By La Minn Eain Engineering Group & Training Center, Shweproperty.com
Updated at 22 April 2019
မြန်မာလက်သမားတို၏သစ်တွက်နည်းဝေမျှပါသည်။
"သစ်တစ်တန် = ၄၀၀လက္မ သတ်မှတ်ပါသည်။
"ဥပမာ ၂"x ၁" (အရှည်၁၈ ပေ) = ၂" ဟုသတ်မှတ်သည်။
၄၀၀ ÷၂= ၂၀၀
ထို့ကြောင့် ၂"x ၁" (အရှည်၁၈ပေ)၂၀၀ ချောင်းသည် တစ်တန်ဖြစ်သည်။
(အောက်ပါတို့ကို အားလုံးပေရှည် ၁၈ပေ မှတ်ယူရပါမည်။)
၃"x ၁" = ၃" (၁၃၃.၃ ချောင်း)
၄"x ၁" = ၄" (၁၀၀ချောင်း)
၅"x ၁" = ၅" (၈၀ချောင်း)
၆"x ၁" = ၆"(၆၆.၆ ချောင်း)
၃"x ဝ.၅"= ၁.၅"(၂၆၆.၆ ချောင်း)
၄"x ဝ.၅"= ၂"(၂၀၀ ချောင်း)
၄"x၄"=၁၆ လက္မ(၂၅ ချောင်း)
၅"x ၅"=၂၅ လက္မ(၁၆ ချောင်း)
"တန်ဖိုးတွက်မည်ဆိုလျှင်"ဥပမာ -သစ် တစ်တန် = ၄၀၀,၀၀၀ကျပ်
၄၀၀,၀၀၀ ÷ ၄၀၀ = ၁၀၀၀ ကျပ်(၁"တန်ဘိုးဖြစ်သည်။)
၂"x ၁၀၀၀ = ၂၀၀၀ကျပ်
်(၂"x ၁" ၁၈ပေတစ်ချောင်း၏တန်ဘိုးဖြစ်သည်။)
၃"x၁၀၀၀=၃၀၀၀ကျပ်(၃"၁" ၁၈ပေတစ်ချောင်း၏တန်ဘိုးဖြစ်သည်။)
၂"x ၁" - ၅ပေတစ်ချောင်း၏တန်ဘိုးဆိုလျှင်၂၀၀၀ကျပ် ÷ ၁၈ပေ x ၅ပေ = ၅၅၅.၅၅ ကျပ်
"နောက်တစ်နည်း"
ဥပမာ-၅"× ၁"ဆိုရင်၅ × ၁ = ၅၃" × ၂" ဆိုရင်၃ × ၂ = ၆ စသည်ဖြင့်ရလာမယ်။
(သစ်တစ်တန်ဟာ၁လက်မပတ်လည် ( 1" X 1") မှာ ၇၂၀၀ ပေ အရှည်ရှိတဲ့ အတွက် - )မြှောက်လို့ရတဲ့ အဖြေနဲ့၇၂၀၀ ကိုစားလိုက်ပါ။
ရလာတဲ့ အဖြေက တစ်တန်မှာရှိတဲ့ ပေအရှည်ပဲ။ဥပမာ -၇၂၀၀ ÷ ၅ = ၁၄၄၀ ပေ၇၂၀၀ ÷ ၆ = ၁၂၀၀ ပေ စသည်ဖြင့်ရလာတဲ့ပေကို တချောင်းချင်းပေတိုင်းပြီးဝယ်ပေါ့ ... ။
သစ်ဝယ်ရာမှာ ခွဲပျဉ်ကို ဝယ်တာထက် တန်ချိန်အလိုက် ဝယ်ပြီး ခွဲခိုင်းတာက ပိုတန်တယ်။ များသောအားဖြင့်က ၁ဂပေ အရှည် အချောင်းတွေ ဖြတ်ကြတာ များတယ်။ အောက်မှာ သစ်တစ်တန်မှာ ထွက်လာမယ့် ပျဉ်အရှည်ပေ အတိုင်းအတာကို ဖော်ပြထားပါတယ်။ 1/2 ကို မြန်မာတွေက ငါးမူးခေါ်တယ်။ 3/4 ဆိုရင် သုံးမတ်၊ 1/4 ဆိုရင် တစ်မတ်ပေါ့။ ကိုယ်ဆောက်မယ့် အိမ်မှာ ကုန်မယ့် ဧရိယာအကျယ်ကို တွက်ချက်ပြီး သစ်ကို ချိန်ဆ ဝယ်ယူသင့်ပါတယ်။ လွှစားတာကြောင့် ပေ အနည်းငယ်မျှ အပြောင်းအလဲ ရှိနိုင်ပါတယ်။
(1 x 1/2) 14400 ပေ
(1 x 1) 7200 ပေ
(1 1/2 x 1/2) 9600 ပေ
(1 1/2 x 1) 4800 ပေ
(1 1/2 x 1 1/2) 3200 ပေ
(2 x 1) 3600 ပေ
(2 x 1 1/2) 2400 ပေ
(2 x 2) 1800 ပေ
(2 1/2 x 2 1/2) 1152 ပေ
(3 x 1/2) 4800 ပေ
(3 x 1) 2400 ပေ
(3 x 1 1/2) 1600 ပေ
(3 x 2) 1200 ပေ
(3 x 3) 800 ပေ
(3 1/2 x 3 1/2) 588 ပေ
(4 x 1) 1800 ပေ
(4 x 1 1/2) 1200 ပေ
(4 x 2) 900 ပေ
(4 x 3) 600 ပေ
(4 x 4) 450 ပေ
(4 1/2 x 4 1/2) 356 ပေ
(5 x 1/2) 2880 ပေ
(5 x 1) 1440 ပေ
(5 x 1 1/2) 960 ပေ
(5 x 2) 720 ပေ
(5 x 2 1/2) 576 ပေ
(5 x 3) 480 ပေ
(5 x 4) 360 ပေ
(5 x 5) 288 ပေ
(6 x 1/2) 2400 ပေ
(6 x 1) 1200 ပေ
(6 x 1 1/2) 800 ပေ
(6 x 2) 600 ပေ
(6 x 3) 400 ပေ
(6 x 4) 300 ပေ
(6 x 5) 240 ပေ
(6 x 6) 200 ပေ
Ref : La Minn Eain Engineering Group & Training Center
Photo Credit : Orbitz
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties