By Sint Sint, Shweproperty.com
Updated at 20 November 2020
Unicode Version
အိမ်မြှောင်ဆိုတာကတော့နေ့တိုင်းလိုလိုစုတ်ထိုးခြင်လည်းထိုးမယ် တခါတလေမှထိုးခြင်မှလည်းထိုးမယ်။အဓိကက အိမ်မြှောင်စုတ်ထိုးသံကို ကြားရသူအတွက် နိမိတ်စကားလေးတွေကို ရှေးဆရာကြီးများက ဒီလိုအဟောလေးတွေ ထုတ်ထားခဲ့ပါတယ်။
(၁) အရှေ့က စုတ်ထိုးသံကြားရင် သူတစ်ပါးရဲ့ အပူဇော်ကို ခံရတတ်ပါတယ်
(၂) အရှေ့တောင်အရပ်က စုတ်ထိုးသံကြားရင် မီးလောင်တတ်တယ် ၊ ခန္ဓာကိုအပူလောင်တတ်တယ် ရန်ပေါ်ရတတ်တယ်
(၃) တောင်အရပ်က စုတ်ထိုးသံကြားရင် အစားအသောက်ကောင်းများ စားရတတ်တယ်
(၄) အနောက်တောင်အရပ်က စုတ်ထိုးသံကြားရင် အချုပ်အနှောင်ခံရတတ်တယ် ၊
(၅)အနောက်အရပ်က စုတ်ထိုးသံကြားရင် ချစ်သူရတက်တယ်၊ အိမ်ထောင်ကျတတ်တယ်
(၆) အနောက်မြောက်အရပ်က စုတ်ထိုးသံကြားရင် လာဘ်လာဘဝင်တတ်တယ် ၊ ငွေရွှင်တတ်တယ်
(၇) မြောက်အရပ်က စုတ်ထိုးသံကြားရင် ကျန်းမာရေးညံ့တတ်တယ်
(၈) အရှေ့မြောက်အရပ်က စုတ်ထိုးသံကြားရင် လာဘ်လာဘကြီးဝင်တတ်တယ်
(၉) အိပ်ယာအောက်က စုတ်ထိုးသံကြားရင် အိမ်တွင်နာရေးပေါ်တတ်တယ်
(၁၀) ဦးခေါင်းပေါ်က စုတ်ထိုးသံကြားရင်လာဘ်လာဘရမယ် ၊အကြံအစည်တွေအောင်မြင်ရတတ်ပါတယ်
(၁၁) အိမ်ရှေ့ခန်းက စုတ်ထိုးသံကြားရင်မင်းမှုစိုးများနဲ့ စကားများရတက်တယ်
(၁၂) အိမ်အလယ်ခန်းက စုတ်ထိုးသံကြားလျှင် သားကိစ္စ သမီးကိစ္စ စကားပြောရတက်ပါတယ်
(၁၃)အိမ်ခန်းထဲက စုတ်ထိုးသံကြားလျှင် လင်မယားချင်း စကားများ ရန်ဖြစ်တက်ကြပါတယ်
(၁၄) ဘုရားရှိခိုး ၊ တရားထိုင် ၊ အမျှဝေ တဲ့ အချိန် စုတ်ထိုးသံကြားရင် နတ်များလာရောက်တာဖြစ်တယ်
အိမ်မြှောင်စုတ်ထိုးသံဆိုတာ လူ နှင့်နတ်တို့ရဲ့ ဆက်သွယ်ရေး အချက်ပြသင်္ကေတလည်း ဖြစ်ပါတယ်တဲ့ဗျာ။
ဖတ်ရှုမှုအများဆုံး အိမ်ခြံမြေဗဟုသုတများ
အိမ်အသစ်ဆောက်မည့်သူများ အိမ်ခိုက်တာအခုလိုလှေခါးထစ်နဲ့ဆိုင်လားမဆိုင်လားဗဟုသုတအနေဖြင့်ဖတ်ပါ
အိမ်နံပါတ်နဲ့ ပတ်သတ်ပြီး ထူးခြားတဲ့အကြောင်းအရာများ
လှေဦးတိုက် လှည်းဦးတိုက် အိမ်တွေမှာ အညံ့ကင်းအောင်လုပ်နည်းနှင့် အိမ်ထောင်ဦးစီးနေ့နံအလိုက် မလှည့်အပ်သော အိမ်တို့အရပ်
စီးပွားတက်မည့်အိမ်နှင့် ရေဆန်အိမ်တို့ဆိုတာ ဒီလိုအိမ်မျိုးတွေပါ
Zawgyi Version
အိမ္ေျမႇာင္ဆိုတာကေတာ့ေန႔တိုင္းလိုလိုစုတ္ထိုးျခင္လည္းထိုးမယ္ တခါတေလမွထိုးျခင္မွလည္းထိုးမယ္။အဓိကက အိမ္ေျမႇာင္စုတ္ထိုးသံကို ၾကားရသူအတြက္ နိမိတ္စကားေလးေတြကို ေရွးဆရာႀကီးမ်ားက ဒီလိုအေဟာေလးေတြ ထုတ္ထားခဲ့ပါတယ္။
(၁) အေရွ႕က စုတ္ထိုးသံၾကားရင္ သူတစ္ပါးရဲ႕ အပူေဇာ္ကို ခံရတတ္ပါတယ္
(၂) အေရွ႕ေတာင္အရပ္က စုတ္ထိုးသံၾကားရင္ မီးေလာင္တတ္တယ္ ၊ ခႏၶာကိုအပူေလာင္တတ္တယ္ ရန္ေပၚရတတ္တယ္
(၃) ေတာင္အရပ္က စုတ္ထိုးသံၾကားရင္ အစားအေသာက္ေကာင္းမ်ား စားရတတ္တယ္
(၄) အေနာက္ေတာင္အရပ္က စုတ္ထိုးသံၾကားရင္ အခ်ဳပ္အေႏွာင္ခံရတတ္တယ္ ၊
(၅)အေနာက္အရပ္က စုတ္ထိုးသံၾကားရင္ ခ်စ္သူရတက္တယ္၊ အိမ္ေထာင္က်တတ္တယ္
(၆) အေနာက္ေျမာက္အရပ္က စုတ္ထိုးသံၾကားရင္ လာဘ္လာဘဝင္တတ္တယ္ ၊ ေငြ႐ႊင္တတ္တယ္
(၇) ေျမာက္အရပ္က စုတ္ထိုးသံၾကားရင္ က်န္းမာေရးညံ့တတ္တယ္
(၈) အေရွ႕ေျမာက္အရပ္က စုတ္ထိုးသံၾကားရင္ လာဘ္လာဘႀကီးဝင္တတ္တယ္
(၉) အိပ္ယာေအာက္က စုတ္ထိုးသံၾကားရင္ အိမ္တြင္နာေရးေပၚတတ္တယ္
(၁၀) ဦးေခါင္းေပၚက စုတ္ထိုးသံၾကားရင္လာဘ္လာဘရမယ္ ၊အႀကံအစည္ေတြေအာင္ျမင္ရတတ္ပါတယ္
(၁၁) အိမ္ေရွ႕ခန္းက စုတ္ထိုးသံၾကားရင္မင္းမႈစိုးမ်ားနဲ႔ စကားမ်ားရတက္တယ္
(၁၂) အိမ္အလယ္ခန္းက စုတ္ထိုးသံၾကားလွ်င္ သားကိစၥ သမီးကိစၥ စကားေျပာရတက္ပါတယ္
(၁၃)အိမ္ခန္းထဲက စုတ္ထိုးသံၾကားလွ်င္ လင္မယားခ်င္း စကားမ်ား ရန္ျဖစ္တက္ၾကပါတယ္
(၁၄) ဘုရားရွိခိုး ၊ တရားထိုင္ ၊ အမွ်ေဝ တဲ့ အခ်ိန္ စုတ္ထိုးသံၾကားရင္ နတ္မ်ားလာေရာက္တာျဖစ္တယ္
အိမ္ေျမႇာင္စုတ္ထိုးသံဆိုတာ လူ ႏွင့္နတ္တို႔ရဲ႕ ဆက္သြယ္ေရး အခ်က္ျပသေကၤတလည္း ျဖစ္ပါတယ္တဲ့ဗ်ာ။
ဖတ္ရႈမႈအမ်ားဆုံး အိမ္ၿခံေျမဗဟုသုတမ်ား
အိမ္အသစ္ေဆာက္မည့္သူမ်ား အိမ္ခိုက္တာအခုလိုေလွခါးထစ္နဲ႔ဆိုင္လားမဆိုင္လားဗဟုသုတအေနျဖင့္ဖတ္ပါ
အိမ္နံပါတ္နဲ႔ ပတ္သတ္ၿပီး ထူးျခားတဲ့အေၾကာင္းအရာမ်ား
ေလွဦးတိုက္ လွည္းဦးတိုက္ အိမ္ေတြမွာ အညံ့ကင္းေအာင္လုပ္နည္းႏွင့္ အိမ္ေထာင္ဦးစီးေန႔နံအလိုက္ မလွည့္အပ္ေသာ အိမ္တို႔အရပ္
စီးပြားတက္မည့္အိမ္ႏွင့္ ေရဆန္အိမ္တို႔ဆိုတာ ဒီလိုအိမ္မ်ိဳးေတြပါ
Credit : Popularpostnews
Photo Credit : sostenibilidad
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties