By Ra Wai, Shweproperty.com
Updated at 30 April 2020
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အမိန့်ကြော်ငြာစာအမှတ် ၆/၉၉ ဖြင့် ထုတ်ပြန်ခဲ့သည့် ရန် ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဆိုင်ရာ နည်းဥပဒေများ အပိုဒ် ၉၊၁၀၊၁၁ တို့တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်။
( ၉ ) ကော်မတီခွင့်ပြုချက်ဖြင့် အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ် ငန်း လုပ်ကိုင်ရာတွင် ယင်းလုပ်ငန်း ကြောင့် ပတ်ဝန်းကျင်အဆောက်အအုံ တစ်ခုခု ( သို့မဟုတ် ) ယင်းအ ဆောက်အအုံ၏ အစိတ်အပိုင်းတစ်ခုခု၊ ပျက်စီးချို့ယွင်းမှု ပေါ်ပေါက်ပါက နစ်နာသူသည် ကော်မတီသို့ ကန့် ကွက်လွှာတင်နိုင်သည်။ ( ၁၀) ကော်မတီ သည် နည်းဥပဒေ-၉ အရ နစ်နာသူတင်ပြပေးသော ကန့်ကွက်လွှာနှင့် စပ်လျဉ်း၍ အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး အမှန်တကယ်နစ်နာကြောင်း တွေ့ရှိရပါက အဆောက်အအုံဆောင်လုပ်ခြင်းလုပ်ငန်း လုပ်ပိုင်ခွင့်ရသူနှင့် ညှိနှိုင်း ၍ထိုက်သင့်သော် နစ်နာကြေးကို သတ်မှတ်ပေးရမည်။ ( ၁၁ ) နည်းဥပဒေ-၁၀ အရ ကော်မတီသည် ညှိနှိုင်း သတ်မှတ်ထားသည့် နစ်နာကြေးကို ကာယကံရှင်များ လက်မခံလျှင်ဖြစ်စေ၊ ကော်မတီသည် ညှိနှိုင်းသတ်မှတ် ပေးနိုင်ခြင်းမရှိလျှင်ဖြစ်စေ နစ်နာသူသည် တည်ဆဲဥပဒေများနှင့်အညီ နစ်နာကြေးရရှိရန် သက်ဆိုင်ရာ တရား ရုံးသို့ လျှောက်ထားနိုင်သည်။
သို့ဖြစ်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ခွင့်ပြုချက်ဖြင့် အဆောက်အအုံဆောက်လုပ်ရာတွင် ပတ်ဝန်းကျင်ရှိ အဆောက်အအုံတစ်ခုခု ပျက်စီးချို့ယွင်းမှု ပေါ်ပေါက်ပါက နစ်နာသူအားပေးရမည်။ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီက သတ်မှတ်ပေးသော နစ်နာကြေးကို နှစ်ဘက်ကာယကံရှင်များအနေနှင့် လက်ခံလိုက်နာရမည်ဟု မဆိုနိုင်ပေ။ နစ်နာသူသည် တည်ဆဲဥပဒေနှင့်အညီ နစ်နာကြေးပေးရန် တရားရုံးတွင် လျှောက်ထားနိုင်သည်။ သို့ဖြစ်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သတ်မှတ်သည့် နစ်နာ ကြေးကို တရားရုံးများက မလွဲမသွေ လိုက်နာရမည်မဟုတ်ဘဲ တရားရုံးက အမှုတွဲတွင် ပေါ်ပေါက်သော သက် သေခံချက်များအရ နစ်နာကြေးကိုသတ်မှတ်ရမည်သာ ဖြစ်သည်။
တစ်ဖန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဆောက်လုပ်ရေးကန်ထရိုက်လိုင်စင်ထုတ်ပေးရာတွင် အဆောက်အအုံလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရ ကန်ထရိုက်တာ၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့်စည်းကမ်းများကို သတ်မှတ်ပြဋ္ဌာန်းထားရာတာဝန်ပိုင်း၌ “ အပိုဒ်၁ ( က ) တွင် အိမ်အဆောက်အအုံ ဆောက်လုပ်မှုကြောင့် လမ်း၊ ရေမြောင်း၊ အဆောက်အအုံများနှင့် အခြားပတ်ဝန်းကျင်ရှိ တစ်စုံတစ်ရာ ပျက်စီးယိုယွင်းမှုများအား ပြန်လည်ပြင် ဆင်လျော်ကြေးပေးရေးအတွက် တာဝန်ယူဆောင်ရွက်ခြင်း” ဟု ဖော်ပြပါရှိသကဲ့သို့ စည်းကမ်းချက်ပိုင်း၌ အပိုဒ် ( ၁ ) ( ၆ ) တွင် “ မိမိ အဆောက်အအုံဆောက်လုပ်မှုကြောင့် ကပ်လျက်ရှိသည့် အိုးအိမ်တိုက်တာတစ်ခုလုံး ( သို့မဟုတ်) တစ်စိတ်တစ်ပိုင်း ( သို့မဟုတ်) ပတ်ဝန်းကျင်ရှိ တစ်စုံတစ်ရာထိခိုက်ပျက်စီးပါက ၎င်းပျက်စီးဆုံးရှုံး မှုများအား ပြန်လည်ပြင်ဆင် လျော်ကြေးပေးရေး အတွက် တာဝန်ယူဖြေရှင်းရမည်” ဟု ဖော်ပြထားသည်။
တရားလို၏ တိုက်ကြမ်းခင်းနှင့် တိုက်ခန်းအထက်ပိုင်းနံရံတို့တွင် ကွဲအက်ခြင်းတို့မှာ တိုက်၏ခိုင်ခန့်မှုကို ယုတ် လျော့စေသည့်အပြင် မူလပကတိအတိုင်း ခိုင်ခန့်အောင်ပြုပြင်၍ မရနိုင်လောက်သည့် ပျက်စီးချို့ယွင်းမှုပင် ဖြစ် သည်။
ဤအမှုမှာ တရားမနစ်နာမှု ( TORT ) ဥပဒေနှင့်အညီ မိမိ၏ ထိခိုက်နစ်နာ ဆုံးရှုံးမှုအတွက် လျော်ကြေးငွေကို သက်သာခွင့်အဖြစ် တောင်းဆိုထားသော် အမှုဖြစ်သည်။ တရားမနစ်နာမှုဆိုသည်မှာ ပြည်သူအချင်းချင်း စောင့် စည်းထိန်းသိမ်းအပ်သည့် တာဝန်ဝတ္တရားများ ကို ချိုးဖောက်၍ဖြစ်ပေါ်လာသော နစ်နာဆုံးရှုံးများအတွက် လျော် ကြေးရပိုင်ခွင့် ( သို့မဟုတ် ) လူတစ်ယောက်၏ မတရားပြုမှုအတွက် နစ်နာဆုံးရှုံးမှု ရှိသူတွင် လျော်ကြေး တောင်းဆို ပိုင်ခွင့် ဖြစ်ပါမည်။ တရားမနစ်နာမှုသည် လူသားတစ်ရပ်လုံးနှင့် သက်ဆိုင် လူမှုအခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။
တရားမနစ်နာမှုဥပဒေဟူ၍ မြန်မာနိုင်ငံတွင် သီးခြားပြဋ္ဌာန်းချက်မရှိပေ။ မြန်မာနိုင်ငံ တရားဥပဒေများဆိုင်ရာ အက်ဥပဒေ ( BURMA LAW ACT ) ပုဒ်မ ၁၃ ( ၃ ) နှင့်သက်ဆိုင်ပါသည်။ ယင်းဥပဒေအရ သီးခြားပြဋ္ဌာန်း ချက်မရှိသော အမှုများအတွက် တရားမျှတမှု၊ သာနာညီမျှမှုနှင့် ကောင်းသောအသိစိတ် ( JUSTICE EQUITY AND GOOD CONSIENCE ) အရဆုံးဖြတ်ရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
Ref & Photo Credit: DVB Lawlab
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties