By Mahar, Shweproperty.com
Updated at 31 August 2020
အိမ်တစ်လုံးမှာ အခန်းတွေကအရေးကြီးပါတယ်။အခန်းတွေကို ဆွဲဆောင်မှုရှိတဲ့ဆေးရောင်တွေနဲ့ ချယ်မှုန်းသင့်ပါတယ်။အိမ်ရောင်းသူအနေနဲ့ အရောင်းအဆင်ပြေပြီး ဆွဲ့ဆောင်မှုရှိအောင်မိမိရောင်းမယ့် အိမ်က အခန်းတွေကို ကံကောင်းမယ့် ဆေးရောင်တွေ ချယ်သဖို့ လိုပါတယ်။
လူတိုင်းမှာ မွေးလအလိုက် ဘယ်နေရာမှာမဆို ပိုမိုရွေးချယ်အသုံးပြုသင့်တဲ့ ကံကောင်းစေမယ့် အဆောင်အရောင်လေးတွေ ရှိပါတယ်။အိမ်ကို ဆေးသုတ်မယ်ဆိုရင်တော့ အိမ်မှာ သုတ်မယ့် ဆေးအရောင်ကို ထွေထွေထူးထူး စဉ်စားနေဖို့ မလိုတော့တဲ့အပြင် ကံကောင်ခြင်းတွေလည်း ဖြစ်ပေါ်စေမှာပါ။
ကဲ မွေးလအလိုက် သုတ်သင့်တဲ့ ဆေးရောင်လေးတွေကတော့ သင်ဟာ …ဇန်နဝါရီလမှာ မွေးဖွားတဲ့သူဆိုရင်တော့ အနက်ရောင်၊အညိုရောင်၊မီးခိုရောင် အစရှိတဲ့ အမှောင်ဘက်သွားတဲ့ အရောင်မျိုးကို ရွေးချယ်သင့်ပါတယ်။သင်ဟာ Black Crazy တစ်ယောက်ဖြစ်မယ်ဆိုရင်တော့ ဒီအိမ်ခန်းအရောင်ကို အကြိုက်တွေ့စေမှာပါ။
ဖေဖော်ဝါရီလမှာ မွေးဖွားသူဆိုရင်တော့ မီးခိုးရောင်၊ အစိမ်းရောင်၊ နက်ပြာရောင်တို့ကို ကြက်သွေးရောင်ဖြင့် အလှဆင်နိုင်ပါတယ်။ဒီအရောင်တွေ သုံးပြီး အလှဆင်တာ၊ ဆေးသုတ်တာနည်းတာကြောင့် အမြင်ကို ဆန်းသစ်စေမှာတော့ အမှန်ပါ။
မတ်လမှာ မွေးဖွာသူဆိုရင်တော့ အပြာနုရောင်၊ပန်းနုရောင်၊ အဝါရောင်၊ အစိမ်းရောင်တို့ကို ရွေးချယ်သုံးစွဲနိုင်ပါတယ်။ အနက်ရောင်ကိုတော့ အထူးရှောင်ကြဉ်သင့်ပါတယ်။
ဧပြီလမွေးဖွားသူများကတော့ ပန်းရောင်၊ အနီရောင်၊ ကြက်သွေးရောင်တို့ကို သုတ်ပေးနိုင်ပါတယ်။ အနက်ရောင်နဲ့ မှောင်တဲ့အရောင်တွေကို အတက်နိုင်ဆုံး ရှောင်ရှားကာ သုတ်ပါ။
မေလတွင် မွေးဖွားသူများရွေးချယ်သင့်တဲ့ အကောင်းဆုံးအရောင်ကတော့ အပြာရောင်၊ ပန်းရောင်၊ အဖြူရောင်၊ အစိမ်းနုရောင်တို့ပဲ ဖြစ်ပါတယ်။
ဇွန်လမှာ မွေးဖွားသူဆိုရင်တော့ အဖြူရောင်၊ ငွေမှင်ရောင်၊ အဝါနုရောင်၊ ဆင်စွယ်ရောင်တို့ကို ရွေးချယ်ကာ သုတ်ပေးသင့်ပါတယ်။
ဇူလိုင်လမှာ မွေးတဲ့သူတွေကတော့ လိမ္မော်ရောင်၊ အစိမ်းနုရောင်၊ ဖက်ဖူးရောင်၊ နို့နှစ်ရောင်နှင့် တလက်လက်တောက်ပသော ငွေရောင်တို့ကို သင့်အိမ်ရဲ့ ဆေးရောင်အဖြစ် အထူး ရွေးချယ်ပေးသင့်ပါတယ်။
သြဂုတ်လမှာ မွေးဖွားသူများကတော့ နံ့သာရောင်၊ အဝါရောင်၊ လိမ္မော်ရောင်တို့ကို သုတ်ပေးပြီး အနက်၊အညိုတို့ကို ရှောင်ကြည်ပါ။
စက်တင်ဘာလမှာမွေးဖွားသူများကတော့ အနက်ရောင်ကို ရှောင်ရှားကာ ဆင်စွယ်ရောင်၊ အဝါရောင်၊ နံ့သာရောင်၊ အစိမ်းနု၊ အပြာနုတို့ကို သုံးကာ ဆေးရောင်လှလှ သုတ်နိုင်ပါတယ်။
အောက်တိုဘာလမှာ မွေးဖွားသူများကတော့ တောက်ပ၊ထည်ဝါသော အရောင်များထက် ကြိုက်နှစ်သက်ရာအရောင်အနု၊အဖျော့များကိုသာ သုတ်ပြီး အလှဆင်ပါ။
နိုဝင်ဘာလမှာမွေးတဲ့သူတွေကတော့ အရောင့်ရင့်ကြိုက်သူဆို အနီရောင်၊ ကြက်သွေးရောင် အရောင်ခပ်စိုစိုကြိုက်သူတွေကတော့ အဝါရင့်၊ အပြာရင့်တို့ကို ရွေးချယ်ပါ။
ဒီဇင်ဘာလအတွင်း မွေးဖွားသူတွေကတော့ အဝါအရင့်၊ အနု၊ ဆင်စွယ်ရောင်၊ အဖြူရောင်တို့ဖြင့် ဆေးသုတ်အလှဆင်နိုင်ပါတယ်။
အိမ်ဆေးရောင်ကို ဘာရောင်သုတ်မလဲ စဉ်းစားရခက်နေတယ်ဆိုရင်တော့ မွေးနံအတိုင်း သုတ်ကြည့်လိုက်ပါနော်။
Written By : Mahar (ShweProperty.com)
Photo Credit : westend61
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties