိုက်ပါသည်။
Ref & Photo Credit : Lwinpyin
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties