By The Kumudra, Shweproperty.com
Updated at 15 January 2018
ကြိုပွိုင့်ကွန်ဒို ၊ တိုက်ခန်းတွေ ဝယ်ယူတဲ့အခါမှာ စာချုပ်အများစုက ဝယ်သူနစ်နာစေတဲ့ အချက်တွေ ပါဝင်တာမျိုးရှိတာကြောင့် အချက်အလက် ပြည့်စုံပြီးမျှတတဲ့ စာချုပ်ဖြစ်ဖို့လိုတယ်လို့ သိရတယ်။
ကြိုပွိုင့်စာချုပ်တွေမှာ ကန်ထရိုက်ဘက်က အသာစီးချုပ်ဆိုတာမျိုး အတွေ့ရများတယ်။ ကန်ထရိုက်နဲ့ ဝယ်သူချုပ်ဆိုတဲ့ စာချုပ်တွေမှာ အဆင်သင့်ပြင်ပြီးသား စာချုပ်ကိုပဲ ချုပ်ဆိုတဲ့အတွက် ဝယ်သူနစ်နာရတာတွေ ဖြစ်လာတယ်လို့ သိရတယ်။ စာချုပ်တွေမှာ ဥပမာအရစ်ကျ ငါးရစ်သွင်းပြီး ငွေချေရမယ်လို့ ချုပ်ဆိုထားရင် အဆောက်အအုံဘယ်အချိန်ပြီးမယ်ဆိုတာမျိုး (အချိန်ကာလ) မပါဝင်တဲ့အတွက် သတ်မှတ်ထားတဲ့အတိုင်း သွင်းနေကြရတာမျိုးတွေ ဖြစ်ပါတယ်။
အထက်တန်းရှေ့နေ ဒေါ်သီတာက "အဆောက်အအုံမပြီးသေးလဲ ငွေကိုအရစ်ကျသွင်းနေကြရတာပဲ၊ တချို့တွေဆို ငွေသာကျေသွားတယ်၊ အဆောက်အအုံက မပြီးသေးဘူး၊ မသွင်းဘဲနေရင်လဲ စာချုပ်ကပျက်ပြယ်သွားမှာဆိုတော့ ဝယ်သူကနစ်နာပေမဲ့ သွင်းရတာပဲ၊ အခုနောက်ပိုင်းတော့ ဘယ်အဆင့်ရောက်ရင် ဘယ်လိုအချိုးကျပြီး ငွေကိုပေးသွင်းလာကြတယ်၊ အရင်က ဝယ်သူတွေ အရမ်းနစ်နာ ခဲ့ကြတာတွေရှိတယ်" လို့ ရှင်းပြပါတယ်။
နိုင်ငံခြားကုမ္ပဏီဖြစ်စေ၊ ပြည်တွင်းကုမ္ပဏီဖြစ်စေ ဆောက်လုပ်မယ့်အဆောက်အအုံက တစ်နှစ်ကြာမလား၊ ဘယ်နှနှစ်ကြာမလဲ၊ ပိုင်ရှင်က ဘယ်သူလဲ၊ မြေကိုဝယ်ပြီးဆောက်တာလား၊ ဘယ်နှနှစ်သက်တမ်းလဲဆိုတာတွေ သိရမယ်၊ တကယ်လို့ အဆောက်အအုံက သတ်မှတ်ထားတဲ့ စာချုပ်ပါကာလအတိုင်းမပြီးရင် ဘယ်လိုမျိုးဆိုတဲ့ အချက်တွေ ပါဝင်ဖို့ စာချုပ်တွေမှာ လိုအပ်တယ်လို့ ပြောပါတယ်။
ကြိုပွိုင့်အမှုပြသနာတွေမှာ အများဆုံးတွေ့ရတာက ဆောက်လုပ်ရေးကုမ္ပဏီပေါ် ယုံကြည့်မှုလွန်ကဲပြီး လွယ်လွယ်ကူကူ ဝယ်ယူနေကြ တာကြောင့်ပါ။ စာချုပ်ထဲမှာ မပြည့်စုံတော့ တချို့တွေမှာ အခန်းနေရာတွေ စာချုပ်ထဲကအတိုင်း အဟုတ်တာတွေ ကြုံရတယ်။ တချို့ ကန်ထရိုက်တွေက အဆောက်အအုံအကြမ်းထည်ပြီးသွားလို့ အမိုးမိုးပြီးရင် ပိုက်ဆံကုန်သလောက်ရှိနေပါပြီ။ ဒါတွေကြောင့် ကျန်တဲ့လုပ်ငန်း ပိုင်းတွေကို ပြီးစလွယ်တွေလုပ်ကြတာမျိုးတွေ ရှိတာလို့သိရပါတယ်။
အကျိုးဆောင်ရှေ့နေ ဦးကျော်စွာက "စာချုပ်စာတမ်းကို သေချာမစိစစ်ကြတော့ဘဲ ယုံကြည်မှုလွန်ကဲပြီး လက်မှတ်ထိုးဝယ်ကြတာ၊ ပြသနာဖြစ်မှ စာချုပ်ပိုင်းက မပြည့်မစုံအားနည်းတာတွေ တွေ့ရတယ်၊ ဝယ်သူတွေဘက်က နစ်နာမှုတွေကိုကြည့်ရင် စာချုပ်တွေကို ခိုင်မာပြီးပြည့်စုံအောင် မလုပ်ခဲ့ကြလို့ပဲ" လို့ ပြောပါတယ်။
ဘယ်စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ် ကြော်ငြာကောင်းတိုင်း အလွယ်တကူမယုံဖို့လိုအပ်တယ်။ စာချုပ်စာတမ်းတွေကိုလည်း ရောင်းသူပြင် ဆင် ထားတဲ့အတိုင်း လက်မှတ်ထိုးပေးတာမျိုးမဟုတ်ဘဲ ဝယ်သူက မိမိအတွက်ပြည့်စုံပြီး နစ်နာမှုမရှိစေနိုင်တဲ့ အချက်တွေ ပါဝင်သင့်တယ်လို့ သိရပါတယ်။
Ref : The Kumudra
Photo Credit : geniusbeauty
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties