By Sint Sint, Shweproperty.com
Updated at 11 September 2020
အိမ်မြှောင်ဆိုတာကတော့နေ့တိုင်းလိုလိုစုတ်ထိုးခြင်လည်းထိုးမယ် တခါတလေမှထိုးခြင်မှလည်းထိုးမယ်။အဓိကက အိမ်မြှောင်စုတ်ထိုးသံကို ကြားရသူအတွက် နိမိတ်စကားလေးတွေကို ရှေးဆရာကြီး များက ဒီလိုအဟောလေးတွေ ထုတ်ထားခဲ့ပါတယ်။
(၁) အရှေ့က စုတ်ထိုးသံကြားရင် သူတစ်ပါးရဲ့ အပူဇော်ကို ခံရတတ်ပါတယ်
(၂) အရှေ့တောင်အရပ်က စုတ်ထိုးသံကြားရင် မီးလောင်တတ်တယ် ၊ ခန္ဓာကိုအပူလောင်တတ်တယ် ရန်ပေါ်ရတတ်တယ်
(၃) တောင်အရပ်က စုတ်ထိုးသံကြားရင် အစားအသောက်ကောင်းများ စားရတတ်တယ်
(၄) အနောက်တောင်အရပ်က စုတ်ထိုးသံကြားရင် အချုပ်အနှောင်ခံရတတ်တယ် ၊
(၅)အနောက်အရပ်က စုတ်ထိုးသံကြားရင် ချစ်သူရတက်တယ်၊ အိမ်ထောင်ကျတတ်တယ်
(၆) အနောက်မြောက်အရပ်က စုတ်ထိုးသံကြားရင် လာဘ်လာဘဝင်တတ်တယ် ၊ ငွေရွှင်တတ်တယ်
(၇) မြောက်အရပ်က စုတ်ထိုးသံကြားရင် ကျန်းမာရေးညံ့တတ်တယ်
(၈) အရှေ့မြောက်အရပ်က စုတ်ထိုးသံကြားရင် လာဘ်လာဘကြီးဝင်တတ်တယ်
(၉) အိပ်ယာအောက်က စုတ်ထိုးသံကြားရင် အိမ်တွင်နာရေးပေါ်တတ်တယ်
(၁၀) ဦးခေါင်းပေါ်က စုတ်ထိုးသံကြားရင်လာဘ်လာဘရမယ် ၊အကြံအစည်တွေအောင်မြင်ရတတ်ပါတယ်
(၁၁) အိမ်ရှေ့ခန်းက စုတ်ထိုးသံကြားရင်မင်းမှုစိုးများနဲ့ စကားများရတက်တယ်
(၁၂) အိမ်အလယ်ခန်းက စုတ်ထိုးသံကြားလျှင် သားကိစ္စ သမီးကိစ္စ စကားပြောရတက်ပါတယ်
(၁၃)အိမ်ခန်းထဲက စုတ်ထိုးသံကြားလျှင် လင်မယားချင်း စကားများ ရန်ဖြစ်တက်ကြပါတယ်
(၁၄) ဘုရားရှိခိုး ၊ တရားထိုင် ၊ အမျှဝေ တဲ့ အချိန် စုတ်ထိုးသံကြားရင် နတ်များလာရောက်တာဖြစ်တယ်
အိမ်မြှောင်စုတ်ထိုးသံဆိုတာ လူ နှင့်နတ်တို့ရဲ့ ဆက်သွယ်ရေး အချက်ပြသင်္ကေတလည်း ဖြစ်ပါတယ်တဲ့ဗျာ။
Credit : Popularpostnews
Photo Credit : sostenibilidad
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties