By U Kyaw Zay Ya (Law), Shweproperty.com
Updated at 26 March 2018
စာချုပ်များ ချုပ်ဆိုကြရာတွင် အသိသက်သေသည် မပါမဖြစ် ပါရှိရမည့် ကိစ္စရပ်ဖြစ်ပါသည်။ ကတိပြုသူ၊ ကတိရသူများအပြင်အသ်ိသက်သေများပါ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးကြရပါသည်။
အဆိုပါ အသိသက်သေများသည် ကတိပြုသူ၊ ကတိရသူတို့၏ကတိပြုချက်၊ သဘောတူညီချက်၊ အာမခံချက်၊ စည်းကမ်းချက် စသည်တို့ကို အမှန်တကယ် သိရှိထားဖို့ လိုအပ်ပါသည်။
“အောက်ပါ အသိသက်သေများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုး ချုပ်ဆိုကြပါသည်။” ဟူ၍ စာချုပ်များပေါ်တွ င် ဖော်ပြပါရှိလေ့ရှိပြီး နှစ်ဘက် လက်မှတ်ရေးထိုးကာ အသိသက်သေများ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည် ဖြစ်သော်လည်း ပြဿနာများပေါ်ပေါက်၍အသိသက်သေများကို စစ်ဆေးမေးမြန်းသော အခါတွင်မူ သက်သေအဖြစ် ရေးထိုးခဲ့သော စာချုပ်ပါအချက်များကိုပြန်လည် ပြောပြနိုင်သည့် အသိသက်သေမျိုးမှာ အတော်ပင် ရှားပါးတတ်ပါသည်။
# အချို့က မိမိ ရေးထိုးခဲ့သည့် လက်မှတ်ကို ပြန်ကြည့်ကာ မိမိလက်မှတ် ဟုတ် မဟုတ်၊ မိမိရေးထိုးခဲ့ခြင်း ဟုတ် မဟုတ် ဇဝေဇဝါဖြစ်နေတတ်ကြပါသည်။
#အချို့ကလည်း သက်သေအဖြစ် မိမိလက်မှတ်ရေးထိုးခဲ့သည် မှန်သော်လည်း စာချုပ်ပါအချက်များကို မသိကြောင်း ပြောပါသည်။
#သက်သေအဖြစ် လက်မှတ်ထိုးဆို၍ ရေးထိုးပေးခဲ့ခြင်းသာ ဖြစ်ပါသည်ဟု အချို့ကလည်း ဆိုပါသည်။
# အချို့ကမူ စာချုပ်တွင် အသိသက်သေအဖြစ် လက်မှတ်ရေးထိုးပေးခဲ့သည် မှန်သော်လည်း စာချုပ်ကို မိမိ မဖတ်ကြည့်ကြောင်း၊သက်သေအဖြစ် အကူအညီပေးသည့်အနေဖြင့် ရေးထိုးပေးခဲ့ခြင်း သာဖြစ်ကြောင်း ပြောဆိုပါသည်။
# မိမိကိစ္စ မဟုတ်၍ မမှတ်မိဟု ပြောသူကလည်း ပြောပါသည်။ စာချုပ်နှင့်ပတ်သက်၍ မသေချာ မရေရာသော ထွက်ဆိုချက်များကိုသာ ပြောဆိုပြီး စာချုပ်ပါအချက်များနှင့် ပတ်သက်၍ တိတိကျကျ မပြောနိုင်၊ မဖြေနိုင်သည်ကိုဆင်ခြေအမျိုးမျိုးပေး ဖြေရှင်းတတ်ကြပါ သည်။၎င်းတို့အား အပြစ်မဆိုသာဟု ဆိုရပါမည်။ အဘယ်ကြောင့်ဆိုသော် – ၎င်းတို့အနေဖြင့် လူမှုရေးအရ အကူအညီပေးသည့် သဘောဖြင့် ပါဝင်လာခဲ့ခြင်းဖြစ်သောကြောင့် ဖြစ်ပါသည်။
စာချုပ်ချုပ်ရာတွင်
#အမှန်တကယ် ကြပ်မတ်ဆောင်ရွက်ရမည့်သူမှာ စာချုပ်ချုပ်ဆိုပေးသူ အကျိုးဆောင် (သို့မဟုတ်) ကာယကံရှင်များ ဖြစ်သည်ဟု ဆိုရပါမည်။
# ဥစ္စာရင်လို ဥစ္စာရင်ခဲ သက်သေများကို တကူးတကန့် အကူအညီတောင်းဖို့ လိုအပ်ပါသည်။
# စာချုပ်ချုပ်ရသည့်ကိစ္စရပ်များကို စာချုပ်မချုပ်မီ ရှင်းလင်းပြောပြဖို့ လိုအပ်ပါသည်။
# စာချုပ်တွင် လက်မှတ်မရေးထိုးမီ စာချုပ်ကိုအရင်ဖတ်စေခြင်း (သို့မဟုတ်) ဖတ်ပြခြင်းများ ရှိသင့်သည်ဟု ဆိုရပါမည်။ ကာယကံရှင်များ သဘောတူချုပ်ဆိုသည့် အချက်များကို သိရှိသဘောပေါက်ပြီးနောက် လက်ခံသောအခါတွင်မှ အသိသက်သေနေရာတွင်ပါဝင် လက်မှတ်ရေးထိုးစေသင့်ပါသည်။ ထို့ပြင် အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးပေးသူအား ထိုက်သင့်သောချီးမြှင့်မှုကိုလည်း ပြုရန် ဝန်မလေးသင့်ဟု အကြံပြုလိုပါသည်။
အဘယ်ကြောင့်ဆိုသော်
တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်လာသောအခါ ကြုံကြိုက်သက်သေတစ်ဦး၏ ထွက်ဆိုချက်သည် လွန်စွာတန်ဖိုးနည်းပါးသောကြောင့် ဖြစ်ပါသည်။
သို့ဖြစ်ရာ စာချုပ်ချုပ်ပြီဆိုမှဖြင့် ချုပ်ရကျိုးနပ်စေရန် တိတိကျကျ ထိထိမိမိ အဖြေရှိနိုင်ရန် ဖြစ်သလို ကြုံသလို မလုပ်မိကြဖို့၊ မချုပ်မိကြဖို့ တိုက်တွန်းရပေသည်။
“အောက်ပါ အသိသက်သေများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုး ချုပ်ဆိုကြပါသည်။” ဟူ၍ စာချုပ်များပေါ်တွင် ဖော်ပြပါရှိလေ့ရှိပြီး နှစ်ဘက်လက်မှတ်ရေးထိုးကာ အသိသက်သေများ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည် ဖြစ်သော်လည်း ပြဿနာများပေါ်ပေါက်၍ အသိသက်သေများကို စစ်ဆေးမေးမြန်းသော အခါတွင်မူ သက်သေအဖြစ် ရေးထိုးခဲ့သော စာချုပ်ပါအချက်များကိုပြန်လည် ပြောပြနိုင်သည့် အသိသက်သေမျိုးမှာ အတော်ပင် ရှားပါးတတ်ပါသည်။
# အချို့က မိမိ ရေးထိုးခဲ့သည့် လက်မှတ်ကို ပြန်ကြည့်ကာ မိမိလက်မှတ် ဟုတ် မဟုတ်၊ မိမိရေးထိုးခဲ့ခြင်း ဟုတ် မဟုတ် ဇဝေဇဝါ ဖြစ်နေတတ်ကြပါသည်။
# သက်သေအဖြစ် လက်မှတ်ထိုးဆို၍ ရေးထိုးပေးခဲ့ခြင်းသာ ဖြစ်ပါသည်ဟု အချို့ကလည်း ဆိုပါသည်။
#အချို့ကမူ စာချုပ်တွင် အသိသက်သေအဖြစ် လက်မှတ်ရေးထိုးပေးခဲ့သည် မှန်သော်လည်း စာချုပ်ကို မိမိ မဖတ်ကြည့်ကြောင်း၊သက်သေအဖြစ် အကူအညီပေးသည့်အနေဖြင့် ရေးထိုးပေးခဲ့ခြင်းသာဖြစ်ကြောင်း ပြောဆိုပါသည်။
# မိမိကိစ္စ မဟုတ်၍ မမှတ်မိဟု ပြောသူကလည်း ပြောပါသည်။
စာချုပ်နှင့်ပတ်သက်၍ မသေချာ မရေရာသော ထွက်ဆိုချက်များကိုသာ ပြောဆိုပြီး စာချုပ်ပါအချက်များနှင့် ပတ်သက်၍ တိတိကျကျ မပြောနိုင်၊ မဖြေနိုင်သည်ကို ဆင်ခြေအမျိုးမျိုးပေး ဖြေရှင်းတတ်ကြပါသည်။
၎င်းတို့အား အပြစ်မဆိုသာဟု ဆိုရပါမည်။ အဘယ်ကြောင့်ဆိုသော် – ၎င်းတို့အနေဖြင့် လူမှုရေးအရ အကူအညီပေးသည့် သဘောဖြင့် ပါဝင်လာခဲ့ခြင်းဖြစ်သောကြောင့် ဖြစ်ပါသည်။ စာချုပ်ချုပ်ရာတွင် # အမှန်တကယ် ကြပ်မတ်ဆောင်ရွက်ရမည့်သူမှာ စာချုပ်ချုပ်ဆိုပေးသူ အကျိုးဆောင် (သို့မဟုတ်) ကာယကံရှင်များ ဖြစ်သည်ဟု ဆိုရပါမည်။
# စာချုပ်တွင် လက်မှတ်မရေးထိုးမီ စာချုပ်ကိုအရင်ဖတ်စေခြင်း (သို့မဟုတ်) ဖတ်ပြခြင်းများ ရှိသင့်သည်ဟု ဆိုရပါမည်။
ကာယကံရှင်များ သဘောတူချုပ်ဆိုသည့် အချက်များကို သိရှိသဘောပေါက်ပြီးနောက် လက်ခံသောအခါတွင်မှ အသိသက်သေနေရာတွင် ပါဝင် လက်မှတ်ရေးထိုးစေသင့်ပါသည်။ ထို့ပြင် အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးပေးသူအား ထိုက်သင့်သော ချီးမြှင့်မှုကိုလည်း ပြုရန် ဝန်မလေးသင့်ဟု အကြံပြုလိုပါသည်။
တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်လာသောအခါ ကြုံကြိုက်သက်သေတစ်ဦး၏ ထွက်ဆိုချက်သည် လွန်စွာတန်ဖိုးနည်းပါးသောကြောင့် ဖြစ်ပါသည်။ သို့ဖြစ်ရာ စာချုပ်ချုပ်ပြီဆိုမှဖြင့် ချုပ်ရကျိုးနပ်စေရန် တိတိကျကျ ထိထိမိမိ အဖြေရှိနိုင်ရန် ဖြစ်သလို ကြုံသလို မလုပ်မိကြဖို့၊ မချုပ်မိကြဖို့ တိုက်တွန်းရပေသည်။
Ref : U Kyaw Zaya (Law)
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties