By Union House Myanmar, Shweproperty.com
Updated at 19 August 2019
ကျွန်တော်ဒီနေ့ Sharing လုပ်ချင်တဲ့ အကြောင်းအရာကတော့ တရုတ်ရိုးရာ ဖုန်းရွှေပညာရပ်ရဲ့ အယူအဆအရ ဘယ်အချက်တွေက အိမ်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်နေသလဲ ဆိုတဲ့အကြောင်းပဲ ဖြစ်ပါတယ်။
1. အိမ်ရဲ့ တည်နေရာက တစ်ဖက်ပိတ်လမ်းရဲ့ အဆုံးမှာ တည်ရှိခြင်း။
သန့်ရှင်းတဲ့ လေထုက ကောင်းကောင်းအဝင်အထွက် မလုပ်နိုင်တဲ့အတွက်ကြောင့် နိမိတ်မကောင်းဘူးလို့ ယူဆကြပါတယ်။
2. အိမ်ရဲ့အတွင်းဘက်၊အပြင်ဘက် တွေကရှုပ်ပွနေတဲ့ အပြင် အမှိုက်တွေ ဟိုတစ်စု ထားရှိခြင်း။
ဒါက ကျွန်တော်တို့ မြန်မာအယူအဆမှာလည်း လာဘ်လာဘ ပိတ်တယ်လို့ ယုံကြည်ကြတာကြောင့် ဒီအပြုအမူမျိုးကို ရှောင်စေလိုပါတယ်။
3. မီးဖိုချောင်၊ ရေချိုးခန်း နဲ့ အိမ်သာစတဲ့နေရာတွေမှာ အပေါက်တွေရှိနေတဲ့အပြင် ရေယိုတာ၊ စိမ့်တာမျိုးဖြစ်နေခြင်း။
4. မှန်တင်ခုံက အိပ်ရာကို မျက်နှာမူနေခြင်း။
ရှေးတရုတ်အယူအဆအရ မှန်က အိပ်ရာကိုမျက်နှာခြင်းဆိုင်နေခြင်းက မကောင်းတဲ့ ဝိညာဉ်တွေကို ဖိတ်ခေါ်နေခြင်း ဖြစ်တယ်လို့ ဆိုရိုးရှိပါတယ်။
5. အိမ်ရဲ့နောက်ဘက်မှာ ဆင်းခြေလျှော ကုန်းစောင်းတည်ရှိခြင်း
ဒီလို တည်ရှိနေတဲ့ အိမ်က အန္တရာယ်ရှိတဲ့အပြင် မကောင်းတဲ့ နိမိတ်ကိုလည်း ဖော်ဆောင်နေတယ်လို့ ထင်မြင်ကြပါတယ်။
6. အိမ်ရဲ့ဘေးပတ်ပတ်လည်မှာ အထပ်မြင့်တိုက်များတည်ရှိခြင်း
လောင်းရိပ်မိတဲ့ သစ်ပင်တစ်ပင်လိုပါပဲ…စီးပွားရေးတိုးတက်ဖို့အတွက် မမြင်နိုင်တဲ့ အဟန့်အတားတွေက တားဆီးနေကြတယ်လို့ ဖုန်းရွှေနည်းပညာက ဆိုပါတယ်။
7. အိမ်ရဲ့ အဝင်၀ တည့်တည့်မှာ မှန်ရှိနေခြင်း
ဒါက ဖုန်းရွှေစွမ်းအားအရ ကြည့်မယ်ဆိုရင် ဝင်လာတဲ့ လာဘ်လာဘတွေကို မှန်က တစ်ဆင့် တွန်းထုတ်လိုက်သလိုဖြစ်တာကြောင့် လာဘ်တိတ်တယ်လို့ ဆိုပါတယ်။
အပေါ်မှာ ကျွန်တော်ပြောပြခဲ့တဲ့ တရုတ်ရိုးရာ ဖုန်းရွှေနည်းပညာတွေကို ဖတ်ကြည့်ပြီး ဆောင်ရန်၊ ရှောင်ရန်လေးတွေကို သိသွားကြမယ်လို့ ယုံကြည်မိပါတယ် ခင်ဗျာ။
Ref : Union House Myanmar
Photo Credit : Businesstoday
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties