By Zaygwet Journal ထီယု (ဥပဒေအတိုင်ပင်ခံ), Shweproperty.com
Updated at 8 May 2019
''လစဉ်အရစ်ကျငွေပေးချေစနစ်နဲ့ တိုက်ခန်းတွေ ရောင်းချတာ တွေ့နေရတယ်ဆရာ။ ကြိုပွိုင့်နဲ့ အရစ်ကျပေးချေ တာ ဘာကွာသလဲ ဆရာ'' ဟု မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက်ဆွေးနွေးခြင်း ဖြစ်ပါ သည်။
''ကြိုပွိင့်ငွေချေစနစ်က အဆောက်အအုံမရှိမီကတည်းက ကြိုတင်ငွေတစ်စိတ်တစ်ပိုင်းပေးချေပြီး အဆောက်အ အုံပြီးစီးသည့်အချိန်မှာ ငွေအကျေပေးဆပ်တဲ့ စနစ်ဖြစ်တယ်။ ဆိုလိုတာကတော့ (အဆောက်အအုံ) တစ်နည်း ပြောရရင် မိမိဝယ်ယူထားတဲ့ တိုက်ခန်းပြီးစီးလို့ ဝင်ရောက်နေထိုင်တဲ့အချိန်မှာ ရောင်းဖိုးငွေ အကျေပေးချေပြီး ဖြစ်နေရပါမယ်''
''အရစ်ကျစနစ်က တိုက်ခန်းမှာ ဝင်နေလို့ရတယ်ဆိုတာ ဟုတ်ပါသလား''
''လစဉ်အရစ်ကျပေးချေစနစ်ကတော့ အဆောက်အအုံပြီးနေရင်ဝင်ပြီး ကြိုတင်နေထိုင်ခွင့်ရမှာဖြစ်ပါတယ်။ ဒါပေ မယ့် ပထမအရစ်မှာတော့ ရောင်းဖိုးငွေရဲ့ ၃ဝ ရာခိုင်နှုန်း ဒါမှမဟုတ် ၂ဝ ရာခိုင်နှုန်းပေးချေပြီး ကျန်ငွေပမာဏ ကို အတိုးနှုန်းရယူလို့ လစဉ်အရစ်ကျပေးသွင်းစနစ်ဖြစ်တယ်''
အရစ်ကျငွေပေးချေမှုနှင့် အတိုးနှုန်း
''ကျွန်တော် တိုက်ခန်းဝယ်ဖို့ အရောင်းပြခန်းတွေကို သွားကြည့်တယ်ဆရာ။ ဆရာပြောသလို အတိုးနှုန်းနဲ့ တွက် ချက်တာတွေ့ရပါတယ်။ အဆင်ပြေပါ့မလားလို့''
''အချို့ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက အရစ်ကျပေးသွင်းမှုကာလကို တစ်နှစ်ထားကြတယ်။ အချို့က လည်း ၁ဝ လ သတ်မှတ်သွင်းကြတယ်။ ဘယ်လိုပဲ သွင်းကြပေမယ့် ကျန်တဲ့ အိမ်တန်ဖိုးပေါ်မှာ တစ်နှစ်လျှင် ၁၂ ရာခိုင်နှုန်း၊ ၁၃ ရာခိုင်နှုန်း အတိုးနှုန်း သတ်မှတ်တွက်ချက်လေ့ရှိကြတယ်''
''ကြိုပွိင့်စနစ်ကတော့ အတိုး နှုန်းသဘော မရှိဘူးပေါ့နော်''
''မှန်ပါတယ်။ ဒါပေမယ့် ကြိုပွိုင့်က ငွေလုံးခနဲ ပေးဆပ်ရတာဆိုတော့ တချို့ဝယ်သူတွေက အရစ်ကျပေး ချေစနစ်ကို သဘောကျလက်ခံကြတယ်''
''ကျွန်တော်တို့လို နိုင်ငံခြား သင်္ဘောလိုက်နေသူအတွက်တော့ အရစ်ကျက အဆင်ပြေနိုင်တာပေါ့ ဆရာ''
''ဒါလည်း မှန်ပါတယ်။ အဆင်ပြေရင် ငွေမကျေမီမှာ အခန်းလက် ရောက်ရရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်''
''ဟုတ်ကဲ့ ဆရာ။ ရန်ကင်းကန်ဘဲ့ ဘူတာရုံလမ်းမှာ တည်ဆောက်နေတဲ့ Kanbae Condominium (ကန်ဘဲ့ကွန်ဒိုမီနီယံ) မှာ ကနဦး ပေးသွင်းငွေ ၂ဝ ရာခိုင်နှုန်းပေးသွင်းပြီး လစဉ်-သွင်းငွေ ၁ဝ သိန်းမှ ၁၅ သိန်း ကျပ်ပေးချေရင် ၄ဝ ရာခိုင်နှုန်းငွေကျေရုံနဲ့ အခန်းပိုင်ဆိုင်ခွင့်ရမယ်လို့ သိရတယ်ဆရာ''
''မှန်ပါတယ်။ မိမိဝင်ငွေနဲ့ တိုင်းတာပြီး အရစ်ကျစနစ်နဲ့ ဝယ်နိုင်လာကြပြီဖြစ်ပါတယ်။ တချို့လည်း သုံးနှစ် ကာလ ငါးနှစ်ကာလထိပေးချေနိုင်တာတွေရှိလာတယ်''
''အရစ်ကျငွေမကျေသေးတော့ ပိုင်ဆိုင်ခွင့်က ဘယ်လိုဖြစ်နိုင်ပါသလဲ ဆရာ''
''တိုက်ခန်းရဲ့ သဘောသဘာဝအရတော့ ပြန်လည်လွှဲပြောင်းရောင်း ချခွင့်ရှိမှာ ဖြစ်ပါတယ်။ ငွေအကျေ ပေး ဆောင်ခြင်းမရှိသေးရင်တော့ လွှဲပြောင်းရောင်းချရာမှာ အခက်အခဲရှိ နိုင်ပါတယ်''
''တိုက်ခန်းအဝယ် ထပ်တာမျိုး ရှိနိုင်ပါသလား''
''ဒါကတော့ ဆောက်လုပ်ရေးအဖွဲ့ မြေရှင်တို့နဲ့ သေချာတွေ့ဆုံပြီးမှ ဝယ်သင့်ပါတယ်။ အရစ်ကျပေးဆောင်နေ တာ မကျေသေးတဲ့ တိုက်ခန်းဆိုရင် ငွေအကျေဘယ်လိုသွင်းရမယ်ဆိုတာကအစ နားလည်တတ်ကျွမ်းသူ ဥပဒေပညာရှင်၊ ရှေ့နေတွေနဲ့တိုင်ပင် ဆောင်ရွက်သင့်ပါတယ်''
ချေးငွေဖြင့် အိမ်ရာဝယ်ခြင်း
''ချေးငွေနဲ့ အိမ်ရာဝယ်နိုင်တယ်လို့ဆိုတာက ဘယ်လိုလဲဆရာ၊ ဘဏ်က ချေးငွေရမှာလား၊ ဘယ်က ချေးငွေ ထုတ်ပေးမှာလဲ''
''တချို့ လုပ်ငန်းရှင်များက ဘဏ်နဲ့ ချိတ်ဆက်ပြီး ချေးငွေဆောင်ရွက်ပေးတာတွေရှိပါတယ်''
''ဘဏ်က တစ်နှစ်ကို ၁၃ ရာခိုင်နှုန်း သတ်မှတ်ပြီးအရစ်ကျပေးဆပ်ခွင့်ပြုတယ်လို့ သိရတယ် ဆရာ''
''ဘဏ်ငွေကတော့ အမျိုးမျိုးသတ်မှတ်ကြတာရှိပါတယ်။ တချို့ဘဏ်တွေက ၁၂ ဒသမ ၅ ရာခိုင်နှုန်းသတ်မှတ် တာရှိပါတယ်။ နာမည်ကျော် ပုဂ္ဂလိကဘဏ်တစ်ခုမှာ အိမ်ရာချေးငွေ အတိုးနှုန်းကို ပထမတစ်နှစ်အတွင်း ၁၃ ရာခိုင်နှုန်းပေးသွင်းရမည်ဖြစ်ပြီး ချေးငွေရယူသူက အတိုးအရင်းမှန်မှန်ပေးသွင်းပါက နှစ်စဉ် ဝ ဒသမ ၅ ရာခိုင် နှုန်းစီ လျော့ကျကာ အနည်းဆုံး ၁၁ ရာခိုင်နှုန်းသာအတိုးပေးသွင်းရသည့် ခံစားခွင့်နဲ့ ချေးငွေကျပ်သိန်း ၁၅ဝ ထုတ်ချေးမှာဖြစ်တယ်လို့ သိရတယ်''
''ဘဏ်ချေးငွေပမာဏက မိမိချေးယူလိုတဲ့ ငွေပမာဏ ရရှိနိုင်ပါသလား ဆရာ''
''ဘဏ်မှာက တန်ဖိုးဖြတ်အဖွဲ့ဆိုတာရှိတယ်။ အဲဒီအဖွဲ့က အိမ်ရာ ချေးငွေမှာ အိမ်တန်ဖိုး ပေါက်ဈေးရဲ့ ၆ဝ ရာခိုင်နှုန်း ဒါမှမဟုတ် ၆ဝ ရာခိုင်နှုန်းအောက်ဖြစ်မယ်ဆိုရင် အတိုးနှုန်းကို ၁၂ ရာခိုင်နှုန်းသာကောက်ခံတဲ့ အစီ အစဉ်တွေရှိတယ်။ ချေးငွေမှာ အိမ်တန်ဖိုးရဲ့ ၅ဝ ရာခိုင်နှုန်းဒါမှမဟုတ် ၅ဝ ရာခိုင်နှုန်းအောက်ဖြစ်ရင် အတိုးနှုန်း ၁၁ ရာခိုင်နှုန်းကောက်ခံတယ်ဆိုတာမျိုး အမျိုးမျိုးသတ်မှတ်ချက်တွေတော့ရှိတယ်''
''ဘဏ်နဲ့ သေချာစုံစမ်းဖို့တော့ လိုမှာပေါ့နော်''
''မှန်ပါတယ်။ ကိုယ်ဝယ်မယ့် အိမ်ရာတိုက်ခန်းတွေဟာ ဘယ်ဘဏ်နဲ့ ဘယ်လိုချိတ်ဆက်ထားတယ်ဆိုတာ လေ့လာသိရှိဖို့လိုပါတယ်''
နိုင်ငံတော်အစိုးရမှ ချပေးသည့် တန်ဖိုးနည်းတိုက်ခန်းနှင့် အရစ်ကျစနစ်
''ရန်ကုန်တိုင်း အစိုးရမှ ရောင်းချပေးတဲ့ တန်ဖိုးနည်း တန်ဖိုးသင့် အိမ်ရာတိုက်ခန်းတွေကတော့ သက်ဆိုင်ရာ ဘဏ်မှာ ပထမဆုံးအိမ်တန် ဖိုးရဲ့ ၃ဝ ရာခိုင်နှုန်းပေးသွင်းထားရတယ် မဟုတ်လား''
''ဟုတ်ပါတယ်။ အချို့ကလည်း လက်ငင်းပေးချေသွားတာတွေလည်းရှိကြပါတယ်။ ဘဏ်နဲ့ ချိတ်ဆက်ပြီး ချေးငွေကိစ္စဆောင်ရွက်ပေးမယ်လို့လည်းကြားသိရပါတယ်''
''ဟုတ်ကဲ့ ဆရာ၊ အိမ်ရာချေးငွေနဲ့ ရောင်းချနိုင်ဖို့ ကနဦးပေးသွင်းငွေ ၂ ရာခိုင်နှုန်းနဲ့ ရောင်းချနိုင်အောင် စီစဉ်နေတယ်လို့လည်းကြားသိရတယ် ဆရာ''
''ဟုတ်ပါတယ်။ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ကြိုးစားဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ငွေချေးစနစ်နဲ့ ဝယ်ယူလိုသူများအတွက် ပုံမှန် အိမ်ရာချေးငွေအတိုးနှုန်း ၁၃ ရာခိုင်နှုန်းမှ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း သတ်မှတ်ပေးဖို့ ကြိုးစားနေတယ်လို့လည်း ကြားသိရတယ်''
''ငွေချေးစနစ်ဆိုတော့ ပစ္စည်ပေါင်နှံကိစ္စက ရှိသလား''
''အိမ်ရာပေါင်နှံချေးငွေစနစ်အဖြစ် ဆောင်ရွက်ကြတာဖြစ်တယ်။ ဆိုလိုတာက မိမိဝယ်ယူတဲ့ အိမ်တိုက်ခန်းကို ပြန်လည်အပေါင်ထားတဲ့ သဘောဖြစ်ပါတယ်''
''ဘယ်လိုပဲဖြစ်ဖြစ် ငွေအလုံးအရင်း မရှိတဲ့သူတွေတော့ အဆင်ပြေနိုင်တာပေါ့''
''တဖြည်းဖြည်းနဲ့တော့ အောင် မြင်လာမှာပါ''ဟု ဆွေးနွေးလိုက်ပါသည်။
Ref : Zaygwet ထီယု (ဥပဒေအတိုင်ပင်ခံ)
Photo Credit : Doughroller
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties