By Ra Wai, Shweproperty.com
Updated at 25 May 2020
စာချုပ်များ ချုပ်ဆိုကြရာတွင် အသိသက်သေသည် မပါမဖြစ် ပါရှိရမည့် ကိစ္စရပ် ဖြစ်ပါသည်။ ကတိပြုသူ ၊ ကတိရသူများအပြင် အသိသက် သေများပါ စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးကြရပါသည်။ အဆိုပါ အသိ သက်သေ များသည် ကတိပြုသူ၊ ကတိရသူတို့၏ ကတိပြုချက်၊ သဘောတူချက်၊ အာမခံချက်၊ စည်းကမ်းချက် စသည်တို့ကို အမှတ်တကယ် သိရှိထားဖို့ လိုအပ်ပါသည်။
“အောက်ပါ အသိသက်သေများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးချုပ်ဆိုကြပါသည် “ ဟူ၍ စာချုပ်များ ပေါ်တွင် ဖော်ပြပါရှိလေ့ရှိပြီး နှစ်ဘက်လက်မှတ် ရေးထိုးကာ အသိသက်သေများ ပါဝင် လက်မှတ်ရေးထိုး ခဲ့ကြသည်ဖြစ်သော်လည်း ပြဿနာပေါ်ပေါက်၍ အသိသက်သေများကို စစ် ဆေးမေးမြန်းသောအခါတွင်မူ သက်သေအဖြစ် ရေးထိုးခဲ့သော စာချုပ်ပါ အချက်များကို ပြန်လည် ပြောပြနိုင်သည့် အသိသက်သေမျိုးမှာ အတော်ပင် ရှားပါးတတ်ပါသည်။
အချို့က မိမိရေးထိုးခဲ့သည့် လက်မှတ်ကို ပြန်ကြည့်ကာ မိမိလက်မှတ် ဟုတ် မဟုတ် မိမိရေးထိုးခဲ့ခြင်း ဟုတ် မဟုတ် ဇဝေဇဝါ ဖြစ်နေတတ်ကြပါသည်။ အချို့ကလည်း သက်သေအဖြစ် မိမိလက်မှတ်ရေးထိုးခဲ့သည် မှန် သော်လည်း စာချုပ်ပါ အချက်များကို မသိကြောင်း ပြောပါသည်။
သက်သေအဖြစ် လက်မှတ်ထိုးဆို၍ ရေးထိုး ပေးခဲ့ခြင်းသာ ဖြစ်ပါသည်ဟု အချို့ကလည်း ဆိုပါသည်။ အချို့ကမူ စာချုပ်တွင် အသိသက်သေအဖြစ် လက်မှတ် ရေးထိုးပေးခဲ့သည် မှန်သော်လည်း စာချုပ်ကို မိမိ မဖတ်ကြည့်ကြောင်း သက်သေအဖြစ် အကူအညီ ပေးသည့်အနေဖြင့် ရေးထိုးပေးခဲ့ခြင်းသာဖြစ်ကြောင်း ပြောဆိုပါသည်။ မိမိကိစ္စ မဟုတ်၍ မမှတ်မိဟု ပြောသူက လည်း ပြောပါသည်။
စာချုပ်နှင့် ပတ်သက်၍ မသေချာ မရေရာသော ထွက်ဆိုချက်များကိုသာ ပြောဆိုပြီး စာချုပ်ပါ အချက် များနှင့် ပတ်သက်၍ တိတိကျကျ မပြောနိုင် ၊ မဖြေနိုင်သည်ကို ဆင်ခြေအမျိုးမျိုးပေး ဖြေရှင်းတတ်ကြပါ သည်။
၎င်းတို့အား အပြစ်မဆိုသာဟု ဆိုရပါမည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အနေဖြင့် လူမှုရေးအရ အကူ အညီပေးသည့် သဘောဖြင့် ပါဝင်လာခဲ့ခြင်းကြောင့် ဖြစ်သောကြောင့် ဖြစ်ပါသည်။
စာချုပ်ချုပ်ရာတွင် အမှန်တကယ် ကြပ်မတ်ဆောင်ရွက်ရမည့်သူမှာ စာချုပ်ချုပ်ဆိုပေးသူ အကျိုးဆောင် သို့မဟုတ် ကာယကံရှင်များ ဖြစ် သည်ဟု ဆိုရပါမည်။ ဥစ္စာရင်လို ဥစ္စာရင်ခဲ သက်သေများကို တကူး တကန့် အကူအညီ တောင်းဖို့ လိုအပ်ပါသည်။ စာချုပ်ရသည့် ကိစ္စရပ်များကို စာမချုပ်မီ ရှင်းလင်း ပြောပြဖို့ လိုအပ် ပါသည်။ စာချုပ်တွင် လက်မှတ်မရေးထိုးမီ စာချုပ်ကို အရင်ဖတ်စေခြင်း သို့မဟုတ် ဖတ်ပြခြင်းများ ရှိသင့် သည်ဟု ဆိုရပါမည်။
ကာယံရှင်များ သဘောတူ ချုပ်ဆိုသည့် အချက်များကို သိရှိသဘောပေါက်ပြီးနောက် လက်ခံသောအခါတွင်မှ အသိသက်သေနေရာတွင် ပါဝင် လက် မှတ်ရေးထိုးစေသင့်ပါသည်။ ထို့ပြင် အသိသက်သေအဖြစ် ပါဝင် လက် မှတ်ရေးထိုးပေးသူအား ထိုက်သင့်သော ချီးမြှင့်မှုကိုလည်း ပြုရန် ဝန်မလေးသင့်ဟု အကြံပြုလိုပါသည်။
အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်လာသော အခါ ကြုံကြိုက်သက်သေတစ်ဦး၏ ထွက်ဆိုချက်သည် လွန်စွာ တန်ဖိုးနည်းပါးသောကြောင့် ဖြစ်ပါသည်။
သို့ဖြစ်ရာ စာချုပ်ချုပ်ပြီးဆိုမှဖြင့် ချုပ်ရကျိုးနပ်စေရန်နှင့် တိတိ ကျကျ ထိထိမိမိ အဖြေရှိနိုင်ရန် ဖြစ်သလို ကြုံသလို မလုပ်မိကြဖို့ ၊ မချုပ်မိကြဖို့ တိုက်တွန်းရပေသည်။
( အညွှန်း- ဦးကျော်ဇေယျ ၊ စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်နှင့်ရှောင်ရန်များ ၊ စာ ၁၁ ) ။
Ref By: DVB LawLab
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties