By Myanmar Builders Guide, Shweproperty.com
Updated at 22 December 2019
မြေကွက်ဝယ်ယူရာတွင် စိစစ်သင့်သောအချက်များရှိနေသောကြောင့် အောက်ပါ အချက်များဖြင့် စိစစ်ဝယ်ယူရန်အကောင်းဆုံးဖြစ်ကြောင်း သိရသည်။
၁။ မြေကွက်တည်နေရာနှင့် အလားအလာ၊
၂။ မြေကွက်အမျိုးအစား၊
၃။ မြေကွက်တန်ဖိုးဈေးနှုန်း (ဆိုဈေးနှင့် အလျှော့အတင်း အခြေအနေ)၊
၄။ မြေကွက်အကျယ်အဝန်း (နယ်နိမိတ်တိုင်းတာ သတ်မှတ်သည့်မြေပုံနှင့် တိုက်ဆိုင်စစ်ဆေး၍ အမှန်တကယ်ရှိမရှိ လက်တွေ့တိုင်းကြည့်ရန်)၊
၅။ အမည်ပေါက်ပိုင်ရှင် ကိုယ်တိုင်ရောင်းချခြင်း ဟုတ်မဟုတ်၊
၆။ ပိုင်ဆိုင်မှုအဆင့်ဆင့်နှင့် သက်ဆိုင်သည့် စာချုပ်များ၊ စာရွက်စာတမ်းများ အပြည့်အစုံရှိမရှိ၊
၇။ ရောင်းသူသည် အမှန်တကယ် ပိုင်ဆိုင်ခွင့်၊ ရောင်းချခွင့် ရှိသူဟုတ်မဟုတ်၊
၈။ လိုအပ်ပါက အနည်းဆုံးလူ နှစ်ဦးမှ လက်မှတ်ရေးထိုးပေးနိုင်ခြင်း ရှိမရှိ၊
၉။ လိုအပ်ပါက ဝယ်ယူမည့်အကြောင်းကို သတင်းစာတွင်ကြော်ငြာခြင်းကို လက်ခံ၊ လက်မခံ၊
၁၀။ လွှဲပြောင်း၊ ရောင်းချ၊ ပေါင်နှံ၊ စွန့်လွှတ်၊ လှူဒါန်း၊ အာမခံ တင်သွင်းထားခြင်း ရှိ၊မရှိ၊
၁၁။ မြေကွက်အမှတ်၊ အိမ်အမှတ်၊
၁၂။ မြေကွက်မျက်နှာ ပြုလုပ်ရာအရပ်၊
၁၃။ လမ်းပန်းဆက်သွယ်ရေးနှင့် ကားဝင်ထွက်နိုင်မှု အခြေအနေ၊
၁၄။ ရေဝပ်၊ မဝပ်နှင့် ရေဆင်းကောင်းမကောင်း၊
၁၅။ သဘာဝဘေးအန္တရာယ်ကြောင့် ပေါ်ပေါက်နိုင်သည့် အန္တရာယ်ရှိမရှိ( မြစ်ရေကြီးခြင်း၊ တာကျိုး၍ရေလျှံခြင်း၊ ထူးကဲဒီရေကြောင့်မြုပ်ခြင်း၊ မြစ်ရေတိုက်စားခြင်း )(ပတ်ဝန်းကျင် မီးဘေးအန္တရာယ်ရှိမရှိ)၊
၁၆။ လျှပ်စစ်မီးရှိမရှိ၊
၁၇။ ရေရရှိမှုအခြေအနေ၊
၁၈။ အနီးပတ်ဝန်းကျင် အခြေအနေ၊
၁၉။ လမ်းမကြီး (ခရီးသည်တင်ဘတ်စ်ကားလိုင်း) မှ မည်မျှကွာသည်၊
၂၀။ မိမိလုပ်ကိုင်မည့်လုပ်ငန်းနှင့် ကိုက်ညီမှုရှိမရှိ၊
၂၁။ အနီးဆုံးဈေးနှင့် အနီးဆုံးကျောင်းများ၊
၂၂။ သစ်ပင်နှင့်စားပင်များ ပါဝင်မှု၊
၂၃။ ပြန်ရောင်းဖြစ်ပါက အလွယ်တကူ ပြန်ရောင်း၍ရနိုင်၊ မရနိုင်။
မြေဝယ်ယူမည့်သူများအတွက် အမှန်တကယ်လိုအပ်ပြီး အသုံးဝင်နိုင်သော အချက်များဖြစ်သည်။
Ref : Myanmar Builders Guide
Photo Credit : goldenpeacockmm
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties