By Win Naing Soe, Shweproperty.com
Updated at 15 February 2019
စီးပါွးရေသမားများ အလုပ်လုပ်ရာ တွင် မိမိလုပ်သော လုပ်ငန်း ဘယ်လောက်အတိုးကိုက်သလဲ ဆိုတာကို ပေသီး ပြန်ခေါက်ကြပါ တယ်။ ဥပမာ ၃ ကျပ်တိုးလား? ၅ ကျပ်တိုးလာ? ၁၀ကျပ်တိုးလား? သူများဆီမှ ငွေ မချေးပဲ ကိုယ်ပိုက်ဆံနှင့် ကိုယ်လုပ်သော်လည်း မိမိလုပ်ငန်း အတိုးဘယ်လောက်ကိုက်လဲဆိုတာ လချုပ် နှစ်ချုပ် တွက်ကြပေသည်။ တွက်ဘို့လဲလိုပါသည် ဒါမှလဲ မိမိ လုပ်ငန်း တိုးတက်မူ့ဆုတ်ယုတ်မူ့ သိနိုင်ပါသည်။ တချို့စနစ်မကျသော လုပ်ငန်းရှင်များ က ok ok နဲ့ အချိန် တန်သော မok ဘဲ ပြုတ်သွားပါတော့သည်။ ဘာဖြစ်လို လဲဆိုတော့ စနစ်တကျ တလတခါ တနှစ်တခါ စာရင်းမချုပ်လို့ပါ။ စာရင်းပြန် ချုပ်ခြင်း အားဖြင့် အရူံးအမြတ် ကိုဦးစွာ သိရပါလိမ်မည်။ ok မြတ်ပါ တယ် နောက်တဆင့် ဘယ် အတိုးနဲ့ ကိုက်ပါသလဲ? ၂၀ တိုးလောက် ကိုက်ရင် okပါတယ်။ ၃ကျပ် တိုးကိုက်ရင် သိပ်မကောင်းဘူးပေါ့။ ကိုယ်ငွေလိုလို့ လှယ်ရင် ရွှေ အပေါင်လေးပေးမှ ၃ကျပ်တိုးနဲ့ ဆွဲလို ရမှာကိုး ဒီတော့ ၃ကျပ်တိုး နဲ့ ကိုက်ရင် အရင်းပဲ အပေါင်ဆိုင်ကို လုပ်ကျွေးလိုက်တာပဲလို့သတ်မှတ်ပါတယ်။ အခု နောက်ပိုင်းမှာတော့ ဘဏ်တိုး (ဘဏ်ငွေအပ်ထားရင် ဘဏ်ကပေးသော အတိုးနှုန်း) တောင် သိပ်မကိုက်ခြင်ဘူး ဟု ငြီးတဲ့သူများပါသည်။ တကယ်လဲ အဲ့ဒီလို ဖြစ်နေကြပါသည်။
မြေကွက် ရောင်းဝယ် လုပ်နေသူ ရဲ့စကား သူဟိုတလောက နေရာတခု မှာ ၈၀×၈၀ မြေကွက် တကွက် ကို ၂၄၀၀ သိန်း နဲ့ ဝယ်လိုက်ပါတယ်။ အခုခြောက်လ လောက်ကြာ တော့ သိန်း၂၅၅၀ လာပေးပါတယ်။ ကျွန်တော်က " မင်းထောပြီ " ဆိုတော့ "ဘယ်ကထောရမှာတုန်း ရူံးနေတာ" " ဟေ" ဆိုတော့ သူက စိတ်ရှည်လက်ရှည် တွက်ပြပါတယ်။ သူ့မိတ်ဆွေ ဆီမှာ ထားရင် ၁ကျပ် ၂၅ပြား အတိုးရကြောင်း သိန်း၂၄၀၀ ကို ခြောက်လထားရင် အတိုးရပုံတွက်ပြပါတယ်။ ပထမလ သိန်း၂၄၀၀ မှာ ရရှိသော အတိုး သိန်း ၃၀ ရပါတယ် ဒုတိယလ သိန်း ၂၄၃၀ မှာ အတိုး သိန်း၃၀.၃၇ ရပါတယ် တတိယလ သိန်း ၂၄၆၀.၃၇ မှာ အတိုး သိန်း ၃၀.၇၅ စတုထ္တလ သိန်း ၂၄၉၁.၁၂ အတိုး သိန်း ၃၁.၁၃ ပဉ္စမလ သိန်း ၂၅၂၁.၂၅ အတိုး သိန်း ၃၁.၅၁ ဆဋ္ဌမလ သိန်း ၂၅၅၁.၇၆ အတိုး သိန်း ၃၁.၈၉ ခြောက်လ အပ်ပြီ ရရှိမဲ့ တိုးရင်းပေါင်း သိန်း ၂၅၈၃.၆၅ ဖြစ်ပါတယ်။
"အဲ့ဒီတော့ လက်ရှိ ရတဲ့ဈေးက ၃၃ သိန်းလောက် ရူံးနေကြောင်း ဒါတောင် အတိုးနှုန်းကို ၁ကျပ် ၂၅ပြား နှုန်းနဲ့သာ တွက် ထားကြောင်း တကယ်လို အပြင်မှာ ၃ကျပ်တိုး နဲ့ ယူပြီး ဝယ်ထားတာ ဆိုရင် အရူံး ပြနေပြီ ဖြစ်ကြောင်းရှင်းပြတော့ နားထောင်ရင်း ကျွန်တော် တကိုယ် လုံး ချွေးတွေ ပြန်လာလို့ သူငယ်ချင်းက တစ်ရူးပေပါ ဆွဲထုတ်ပေး ပြီး " ဟာ မင်းဘယ်လိုဖြစ်တာလဲ ချွေးတွေ အရမ်းထွက်နေပါလား? " သူနဲ့ လမ်းခွဲပြီး အတိုးနှုန်း ရဲ့ လုပ်ငန်းပေါ် အကျိုးသက်ရောက်မူ့ ကို စဉ်းစားရင် ချွေးတွေ ထပ်ထွက်လာပါတယ်။ လက်လီဆိုင်များ နဲ့ အတိုးနှုန်း ဆိုင်ခန်း တခန်းကို တလ ၆သိန်း နဲ့ သိန်း၂၀၀ ရင်းပြီး လက်လီဆိုင် ဖွင့်တယ် ဆိုကြပါစို့။
ရောင်းကောင်းမကောင်းကောင်း တတနေ့ ပုံမှန်ထွက် မဲ့ စာရိတ် တွက်ကြည့်ရအောင်
(1) မိတ်ဆွေ လုပ်အားခကို ၈၀၀၀ သတ်မှတ်ကြစို့ (2) အလုပ်သမား နှစ်ယောက် နေ့စားခ 5000×2= 10000ကျပ် (3) ရေဘိုးမီးဘိုး တရက် 3000 ဘဲထားကျစို့ (4) ထမင်းဟင်းစာရိတ် 12000 ဘဲထားကျစို့ (5)ဆိုင်ခန်းဌားခ တရက် 20000 (6) အရင်း သိန်200 ကို 3ကျပ် တိုး နဲ့တရက်ပေးရမဲ့အတိုး 20000 (7) စည်ပင် အမိူက်ခွန် 1000
သာရေး နာရေး ကျန်မာရေး ပညာရေးစာရိတ်များ ထည့် မတွက်တော့ပါဘူး။ မိမိရောင်းတဲ့ ကုန်ပစ္စည်းများ အလေအလွင့် ထည့် မတွက်တော့ပါဘူး။ ဒီစာရိတ်တွေ က တယောက်နဲ့ တယောက် ကုန်ကျစာရိတ် မတူနိုင်ပါဘူး။ ကိုယ်ဟာကိုယ် ထည့်ပေါင်းကြပါ။ အဲ့ဒီတော့ တနေ့ရောင်းကောင်းကောင်း မကောင်းကောင်း မိတ်ဆွေရဲ့ ထွက်ငွေက 74000 ကျပ် ရှိပါတယ်။ ဒီနေ့ မိတ်ဆွေ အရောင်းအဝယ်လုပ် လို အမြတ်ငွေ 50000 ဆိုရင် မိတ်ဆွေ 24000 အနှုတ်ပြသွားပါပြီ။ အရောင်း အဝယ်က ဒီနေ့ ကောင်း တယ် မနက်ဖြန် မကောင်းဘူး ဆိုတဲ့သဘောရှိပါတယ်။ ဒီတော့ လချုပ်နဲ့ပြန်ဖမ်းရပါတယ်။ ရက် 30 ပဲ သတ်မှတ်ကျစို့။ တလ မိတ် ဆွေရဲ့ သေချာတဲ့ ထွက်ငွေက 2220000 ကျပ်ပါ။ မိတ်ဆွေရဲ့ အမြတ်က သိန်း 40 ဆိုရင် ဒီလ 17.8 မြတ်ပါတယ်။ သာရေးနာရေး ပညာရေး ကျန်းမာရေး မော်တော်ကားဆီ ဘိုး နုတ်လိုက်ရင် ရူံးတောင် ရူံးမလားပဲ။
တချို့ လက်လီဆိုင်များ က ပစ္စည်းဈေးကို % အသေ တင် ရောင်းတဲ့ သူတွေ အတွက် ဖော်မြူလာချကြည့်ရအောင် ဆိုပါစို့ မိတ်ဆွေက ပစ္စည်း အားလုံးကို 10% တင်ထားတယ်ပေါ့။ မိတ်ဆွေ ထွက်ငွေ ကာဘာဖြစ်ဘို့ မိတ်ဆွေရောင်းရငွေဟာ အနဲဆုံး တစ်သိန်း ကို တစ်သောင်းမြတ်တော့ အနဲဆုံး ရောင်ရငွေ က 780000ဘိုးရှိမှ မိတ်ဆွေ အရင်းရမှာဆို တဲ့ အသိလေး ထည့်ထားလိုက်ရုံပါပဲ။ ရှင်းပါတယ်နော်။
ရွှေ ဝယ်ရောင် နဲ့ပတ်သက်လို့ပြောကြည့်ရအောင် ဆိုကြပါစို့ မိတ်ဆွေ သိန်း210 ရင်းပြီး ရွှေသုံး တုံ ဝယ်လိုက်တယ်ပေါ့ဗျာ။ ရွှေဈေးက တစ်တုံးကို သိန်း70ပေါ့ ။ ရွှေ ကစားရင် ရွှေနဲ့ပဲ အရင်းသတ်မှတ်တာ အရှင်းဆုံးနဲ့ အမှန်ဆုံးပါ။ တချို့လဲ ယာယီဝင်ကစားသူက အရင်းကို မြန်မာကျပ် သော်လည် ကောင်း ဒေါ်လာနဲ့သော်လည်းကောင်း သတ်မှတ်ကျပါတယ်။
(1) ရွှေနဲ့ သတ်မှတ်ရင် ရွှေ 3 တုံး (2) မြန်မာငွေနဲ့ သတ်မှတ်ရင် ကျပ် သိန်း 210 (3) ဒေါ်လာနဲ့သတ်မှတ်ရင် 1200 ပဲ သတ်မှတ်ကျစို့
ဒေါ်လာ $ 17500 ဒီရွှေ သုံးတုံး ကို အရင်းပြုပြီး အရောင်း အဝယ် လုပ်ရာ တလပြည့်တဲ့ အချိန်မှာ ရွှေဈေးက 780000 ဈေးဖြစ်ပြီး ဒေါ်လာ ဈေးက ၁၂၃၀ ဖြစ်နေသည် ဆိုကြပါစို့
(1) မိတ်ဆွေ လက်ထဲမှာ ရွှေသုံးတုံး နဲ့ အမြတ်ငွေ ကျပ် 5 သိန်း ဆိုရင် မိတ်ဆွေ သေချာတဲ့ ၅သိန်း မြတ်သွားပါပြီ။
(2) မိတ်ဆွေလက်ထဲ မှာ ကျပ် 225 သိန်း ငွေသားချည်းပဲ ကျန်တယ် ဆိုရင် မိတ်ဆွေ ငွေသား 15 သိန်း အမြတ်ပြသော်လည်း ရွှေ နဲ့ တွက်ရင် ကျပ် 14 သိန်း အရူံး ပေါ်သွားပါပြီ။
(3) မိတ်ဆွေ လက်ထဲမှာ ဒေါ်လာ $ 18200 ကျန်ခဲ့ရင် ဒေါ်လာ အနေနဲ့ ပြောရင် 700 မြတ်သော်လည်း ရွှေ သုံးတုံး နဲ့ ပြန်တွက် ရင် ဒေါ်လာ $ 520 အရူံးပြနေပါပြီ။
(4) အတိုးနှုန်းနဲ့ တွက်ရင် 1.25 အတိုးနဲ့တွက်ရင် သိန်း210 တလ ပြည့်တဲ့ အချိန်မှာ ရမဲ့ တိုးရင်းပေါင်း 21262500 ရမှာပါ။ အတိုးနှုန်းအခြေခံပြီး အမြတ်ပြန်တွက်ကြည့်ကြစို့
(1) ရွှေအခြေခံတဲ့သူက 2637500ကျပ်မြတ်ပါတယ်။ (2) ကျပ်ငွေ အခြေခံတဲ့သူက 1237500ကျပ်မြတ်ပါတယ်။ (3) ဒေါ်လာအခြေခံ တဲ့သူက 1487500 ကျပ်မြတ်ပါတယ်။
ဒီအပင်မှာ ရွှေဝင်ကစားသူ သုံးဦး လုံး အတိုးပေးစားသူနဲ့ စာရင် okပါတယ်။ တကယ်လို့များ ရွှေဈေး ငွေလွှဲ နှုန်း ဂျွမ်းပြန်ကျလာရင် အတိုးပေးစား တဲ့သူက ရီနေမှာပါ။ ဆိုကြပါစို့ ရွှေဈေး 670000 နဲ့ ဒေါ်လာဈေး 1150 ဖြစ်ခဲ့ရင် ရွှေဝင်ကစားသူ သုံးဦး စလုံး မြန်မာကျပ်ပြန်လဲရင် အရူံးပေါ်နေပြီ အတိုးပေးစားသူက စင်ပေါ် ရောက်သွားပါတယ်။ မြန်မာ ကျပ်မာလာတဲ့သဘောပါ။ ဒီအဖြစ် အပျက်ကနေ "သီအိုရမ်" ထုတ်ကြည့်ရင် ရွှေဈေ ငြိမ်တဲ့ အကျဘက်ကို ဦးတည်နေရင် မြန်မာငွေ မာလာရင် " အတိုးပေးစား" တာကိုက်ပါတယ်။ တကယ်လို့ ရွှေဈေး တက်ရိပ်ပြတဲ့ အချိန် မြန်မာ ငွေ ပျော့လာတဲ့ အချိန် မှာ ရွှေ ဝင်ကစားတာ ပိုအကျိုးရှိပါတယ်။ အကျိုးအမြတ်က ဘာမှ မဆိုင်ပါဘူး။
ခုန အဖြစ်အပျက် ကနေပြီး ကျပ်ငွေ နှင့် ဒေါ်လာ အခြေခံတဲ့သူ နှစ် ယောက်က ရွှေသုံးတုံး ပြန်မဝယ် နိုင်သော်လည်း နီးစပ်ရာ ဘဏ်မှာ ပြန်အပ်ပြီး အတိုးနှုန်းလိူင်း ပြန်စီးရင် ရွှေဈေးအကျ ကို ကျားချောင်း ပြန်ချောင်းပြီ အဝယ်မှန်ရင် ပြန်မြတ်ကျပါသေးတယ်။ ကမ္ဘာရွှေဈေး က တက်လိုက်ကျလိုက် အမြဲဖြစ်နေတာကိုးဗျ။ Good will နဲ့ Intellectual property ဘက်တွေမှာ ရင်းနှီ မြိူတ်နှံ လုပ်ကိုင်တာဟာ အင်မတန် ကောင်းပါတယ်။ နိုင်ငံတော် အစိုးရကလည်း အားပေးမှာပါ။
ကမ္ဘာ မှာ ဒုတိယ အချမ်းသာဆုံးဖြစ်တဲ့ မစ္စတာ ဝါရင့် ဘတ်ဖတ်(စာလုံးပေါင်းမှားရင် ခွင့်လွှတ်) ကပြောပါတယ်။ " သူဘယ်တော့မှ ရွှေ မှာရင်းနှီးမြူတ်နှံ မူ့ မလုတ်ဘူး လယ်မြေမှာရင်းနှီး မြိူတ်နှံရင် အမေရိ ကန်လယ်သမားတွေ အလုပ်ရမည်ပေါ့" မြန်မာ့ရွှေပေါ်မှာ အဓိက အကျိုးသက်ရောက်မူ့ 2 ချက်ရှိပါတယ်။ ကမ္ဘာရွှေဈေး ရယ် မြန်မာ့ ငွေလဲနှုန်း ရယ်ရှိပါတယ်။ ကမ္ဘာရွှေဈေးက မည်သူမှ control မရပါ။ သူဟာသူ float ဖြစ်နေမှာပါ။ inflation က တော့ ကျွန်တော်တို့ ငွေမာတာပျော့ တာနဲ့ တိုက်ရိုက် ဆက်နွယ်နေပါတယ်လို့ထင်ပါတယ်။ ဆရာပြောသလို ကုန်ဈေးနှုန်းဖောင်းပွတဲ့ သဘောက မြန်မာငွေပျော့လို့ ပါ။ အရင် က အစိုးရ ဝန်ထမ်း လစာတိုးတယ်ဆိုရင်ပဲ အပြင်ဈေးကွက်မှာ ကျွန်တော်တို့ ငွေကပျော့လာတတ် ပါတယ်။
ဒီ factor တခုက မြန်မာ့ရွှေဈေးကို မြင့်စေပါ တယ်။ ဆရာ ပြောသလိုပါပဲ အတိုးနှုန်းထက်စာရင် အဓိက အကျိုးသက်ရောက်မူ့က infation ပါ။ မျော်လင့်မထားတဲ့ ကုန်ဈေးနှုန်း ဖောင်းပွမူ့ကဖြစ်တတ်ပါတယ်။ ငွေလွှဲနှုန်းကို ကြိုးချည် ထားနိုင်ပေမဲ့ အများပြည်သူစားတဲ့ ပြည်တွင်း ဆန်ဈေးနှင့် အခြေခံ စားသောက်ကုန်က မမျှော်လင့်ပဲ ခုန်တက်တာမျိုး ဖြစ်တတ်ပါတယ်။ ကျွန်တောတို့ အင်ဂျင်နီယာတွေ စက်ပစ္စည်းတွေ နဲ့ လုပ်ငန်းတည် ဘို့လုပ်တဲ့ အခါ ဒီစက်ပစ္စည်းတွေရဲ့ အရင်းကျေ ကာ လတခုကိုတွက်ရပါတယ်။ အဲ့ဒီမှာ ဒီစက်ပစ္စည်းတွေရဲ့ တန်ဘိုးလျှောကျ မူ့ဆိုတာကို ထည့်သွင်းတွက်ချက် ရပါ တယ်။ ဆိုကျပါစို့ စက်အသစ် တန်ဘိုးက ၁၀၀၀ကျပ် ဆိုပါစို့ နောက်နှစ်မှာ ဒီစက်က ၉၀၀ ကျပ်ပဲတန်ပါတယ်။
ဆိုလိုတာ long term investment မှာ အရင်ဆုံး ဦးစားပေး တွက်ရတာ က "အရင်းကျေကာလ" တခု အရင်တွက်ချက်ရပါတယ်။ အဲ့ဒီထဲမှာ interest rateက factor အများကြီး ထဲက တခုပါ။ ဆိုလိုတာ long term investment မှာ အဓိက က ဘယ်တော့ အရင်းကျေမလဲ ဆိုတဲ့ မဟာဗျူဟာ ချမှတ်ပြီး နည်းဗျူဟာ များဌာန အလိုက်ပြင်ဆင်ရပါတယ်။ တကယ်တော့ ရေးရင်တာ လွယ်တာပါ။ ကမ္ဘာ ရွှေဈေး နှုန်းနဲ့ မြန်မာ ငွေ နဲ့ ဒေါ်လာချိတ်ဆက်မူ့ နှုန်းထားက အင်မတန် ဖမ်းရခက်ပါတယ်။ မရိုသေ စကား ဗျ " အရူးမလင် "လုပ်ရတာမှ လွယ်ပါအုံးမယ်။ ဆရာကြီးမဟုတ်ပါဘူးဗျာ အယူအဆ မှားရင် ခွင့်လွှတ်ကြပါ။
Written By : Win Naing Soe
Photo Credit : aunews
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties