By Shwe Kyaw, Shweproperty.com
Updated at 18 June 2020
ရန်ကုန်မြို့မှာ တိုက်နေထိုင်သူအများစုရှိပါတယ်။ တချို့က (၆ )လချုပ် ၊ တစ်နှစ်ချုပ်စသဖြင့် ငှားရမ်းနေထိုင်ကြပါတယ်။
ဒီလိုငှားရမ်းနေထိုင်ခြင်းဟာ ပြဿနာတစုံတရာမရှိပေမယ့် နှစ်ချုပ် စပေါ်နဲ့ ငှားရမ်းနေထိုင်သူတွေအတွက်တော့ သတိပြုရမယ့်အချက်တွေရှိပါတယ်။
နှစ်ချုပ်စပေါ်ငှားရမ်းနေထိုင်မှုတွေမှာ အငြင်းစရာတချို့ရှိနေပြီး ၊ အရှုပ်အရှင်းတချို့ဖြစ်နိုင်တာမျိုးတွေလည်းတွေ့ရပါတယ်။
ဒါတွေမဖြစ်အောင် သတိပြုရမယ့် အချက်တွေကို အကြံပြုပေးလိုက်ပါတယ်။
နှစ်ချုပ်၊ စပေါ် အငှားတိုက်ခန်း ဆိုတာကတော့ အိမ်ပိုင်ရှင်ကို စပေါ်ငွေတင်ကာ လစဉ်အိမ်ငှားခ ပေးချေပြီး စာချုပ်ချုပ်ဆို၍ နေထိုင်နိုင်သော အခန်းအမျိုးအစား ဖြစ်ပါတယ်။
ရင်းနှီးငွေရှိသူအများစုမှာ တိုက်ခန်းများကို နှစ်ချုပ်၊စပေါ်အငှားစာချုပ်ဖြင့်သာ ငှားရမ်းနေထိုင်ကြပါတယ်။ စပေါ်ငွေတင်ရတဲ့ တိုက်ခန်းအများစုဟာ လစဉ်အိမ်ငှားခလည်း သက်သာပါတယ်။
နှစ်ချုပ် ၊ စပေါ်ဖြင့် ငှားရမ်းနိုင်မည့် အခန်းတွေကို ငှားရမ်းနေထိုင်ရာမှာ သတိပြုရမယ့် အချက်တွေကတော့
• တိုက်ခန်းကို တရားဝင်ပိုင်ဆိုင်ခွင့် မရှိပါ။
• အိမ်ငှားရမ်းခ ကို လစဉ်ပေးရပါတယ်။
• နေထိုင်သုံးစွဲခွင့်ကာလ၊ လက်ဝယ်ထားပိုင်ခွင့်ကို သတ်မှတ်ထားပါတယ်။
• နိုင်ငံသားကို ငှားရမ်းနိုင်ပါတယ်။
• ပြန်လည် ငှားရမ်းခွင့် မရှိပါဘူး။
• တစ်နှစ်ထက်ပိုသော အိမ်ငှားရမ်းခကို စာချုပ်ချုပ်ဆိုရပါမယ်။
• အဆောက်အအုံဟာ အကြောင်းတစ်စုံတစ်ရာကြောင့် ပျက်စီးပြိုလဲခဲ့ပါက အငှားစာချုပ်သက်တမ်းအတွင်းတွင်သာ ပြန်လည်ရရှိနိုင်ပါတယ်။
နှစ်ချုပ်၊ စပေါ် အငှားတိုက်ခန်းတွေနဲ့ အပျောက်တိုက်ခန်းတွေဟာ ငှားရမ်းမှုပုံစံခြင်းတူပေမယ့် တစ်ခုနဲ့တစ်ခု ကွာခြားချက်၊ အားသာချက်၊ အားနည်းချက်တွေရှိတာကြောင့် မိမိနဲ့ အဆင်ပြေသလို ငှားရမ်းနိုင်ပါတယ်။
Written By: Shwe Kyaw (ShweProperty.com)
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties