By Myanmar Builders Guide, Shweproperty.com
Updated at 8 January 2020
concrete projects ကြီးများကို မှန်ကန်စွာဆောင်ရွက်နိုင်ရန် အခြေခံသဘောတရား ၁၂ ချက်ထဲမှ (၆) ချက်ကိုဖော်ပြပေးလိုက်ပါတယ်။
1.Site clearing
Site သန့်ရှင်းရေးဆိုသည်မှာမြေကြီးပေါ်မှာ ကွန်ကရစ်လောင်းမည့်အခါ ထိုမြေကြီးထဲမှာရှိသည့် မြက်၊ ကျောက်၊ သစ်ပင်၊ကွန်ကရစ်အကျိုးအပဲ့များ အစရှိသည်တို့ကို မြေကောင်းပေါ်လာသည်အထိ တူးဖော်ပေးရပါမည်။
လမ်းခင်းသူများအနေဖြင့် အောက်တွင် soft pit ရှိနေပါက ပြုပြင်ပြီးမှကွန်ကရစ်လောင်းရပါမည်။
formwork ရိုက်ထားသည့် ကြမ်းခင်းများကို slab လောင်းပါကအပေါ်တွင်ရှိနေသည့် အမှိုက်အတိုအစများကို ဖယ်ရှားပြီးမှလောင်းရပါမည်။
Subbase and subgrade preparationအရင်ဆုံးအောက်ခံကိုပြုပြင်ရပါမည်။
Subbase ဆိုသည်မှာလမ်းခင်းသည့်အခါ အောက်ခံအခင်းကိုခေါ်ခြင်းဖြစ်ပါသည်။
Concrete rest လုပ်ဖို့အတွက် subbase ခင်းရခြင်းဖြစ်ပါသည်။
subbase အဖြစ်ကျောက်စေံ၊ ဂဝံစေ့များကို ခင်းပြီးအသုံးပြုလေ့ရှိပါသည်။
မိမိကွန်ကရစ်ခင်းမည့်မြေအမျိုးအစားသည် ကျစ်လစ်တည်ငြိမ်သည့် မြေမျိုးဖြစ်ပါက subbase သီးသန့်ခင်းရန်မလိုအပ်တော့ပါ။
subgrade ဆိုသည်မှာSubbase အောက်က မြေကြီးကို ခေါ်ခြင်းဖြစ်ပါသည်။
မြေကြီးပေါ်က၊ ကွန်ကရစ်သည်၊ သို့မဟုတ် ကွန်ကရစ်လမ်းသည်၊ အဆိုပါမြေကြီးဆိုသော subgrade ကောင်းရင်ကောင်းသလောက်၊ ပျက်စီးချို့ယွင်း ခြင်းမရှိပေ။
ထို့ကြောင့် အထပ်မြင့်ကြမ်းခင်း ကွန်ကရစ်လောင်းပါက slab formwork မှာ subbase ဖြစ်ပြီး formwork supported prop က subgrade ဖြစ်ပါသည်။
ထို့ပြင် subgrade သည် ရွေ့နေခြင်း၊ကျင်းနေခြင်း၊လှုပ်ရှားနေခြင်းများဖြစ်နေမည်ဆိုပါက သွန်းလောင်းလိုက်သည့် ကွန်ကရစ်သည်လည်း၊subgrade ကဲ့သို့ရွေ့လျားနေမည်ဖြစ်သည်။
ထို့ကြောင့် subbase မခင်းမှီ subgrade ကို ငြိမ်နေအောင်၊ သိပ်သည်းကျစ်လစ်နေအောင် သေသေချာချာ ပြု လုပ်ဖို့လိုပါတယ်။
ထိုသို့ဖြစ်နေစေရန် မြေကြီးကို၊ CBR 5 ရအောင်ကြိတ်ရမည်ဖြစ်သည်။
မြေကြီးကို CBR 5 ရအောင် ကြိတ်ရန် အခက်အခဲရှိပါက open-grade stone (သို့မဟုတ်) closed-grade / fine-grade stone ကိုအသုံးပြု ပြီး subgrade တည်ဆောက်ရပါမည်။ 6" × 9" အစွယ် ကျောက်ကြီး များဖြင့် Open-grade stone ခင်းမည်ဆိုပါကကျောက်တုန်းများအကြားမှ ရေအလွယ်တကူ စီးထွက်သွား စေနိုင်ပါသည်။
သို့သော်လည်း 2"×4" အရွယ် Finer-grade stone သုံးသလောက်တော့ compaction မကောင်းနိုင်ပါ။
Subgrade ပြီးတဲ့အခါsubbase ခင်းရမည်ဖြစ်သည်။
အဆောက်အဦးမှာ အသုံးပြုတည်ဆောက်သော subbase ဆိုသည်မှာ hard-core ရိုက်ခြင်းဖြစ်ပါသည်။
hardcore ကို အနည်းဆုံး 4" ကနေ၊ အများဆုံး 8" အထိ၊ ခင်းကြပါသည်။ ခင်းပြီးသည့်အခါ hand tamper ဖြင့်ဖြစ်စေ၊plate compactor ဖြင့် ဖြစ်စေ၊ သိပ်သည်းအောင် ဆောင်ရွက်ရပါသည်။
Plate compactors အပေါ်ယံမြေသားကိုသာသိပ်သည်းကျစ်လစ်မာကြောစေတတ်သောကြောင့်လိုအပ်ပါကပိုမိုကြီးမားသော စက်ကိရိယာများကို အသုံးပြုရန်လိုပါ သည်။
3. Formwork preparation - ပုံစံခွက်၊ ပြုလုပ်တပ်ဆင်ခြင်း။
ကောင်းစွာတည်ဆောက်ထားသောပုံစံခွက်ကောင်းတခုသည် concrete သားကောင်းကောင်းကိုရရှိစေမည်ဖြစ်သည်။
ပုံစံခွက်ကောင်းတခုသည် အတိုင်းအထွာ-ထောင့် (ထောင့်ကျဉ်း ထောင်ကျယ်၊ ထောင့်မှန်) မှန်ကန်ရမည် ဖြစ်သကဲ့သို့၊အနိမ့်အမြင့် မှန်ကန်ဖို့လိုအပ်ပါသည်။ အတိုင်းအတာမှန်ကန်အောင် မှန်ကန်သောပေကြိုးကိုလည်းကောင်း၊ထောင့်ကျဉ်းထောင့် ကျယ်မဖြစ်ရလေအောင် diagonal method ကိုလည်းကောင်း၊အနိမ့်အမြင့်မှန်ကန်အောင် ပေကြိုးကိုလည်း ကောင်း အတိန်းအစောင်းမဖြစ်အောင်ချိန်သီး ရေချိန်ပိုက် ပန်းရံရေချိန်တို့ကိုလည်းကောင်းအသုံးပြုရမည် ဖြစ်ပါသည်။
4. Rebar installation
မိမိသွန်းလောင်သောကွန်ကရစ်သည်ကားလမ်းကဲ့သို့၊ heavy load-bearing structure ဖြစ်ပါကသွန်လောင်းမည့်ကွန်ကရစ်ထဲတွင်rebar ထည့်မည် သို့မဟုတ်wire mesh ထည့်မည်ကိုဆုံးဖြတ်ရပါမည်။
အလေးဝန်ချိန်များစွာထမ်းဆောင်ရန်မလိုအပ်သော ကွန်ကရစ် သွန်းလောင်းမည်ဆိုပါက mesh ဖြစ်စေ rebar ဖြစ်စေထည့်ရန်မလိုပါ။
သို့သော် mesh ကိုဖြစ်စေ rebarကိုဖြစ်စေအသုံးပြုမည်ဆိုပါက ဘာကြောင့်အသုံးပြု ရသည်။ ဘယ်လိုကောင်းကျိုးများရှိသည်၊ဘယ်လို ဆိုးကျိုးများရှိသည်တို့ကို နားလည်သဘောပေါက်ထားရန်လိုအပ်ပါသည်။
Wire mesh သည် ဝရိန်တို့ထားသောကြောင့် ပိုပြီးတည်ငြိမ်ပါသည်။ အက်ကြောင်းငယ်များ၊
မဖြစ်ပေါ်အောင် ကာကွယ်ပေးပြီးဖြစ်ပေါ်လာသော အက်ကြောင်းများကိုလည်း တိုးပွားမလာအောင် ထိန်းသိမ်းစောင့်ရှောက်ပေးပါသည်။
သို့သော်လည်း ကြံ့ခိုင်သည့် structural တခု တည်ဆောက်ဖို့တော့၊ လုံလောက်သော စွမ်းအားမရှိပါ။
Rebar ကတော့၊ load များများကို ထမ်းနိုင်သော structure ရအောင် တည်ဆောက်နိုင်ပါသည်။
သို့သော် ဖြစ်ပေါ်လာသောအက်ကြောင်းများကို သေးငယ်သွားအောင်တော့ rebar ကမစွမ်းဆောင်နိုင်ပါ။
5. Concrete mixing- ကွန်ကရစ်ဖျော်စပ်ခြင်း။
ကွန်ကရစ်ဆိုသည်မှာဘိလပ်မြေ၊သဲနှင့် ကျောက်စရစ် သို့မဟုတ် ချီပင်ကျောက်တို့ကို 1:2:4, 1:3:6 စသဖြင့်အချိုးကြပေါင်းစပ်ရောနှောထားခြင်းဖြစ်ပါသည်။
ထိုသို့ ရောစပ်မွှေသမထားသော အခြောက်စပ်ကို တခုနှင့်တခု တွဲကပ်သွားစေရန် ရေရောထားသော အရောအနှော ဖြစ်ပါသည်။
ရေကို သတ်မှတ်ထားသော အတိုင်းအတာအထိသာထည့်သွင်းရောစပ်ရပါ မည်။
ရေများလျှင်လုပ်ရကိုင်ရလွယ်ကူသွားသော်လည်း ကွန်ကရစ်စွမ်းအားကို ကျ ဆင်းစေပါသည်။
ရေနဲနဲ ဖြင့်ရောစပ်ထားသော ကွန်ကရစ်သည် ကွဲအက်မှုကို ပိုမိုခံနိုင်ပါသည်။
စက်ဖြင့်ဖျော်စပ်သည့်ဖြစ်စေ၊ လက်ဖြင့် ရောစပ်သည်ဖြစ်စေ၊ ပါဝင်ပစ္စည်း များ တသမတ်တည်း ဖြစ်လာသည်အထိ မွှေရန်လိုအပ်ပါသည်။
လက်ဖြင့်ရောစပ်သည့်အခါ သဲနှင့်ဘိလပ်မြေကို ဦးစွာ သမအောင် ရောစပ်ရပါမည်။
ထို့နောက် ကျောက်ထည့် ပြီး ဒုတိယအကြိမ် သမအောင် ရောစပ်ရပါမည်။
ထို့နောက် ရောစပ်ထားသည့် အပုံကို ပြားပြီး၊ ရေပန်းခရား ဖြင့် ရေကို ထည့်ရပါ့မည်။
ထို့နောက် သမအောင် ပြုလုပ်ရပါမည်။
စက်ဖြင့်ရောစပ်သည့်အခါ စက်ကိုလည်ထားပြီး ရေကို အနည်းငယ်လျော့ပြီး ဦးစွာထည့်ရပါသည်။
ထို့နောက် ကျောက်ထည့်ရပါ သည်၊ ထို့နောက်သဲထည့်ရပါသည်။
၎င်းတို့ သမသွားသောအခါ ဘိလပ်မြေထည့်ရပါသည်။
ထို့နောက် ကွန်ကရစ် တသားထဲဖြစ်သွားသည်အထိ ရေကို ချိန်ညှိထည့်ပေးရပါမည်။
6.Concrete puring- ကွန်ကရစ်သွန်းလောင်းခြင်း။
ကွန်ကရစ်လောင်းတဲ့အခါ ရွက်လုံးနဲ့လည်း ငှဲ့ချတတ်ပါသည်။
Bucket နဲ့းမယူလာပြီး ဖွင့်ချတတ်ပါသည်။
Truck မှာပါတဲ့ လျှောဇလားနဲ့လည်း လျှေကျလာတတ်ပါသည်။
Stationary pump နဲ့လည်း "ဝူး" ကနဲ မှုတ်ပြီးလာတတ်ပါသည်။
Boom pump နဲ့လည်း "ဝူး" ကနဲ မှုတ်ပြီးလာတတ်ပါသည်။
ထို့နောက်မြန်မြန်ပြီးအောင် ဂေါ်ချွန်၊အသွားပါသောဆွဲဂျုတ်၊ တံချူ တို့နဲ့ ဆွဲဖြန့်ရပါမည်။
တံချူ ဆိုသည်မှာspreader ဖြစ်ပါသည်။ အကြမ်းအားဖြင့် ညီသွားပြီဆိုပါလျှင် စည်းကမ်းနည်းလမ်းအတိုင်း vibrator ရပါမည်။
Ref : Myanmar Builders Guide
Photo Credit : Slcityrealestate
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties