By Aye Moe (KMD), Shweproperty.com
Updated at 29 October 2017
တိုက်ခန်းဈေးကွက်ထဲမှာ ပုံမှန်ဈေးနှုန်းထက် သက်သာတဲ့ဈေးနဲ့ အရည်အသွေး မပြည့်မှီတဲ့ အခန်းတွေ ရောင်းချနိုင်တာကြောင့် သေချာစိစစ်ရွေးချယ် ဝယ်ယူသင့်တယ်လို့ သိရပါတယ်။
တချို့က တကယ်ငွေလိုလို့ ဈေးလျှော့ရောင်းတာမျိုး ရှိသလို အဆောက်အအုံ တစ်ခုမှာရှိသင့်တဲ့ အရည်အသွေး မပြည့်ဝပဲ ဆောက်ထားပြီး ဈေးလျှော့ရောင်း တာမျိုးတွေလည်းရှိပါတယ်။ အရည်အသွေး မပြည့်ဝဘူး ဆိုတာက ဆောက်လုပ်ရေးပိုင်းမှာ သုံးစွဲတဲ့ ပစ္စည်းတွေ၊ ရှိသင့်တဲ့ အတိုင်းအတာထက် လှျှော့ပြီး ဆောက်တာမျိုးတွေ၊ မီးကြိုးကအစ အရည်အသွေး မပြည့်မှီတာတွေ အသုံးပြုပြီး ဆောက်လုပ်ကြတာမျိုးတွေ ရှိတယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တချို့နဲ့ အကျိုးဆောင် တချို့ဆီက သိရပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမောင်မောင်က "အခုက ဈေးသက်သာတာ တစ်ခုတည်းကို မကြည့်သင့်ဘူး၊ အရည်အသွေးကောင်းတဲ့ တိုက်က ဈေးကြီးကောင်းကြီးလမ့်မယ်၊ ဒါပေမယ့် အရည်အသွေး မပြည်ဝဘဲ အန္တာရာယ် များတဲ့ဟာထက် ပိုစိတ်ချရပါတယ်။ အရည်အသွေးမီတဲ့ အဆောက်အအုံ အခန်းတွေကို ဘယ်ပိုင်ရှင်ကမှ ဈေးလျှော့မရောင်းပါဘူး"လို့ ပြောပါတယ်။
အရည်အသွေးမပြည့်မီတဲ့ အမျိုးအစားတွေဆိုတာ ဆောက်လုပ်ပြီးသား အခန်းက သဲတွေများတာမျိုး၊ အခန်းပေ အကျယ်မပြည့်တာ၊ နောက်ဖေးလှေကား၊ အတက်အဆင်း လှေကားတွေက အစ ခိုကပ်ထားတာ မျိုးတွေပါ။ လူနေထိုင်ခွင့်မကျသေးတာ၊ စာရွက်စာတမ်း အရှုပ်အရှင်း မကင်းတာတွေလည်း ရှိတတ်တာကြောင့် ဈေးသက်သာတိုင်း အရမ်းမဝယ်ဘဲ စုံစမ်းပြီးမှသာ ဝယ်ယူသင့်ပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်း ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဒေါ်ခင်မာက "သဘာဝဘေး အန္တာရာယ်အတွက်ဆို လုံး၀ လုံခြုံမှုမရှိတဲ့ အမျိုးအစားတွေရှိတယ်၊ အကောင်းဆုံးကတော့ တိုက်ရဲ့ အရည်အသွေးကို အာမခံပေးထားတဲ့ အခန်းကို ဝယ်နေတာ အကောင်းဆုံးပဲ"လို့ ရှင်းပြပါတယ်။
နားလည်တဲ့ ဝယ်သူတွေကျတော့လည်း တိုက်ရဲ့ အရည်အသွေးကို အဓိကကြည့်ပြီး သိန်း ၃၀၊ ၄၀ ကွာတာလည်း ပေးဝယ်ပြီး နေကြတာမျိုးတွေရှိတယ် လို့ သိရပါတယ်။ တကယ်တော့ ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး တိတိကျကျ ပြဌာန်ထားတဲ့ ဥပဒေမျိုး ရှိသင့်တာပါ။
Ref : Aye Moe (Kumudra)
Photo Credit : newsinmyanmar
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties