By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 13 February 2018
တိုက်ခန်း၊ ကွန်ဒို၊ အိမ်များကိုတည်ဆောက်ရာတွင် အနုပညာမြောက် ဗိသုကာ လက်ရာများဖြင့် အနောက်နိုင်ငံအများစုမှာ နေထိုင်မှုဘဝပုံစံကို ပုံဖော်ကြသည်။
ထိုအဆောက်အဦးများထဲမှ ချက်နိုင်ငံ၏ ကမ္ဘာပေါ်တွင် ထင်ရှားသော Dancing House အကြောင်းကို ဖော်ပြပေးလိုက်သည်။
Dancing House သည် ကမ္ဘာပေါ်မှာ အထင်ရှားဆုံး အဆောက်အဦး တစ်ခုဖြစ်သည်။ ထိုအဆောက်အဦးသည် ချက်နိုင်ငံ Prague မြို့တွင်တည်ရှိပြီး ဗိသုကာ ပညာရှင် Vlado Milunic နှင့် Frank Gehry တို့ကတည်ဆောက်ထားသည်။
Dancing House သည် ချက်နိုင်ငံ၏ သမိုင်းကို ထင်ဟပ်စေသော အဆောက်အဦး တစ်ခုဖြစ်သည်။ ၁၉၄၅ ခုနှစ် ဒုတိယ ကမ္ဘာစစ်အတွင်း အမေရိကန်က ယင်းအဆောက်အဦးကို ဗုံးကြဲ ဖျက်ဆီးခဲ့သည်။
၁၉၉၁ ခုနှစ်တွင် Dutch အာမခံ ကုမ္ပဏီက Dancing House ကိုတည်ဆောက်ရာတွင် အထောက်အပံ့ပေးရန် သဘောတူခဲ့ပြီး ဗိသုကာ ပညာရှင်တွေဖြစ်တဲ့ Vlado Milunic နှင့် Frank Gehry တို့က ၁၉၉၆ ခုနှစ်တွင် အပြီးသတ်တည်ဆောက်နိုင်ခဲ့သည်။
Photo Credit : afunfact
Written By : Win Kyaw Kyaw (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties