By Sint Sint, Shweproperty.com
Updated at 30 November 2020
Unicode
ပါမစ်မြေကွက်ကို ဝယ်လျှင် တရားဝင်ဆိုင်ခွင့်ရပါသလား။ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုနိုင်ပါသလားဟု မေးလာသဖြင့် ဤဆောင်းပါးကို ဗဟုသုတအဖြစ် ရေးသားလိုက်ပါသည်။
ပါမစ်မြေအကြောင်း မတင်ပြမီ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ သတ်မှတ်ထားသော မြေအမျိုးအစားများကို သိထားရန် လိုအပ်ပါသည်။
"မြေအမျိုးအစား"
ဥပဒေနှင့်အညီ သတ်မှတ် ထားသည့် မြေအမျိုးအစားများမှာ-
၁။ ဘိုးဘွားပိုင်မြေ (မြေပိုင်မြေ)
၂။ မြေငှားဂရန်မြေ
၃။ စကွာတာမြေ
၄။ လိုင်စင်မြေ
၅။ ပါမစ်မြေ
၆။ ဂရန်ရှိမြေပိုင်မြေ
၇။ အခွန်လွတ်သာသနာ့ ဂရန်မြေ
၈။ သိမ်ဂရန်မြေ
၉။ ကျူးကျော်မြေနှင့်
၁ဝ။ စနစ်တကျ ကျူးလွန်ခြင်းမြေ ဟု သတ်မှတ်ခွဲခြားထားပေသည်။
"ပါမစ်မြေဆိုသည်မှာ"
အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပတ်သက်၍ ပါမစ်မြေဆိုသည်မှာ စည်ပင်ပြန့်ပြောမှုမရှိသေးသည့် နေရာများတွင် စည်းကမ်းချက်ဖြင့် သုံးစွဲခွင့်ပြုထားသည့် ''အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်''ချပေး ထားသော မြေအမျိုးအစားဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
ထို့ကြောင့် ဘိုးဘွားပိုင်မြေ၊ မြေငှားဂရန်မြေများကဲ့သို့ မြေပိုင်ဆိုင်မှုကို အခြေမတည်ဘဲ အိမ်ရာဆောက်လုပ် နေထိုင်ခွင့်အတွက် ချပေးထားသော မြေအမျိုးအစား ဖြစ်သည်။
"လွှဲပြောင်း ရောင်းချခြင်း"
မြေချပါမစ် (အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်လက်မှတ်)တွင် အိမ်ရာမြေကွက်ရသူသည် မြေကွက်ကို ခွဲစိတ်ခြင်း၊ တစ်ဆင့် လွှဲပြောင်း ရောင်းချ၊ ပေါင်နှံ၊ ပေးကမ်းခြင်း လုံးဝမပြုရဟု ဖော်ပြထားပါသည်။
သို့ရာတွင် ငွေအရင်းအနှီး မြှုပ်နှံလိုသူများအနေဖြင့် ဂရန်မြေအဖြစ် အမည်ပေါက်သွားပါက မြေတန်ဖိုးအဆမတန် ကွာခြားသွားသဖြင့် ပါမစ်မြေများကိုသာ သင့်တင့်ဈေးပေး၍ အရောင်းအဝယ် ကတိစာချုပ်ချုပ်ဆိုကာ လွှဲပြောင်း ရယူထားကြပေသည်။ ထို့နောက်မှ မြေငှားဂရန်ကို လျှောက်ထားရယူလေ့ရှိကြသည်။
"မြေငှားဂရန် အသစ်ထုတ်ပေးခြင်း"
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မြေငှားစာချုပ်အသစ် (မြေငှားဂရန်) ထုတ်ပေးရန်နှင့် ပတ်သက်၍ အောက်ပါ အတိုင်း သတ်မှတ်ထားပေသည်။
မြေငှားဂရန်ထုတ်ပေးသော မြေအမျိုးအစားများမှာ
လိုင်စင်မြေ၊ စကွာတာမြေနှင့် ပါမစ် မြေတို့ဖြစ်ကြောင်း သတ်မှတ်ထားပေသည်။ဂရန်မြေထုတ်ပေးရန်အတွက် အောက်ပါအချက်များကို ပူးတွဲတင်ပြလျှောက်ထားရပေသည်။
၁။ လျှောက်ထားသူသည် နိုင်ငံသားဖြစ်ရပါမည်။ (နိုင်ငံသား ကတ်ပြားမိတ္တူတင်ပြရပါသည်)
၂။ ပါမစ်မြေ (အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်လက်မှတ်)
၃။ ပါမစ်မြေအမည်ပေါက် သို့မဟုတ် ဥပဒေနှင့်အညီ ဆက်ခံ သူမှ တရားရုံးတွင်ပြုလုပ်ခဲ့သော ကျမ်းကျိန်လွှာ
၄။ လွှဲပြောင်းထားခြင်းဖြစ်ပါက ကတိစာချုပ်များ (ဥပမာ-အရောင်းအဝယ်၊ ပေးကမ်း၊ စွန့်လွှတ်၊ လှူဒါန်းစသော လွှဲပြောင်းခြင်းများ)
၅။ အမှုအခင်းဖြစ်ခဲ့ပါက ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်သည့် တရားရုံး၏ အမိန့်ဒီကရီ။
၆။ အဆောက်အအုံရှိကြောင်း အထောက်အထားများပါရှိရပေသည်။
ထိုကြောင့် ဤနေရာတွင် ပါမစ်မြေများကို ကတိစာချုပ်များဖြင့် အရောင်းအဝယ် လွှဲပြောင်းခြင်းပြုနိုင်ကြောင်းကို တွေ့ရှိရမည် ဖြစ်ပေသည်။
"မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ပြုလုပ်ချုပ်ဆိုခြင်း"
စာချုပ်စာတမ်းမှတ်ပုံတင် အက်ဥပဒေပုဒ်မ ၁၇တွင် တန်ဖိုးငွေ ၁ဝဝ အထက်ရှိသော မရွှေ့ မပြောင်းနိုင်သည့် ပစ္စည်း အရောင်းစာချုပ်သည် မှတ်ပုံမတင်က တရားမဝင်ကြောင်း ပြဋ္ဌာန်းထားပေသည်။
ပါမစ်မြေကွက်
(အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့် လက်မှတ် မြေကွက်) သည် လွှဲပြောင်းရောင်းချပိုင်ခွင့်မရှိသဖြင့် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးက မှတ်ပုံတင် အရောင်းစာချုပ်ကို ချုပ်ဆိုပေးခြင်း မရှိပေ။
ထို့ကြောင့်နှစ်ဘက် သဘောတူ အရောင်းအဝယ် ကတိစာချုပ်အဖြစ်သာ ချုပ်ဆိုကြပြီး မြေဂရန်သစ်များလျှောက်ထားလေ့ရှိပေသည်။မြေဂရန် လျှောက်ထားရာတွင် အဆိုပါ မြေကွက်ပေါ်တွင် အဆောက်အဦး ဆောက်လုပ်ထား ပြီးဖြစ်ရန် လိုအပ်သဖြင့် အဆောက်အအုံ ဆောက်လုပ်ထားလေ့ရှိပေသည်။
ထို့ကြောင့်အရောင်းအဝယ်ပြုရာတွင် ပါမစ်မြေနှင့် အဆောက်အအုံတွဲဖက်ရောင်းကြသည်။ ဤတွင် အဆောက်အအုံ ပိုင်ဆိုင်မှုအတွက် ပါမစ်မြေ အမည်ပေါက်သူနှင့် ဝယ်သူတို့ အဆောက်အအုံ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုနိုင်ပေသည်။
ဤသည်နှင့် ပတ်သက်၍ ''ဦးလှရွှေနှင့် ဒေါ်အုံးမြင့် ၁၉၉၂ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၃၇''တွင် -ဦးလှရွှေက ဒေါ်အုံးမြင့်အပေါ် မြေနှင့် အိမ်အပေါ်ပိုင်ဆိုင်ကြောင်း မြွက်ဟ ကြေညာမှုစွဲဆိုရာ တိုင်းတရားရုံးတော်က ပယ်ချခဲ့သဖြင့် တရားရုံးချုပ်သို့ အယူခံဝင်လာခြင်းဖြစ်သည်။
တရားရုံးချုပ်က သုံးသပ်ဆုံးဖြတ်သည်မှာ-
အချင်းဖြစ်မြေသည် နိုင်ငံတော်ပိုင်မြေဖြစ်ပြီး နေထိုင်ခွင့် ချပေးထားချက်အရ နေထိုင်ခွင့်ရရှိနေကြပြီး တရားဝင် ပိုင်ဆိုင်မှုအတွက် လွှဲပြောင်းခွင့် မရှိသော မြေဖြစ်ကြောင်း အငြင်း မထွက်ပေ။
ဦးလှရွှေက အချင်းဖြစ်မြေကို ပိုင်ဆိုင်ကြောင်းအား အခြေပြု၍ စွဲဆိုခြင်းဖြစ်ရာ မူလရုံး၏ သုံးသပ်သည့်အတိုင်း အစိုးရမြေကို ဦးလှရွှေက ပိုင်ဆိုင်ခွင့်မရနိုင်ပေ။အိမ်ကိုရောင်းချသော အိမ် အရောင်းအဝယ် စာချုပ်တွင် တန်ဖိုးငွေ ကျပ် ၃ဝဝဝ ဖြင့် အရောင်းအဝယ်ပြုကြောင်း ပေါ်ပေါက်သည်။
တန်ဖိုးငွေကျပ် ၁ဝဝ ကျော်သဖြင့် ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေ ပုဒ်မ ၅၄နှင့် စာချုပ် စာတမ်းမှတ်ပုံတင်အက်ဥပဒေ ပုဒ်မ၁၇ တို့နှင့်အညီ မှတ်ပုံတင်ပြုလုပ်ခဲ့ခြင်းမရှိသဖြင့် အထမြောက် သော အရောင်းအဝယ်လည်းမဟုတ်ပေ။ အဆိုပါ ဥပဒေများတွင် နေခွင့်လက်မှတ်အရနေထိုင်သော မြေပေါ်ရှိ အဆောက်အအုံနှင့် စပ်လျဉ်း၍ မှတ်ပုံတင်ရန်မလိုဟု ပြဋ္ဌာန်းချက်ပြုထားခြင်းမရှိပေ။
ထိုကြောင့်မူလရုံးက ဦးလှရွှေသည် အစိုးရပိုင်မြေကို မိမိမြေအဖြစ်လည်းကောင်း၊ ဥပဒေ ပြဋ္ဌာန်းချက်နှင့် အညီ ချုပ်ဆိုထားခြင်း မရှိသော အရပ်စာချုပ်ပေါ်တွင် အခြေပြု၍လည်းကောင်း၊ အချင်းဖြစ် မြေနှင့်အိမ်ကို မိမိပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာမှု စွဲဆိုခွင့် မရှိဟု ဆုံးဖြတ်ချက်မှာ မှန်ကန်၍ အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ပေသည်။
သို့ဖြစ်၍ အိမ်ရာဆောက် လုပ်နေထိုင်ခွင့်လက်မှတ် ပါမစ်မြေကိုဝယ်လျှင် ဥပဒေနှင့်အညီပိုင်ဆိုင်ခွင့်မရသေးပါ။အရောင်းအဝယ် ကတိစာချုပ်ချုပ်ဆို၍ ဂရန်သစ် လျှောက်ထားခွင့်ရှိပေသည်။ သို့သော် “ပါမစ်မြေပေါ်ရှိ အဆောက်အအုံအတွက် ပိုင်ဆိုင်မှုကို ဥပဒေနှင့်အညီ စာချုပ်စာတမ်းရုံး၌ မှတ်ပုံတင်အရောင်းစာချုပ် ပြုလုပ်နိုင်” ပါကြောင်း ဗဟုသုတအဖြစ်ရေးသားလိုက်ပါသည်။
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
မြေကွက်ဝယ်ရင်ဘယ်လိုလုပ်ရမှာလဲ၊ဘာတွေလိုအပ်သလဲ
အိမ် ခြံ မြေ ဝယ်ယူလိုသူများ သတိပြုစရာ လယ်ယာမြေကို ဝယ်ပြီး အကွက်ရိုက်ပြုပြင် ရောင်းချမည်ဆိုလျှင်
ဖားအောက်တောရဆရာတော်ကြီးမိန့်တဲ့ စီးပွားတက်တဲ့အိမ်ဖြစ်စေတဲ့အကြောင်း
Zawgyi
ပါမစ္ေျမကြက္ကို ဝယ္လွ်င္ တရားဝင္ဆိုင္ခြင့္ရပါသလား။ မွတ္ပုံတင္အေရာင္းအဝယ္ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ပါသလားဟု ေမးလာသျဖင့္ ဤေဆာင္းပါးကို ဗဟုသုတအျဖစ္ ေရးသားလိုက္ပါသည္။
ပါမစ္ေျမအေၾကာင္း မတင္ျပမီ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ဥပေဒအရ သတ္မွတ္ထားေသာ ေျမအမ်ိဳးအစားမ်ားကို သိထားရန္ လိုအပ္ပါသည္။
"ေျမအမ်ိဳးအစား"
ဥပေဒႏွင့္အညီ သတ္မွတ္ ထားသည့္ ေျမအမ်ိဳးအစားမ်ားမွာ-
၁။ ဘိုးဘြားပိုင္ေျမ (ေျမပိုင္ေျမ)
၂။ ေျမငွားဂရန္ေျမ
၃။ စကြာတာေျမ
၄။ လိုင္စင္ေျမ
၅။ ပါမစ္ေျမ
၆။ ဂရန္ရွိေျမပိုင္ေျမ
၇။ အခြန္လြတ္သာသနာ့ ဂရန္ေျမ
၈။ သိမ္ဂရန္ေျမ
၉။ က်ဴးေက်ာ္ေျမႏွင့္
၁ဝ။ စနစ္တက် က်ဴးလြန္ျခင္းေျမ ဟု သတ္မွတ္ခြဲျခားထားေပသည္။
"ပါမစ္ေျမဆိုသည္မွာ"
အဓိပၸာယ္ဖြင့္ဆိုခ်က္ႏွင့္ ပတ္သက္၍ ပါမစ္ေျမဆိုသည္မွာ စည္ပင္ျပန႔္ေျပာမႈမရွိေသးသည့္ ေနရာမ်ားတြင္ စည္းကမ္းခ်က္ျဖင့္ သုံးစြဲခြင့္ျပဳထားသည့္ ''အိမ္ရာ ေဆာက္လုပ္ေနထိုင္ခြင့္''ခ်ေပး ထားေသာ ေျမအမ်ိဳးအစားျဖစ္သည္ဟု အဓိပၸာယ္ဖြင့္ဆိုထားပါသည္။
ထို႔ေၾကာင့္ ဘိုးဘြားပိုင္ေျမ၊ ေျမငွားဂရန္ေျမမ်ားကဲ့သို႔ ေျမပိုင္ဆိုင္မႈကို အေျခမတည္ဘဲ အိမ္ရာေဆာက္လုပ္ ေနထိုင္ခြင့္အတြက္ ခ်ေပးထားေသာ ေျမအမ်ိဳးအစား ျဖစ္သည္။
"လႊဲေျပာင္း ေရာင္းခ်ျခင္း"
ေျမခ်ပါမစ္ (အိမ္ရာ ေဆာက္လုပ္ေနထိုင္ခြင့္လက္မွတ္)တြင္ အိမ္ရာေျမကြက္ရသူသည္ ေျမကြက္ကို ခြဲစိတ္ျခင္း၊ တစ္ဆင့္ လႊဲေျပာင္း ေရာင္းခ်၊ ေပါင္ႏွံ၊ ေပးကမ္းျခင္း လုံးဝမျပဳရဟု ေဖာ္ျပ ထားပါသည္။
သို႔ရာတြင္ ေငြအရင္းအႏွီး ျမႇဳပ္ႏွံလိုသူမ်ားအေနျဖင့္ ဂရန္ေျမအျဖစ္ အမည္ေပါက္သြားပါက ေျမတန္ဖိုးအဆမတန္ ကြာျခားသြားသျဖင့္ ပါမစ္ေျမမ်ားကိုသာ သင့္တင့္ေဈးေပး၍ အေရာင္းအဝယ္ ကတိစာခ်ဳပ္ခ်ဳပ္ဆိုကာ လႊဲေျပာင္း ရယူထားၾကေပသည္။ ထို႔ေနာက္မွ ေျမငွားဂရန္ကို ေလွ်ာက္ထားရယူေလ့ရွိၾကသည္။
"ေျမငွားဂရန္ အသစ္ထုတ္ေပးျခင္း"
ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီက ေျမငွားစာခ်ဳပ္အသစ္ (ေျမငွားဂရန္) ထုတ္ေပးရန္ႏွင့္ ပတ္သက္၍ ေအာက္ပါ အတိုင္း သတ္မွတ္ထားေပသည္။
ေျမငွားဂရန္ထုတ္ေပးေသာ ေျမအမ်ိဳးအစားမ်ားမွာ
လိုင္စင္ေျမ၊ စကြာတာေျမႏွင့္ ပါမစ္ ေျမတို႔ျဖစ္ေၾကာင္း သတ္မွတ္ထားေပသည္။ဂရန္ေျမထုတ္ေပးရန္အတြက္ ေအာက္ပါအခ်က္မ်ားကို ပူးတြဲတင္ျပေလွ်ာက္ထားရေပသည္။
၁။ ေလွ်ာက္ထားသူသည္ ႏိုင္ငံသားျဖစ္ရပါမည္။ (ႏိုင္ငံသား ကတ္ျပားမိတၱဴတင္ျပရပါသည္)
၂။ ပါမစ္ေျမ (အိမ္ရာ ေဆာက္လုပ္ေနထိုင္ခြင့္လက္မွတ္)
၃။ ပါမစ္ေျမအမည္ေပါက္ သို႔မဟုတ္ ဥပေဒႏွင့္အညီ ဆက္ခံ သူမွ တရား႐ုံးတြင္ျပဳလုပ္ခဲ့ေသာ က်မ္းက်ိန္လႊာ
၄။ လႊဲေျပာင္းထားျခင္းျဖစ္ပါက ကတိစာခ်ဳပ္မ်ား (ဥပမာ-အေရာင္းအဝယ္၊ ေပးကမ္း၊ စြန႔္လႊတ္၊ လႉဒါန္းစေသာ လႊဲေျပာင္းျခင္းမ်ား)
၅။ အမႈအခင္းျဖစ္ခဲ့ပါက ပိုင္ဆိုင္ခြင့္ႏွင့္ ပတ္သက္သည့္ တရား႐ုံး၏ အမိန႔္ဒီကရီ။
၆။ အေဆာက္အအုံရွိေၾကာင္း အေထာက္အထားမ်ားပါရွိရေပသည္။
ထိုေၾကာင့္ ဤေနရာတြင္ ပါမစ္ေျမမ်ားကို ကတိစာခ်ဳပ္မ်ားျဖင့္ အေရာင္းအဝယ္ လႊဲေျပာင္းျခင္းျပဳႏိုင္ေၾကာင္းကို ေတြ႕ရွိရမည္ ျဖစ္ေပသည္။
"မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္ ျပဳလုပ္ခ်ဳပ္ဆိုျခင္း"
စာခ်ဳပ္စာတမ္းမွတ္ပုံတင္ အက္ဥပေဒပုဒ္မ ၁၇တြင္ တန္ဖိုးေငြ ၁ဝဝ အထက္ရွိေသာ မေ႐ႊ႕ မေျပာင္းႏိုင္သည့္ ပစၥည္း အေရာင္းစာခ်ဳပ္သည္ မွတ္ပုံမတင္က တရားမဝင္ေၾကာင္း ျပ႒ာန္း ထားေပသည္။
ပါမစ္ေျမကြက္
(အိမ္ရာ ေဆာက္လုပ္ေနထိုင္ခြင့္ လက္မွတ္ ေျမကြက္) သည္ လႊဲေျပာင္းေရာင္းခ်ပိုင္ခြင့္မရွိသျဖင့္ စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးက မွတ္ပုံတင္ အေရာင္းစာခ်ဳပ္ကို ခ်ဳပ္ဆိုေပးျခင္း မရွိေပ။
ထို႔ေၾကာင့္ႏွစ္ဘက္ သေဘာတူ အေရာင္းအဝယ္ ကတိစာခ်ဳပ္အျဖစ္သာ ခ်ဳပ္ဆိုၾကၿပီး ေျမဂရန္သစ္မ်ားေလွ်ာက္ထားေလ့ရွိေပသည္။
ေျမဂရန္ ေလွ်ာက္ထားရာတြင္ အဆိုပါ ေျမကြက္ေပၚတြင္ အေဆာက္အဦး ေဆာက္လုပ္ထား ၿပီးျဖစ္ရန္ လိုအပ္သျဖင့္ အေဆာက္အအုံ ေဆာက္လုပ္ထားေလ့ရွိေပသည္။
ထို႔ေၾကာင့္အေရာင္းအဝယ္ျပဳရာတြင္ ပါမစ္ေျမႏွင့္ အေဆာက္အအုံတြဲဖက္ေရာင္းၾကသည္။ ဤတြင္ အေဆာက္အအုံ ပိုင္ဆိုင္မႈအတြက္ ပါမစ္ေျမ အမည္ေပါက္သူႏွင့္ ဝယ္သူတို႔ အေဆာက္အအုံ အေရာင္းအဝယ္ မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ေပသည္။
ဤသည္ႏွင့္ ပတ္သက္၍ ''ဦးလွေ႐ႊႏွင့္ ေဒၚအုံးျမင့္ ၁၉၉၂ ခုႏွစ္၊ ျမန္မာႏိုင္ငံ တရားစီရင္ထုံး
စာမ်က္ႏွာ ၁၃၇''တြင္ -ဦးလွေ႐ႊက ေဒၚအုံးျမင့္အေပၚ ေျမႏွင့္ အိမ္အေပၚပိုင္ဆိုင္ေၾကာင္း ႁမြက္ဟ ေၾကညာမႈစြဲဆိုရာ တိုင္းတရား႐ုံးေတာ္က ပယ္ခ်ခဲ့သျဖင့္ တရား႐ုံးခ်ဳပ္သို႔ အယူခံဝင္လာျခင္းျဖစ္သည္။
တရား႐ုံးခ်ဳပ္က သုံးသပ္ဆုံးျဖတ္သည္မွာ-
အခ်င္းျဖစ္ေျမသည္ ႏိုင္ငံေတာ္ပိုင္ေျမျဖစ္ၿပီး ေနထိုင္ခြင့္ ခ်ေပးထားခ်က္အရ ေနထိုင္ခြင့္ရရွိေနၾကၿပီး တရားဝင္ ပိုင္ဆိုင္မႈအတြက္ လႊဲေျပာင္းခြင့္ မရွိေသာ ေျမျဖစ္ေၾကာင္း အျငင္း မထြက္ေပ။
ဦးလွေ႐ႊက အခ်င္းျဖစ္ေျမကို ပိုင္ဆိုင္ေၾကာင္းအား အေျချပဳ၍ စြဲဆိုျခင္းျဖစ္ရာ မူလ႐ုံး၏ သုံးသပ္သည့္အတိုင္း အစိုးရေျမကို ဦးလွေ႐ႊက ပိုင္ဆိုင္ခြင့္မရႏိုင္ေပ။အိမ္ကိုေရာင္းခ်ေသာ အိမ္ အေရာင္းအဝယ္ စာခ်ဳပ္တြင္ တန္ဖိုးေငြ က်ပ္ ၃ဝဝဝ ျဖင့္ အေရာင္းအဝယ္ျပဳေၾကာင္း ေပၚေပါက္သည္။
တန္ဖိုးေငြက်ပ္ ၁ဝဝ ေက်ာ္သျဖင့္ ပစၥည္းလႊဲေျပာင္းေရး အက္ဥပေဒ ပုဒ္မ ၅၄ႏွင့္ စာခ်ဳပ္ စာတမ္းမွတ္ပုံတင္အက္ဥပေဒ ပုဒ္မ၁၇ တို႔ႏွင့္အညီ မွတ္ပုံတင္ျပဳလုပ္ခဲ့ျခင္းမရွိသျဖင့္ အထေျမာက္ ေသာ အေရာင္းအဝယ္လည္းမဟုတ္ေပ။ အဆိုပါ ဥပေဒမ်ားတြင္ ေနခြင့္လက္မွတ္အရေနထိုင္ေသာ ေျမေပၚရွိ အေဆာက္အအုံႏွင့္ စပ္လ်ဥ္း၍ မွတ္ပုံတင္ရန္မလိုဟု ျပ႒ာန္းခ်က္ျပဳထားျခင္းမရွိေပ။
ထိုေၾကာင့္မူလ႐ုံးက ဦးလွေ႐ႊသည္ အစိုးရပိုင္ေျမကို မိမိေျမအျဖစ္လည္းေကာင္း၊ ဥပေဒ ျပ႒ာန္းခ်က္ႏွင့္ အညီ ခ်ဳပ္ဆိုထားျခင္း မရွိေသာ အရပ္စာခ်ဳပ္ေပၚတြင္ အေျချပဳ၍လည္းေကာင္း၊ အခ်င္းျဖစ္ ေျမႏွင့္အိမ္ကို မိမိပိုင္ဆိုင္ေၾကာင္းႁမြက္ဟေၾကညာမႈ စြဲဆိုခြင့္ မရွိဟု ဆုံးျဖတ္ခ်က္မွာ မွန္ကန္၍ အတည္ျပဳေၾကာင္း ဆုံးျဖတ္ခဲ့ေပသည္။
သို႔ျဖစ္၍ အိမ္ရာေဆာက္ လုပ္ေနထိုင္ခြင့္လက္မွတ္ ပါမစ္ေျမကိုဝယ္လွ်င္ ဥပေဒႏွင့္အညီပိုင္ဆိုင္ခြင့္မရေသးပါ။အေရာင္းအဝယ္ ကတိစာခ်ဳပ္ခ်ဳပ္ဆို၍ ဂရန္သစ္ ေလွ်ာက္ထားခြင့္ရွိေပသည္။ သို႔ေသာ္ “ပါမစ္ေျမေပၚရွိ အေဆာက္အအုံအတြက္ ပိုင္ဆိုင္မႈကို ဥပေဒႏွင့္အညီ စာခ်ဳပ္စာတမ္း႐ုံး၌ မွတ္ပုံတင္အေရာင္းစာခ်ဳပ္ ျပဳလုပ္ႏိုင္” ပါေၾကာင္း ဗဟုသုတအျဖစ္ေရးသားလိုက္ပါသည္။
ဖတ္ရႈမႈအမ်ားအဆုံး အိမ္ၿခံေျမဗဟုသုတမ်ား
ေျမကြက္ဝယ္ရင္ဘယ္လိုလုပ္ရမွာလဲ၊ဘာေတြလိုအပ္သလဲ
အိမ္ ၿခံ ေျမ ဝယ္ယူလိုသူမ်ား သတိျပဳစရာ လယ္ယာေျမကို ဝယ္ၿပီး အကြက္႐ိုက္ျပဳျပင္ ေရာင္းခ်မည္ဆိုလွ်င္
ဖားေအာက္ေတာရဆရာေတာ္ႀကီးမိန႔္တဲ့ စီးပြားတက္တဲ့အိမ္ျဖစ္ေစတဲ့အေၾကာင္း
Credit : Winningland
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties